ကလေးနှစ်ယောက်ရှိပြီး နောက်တစ်ယောက်လောက် ထပ်ယူကြမယ်ကွာဆိုတဲ့ အဖေနဲ့အမေ ငါးမွှာပူးမွေးပြီး ကလေး ၇ ယောက်ဖြစ်သွား
| Chad (၃၆နှစ်) နှင့် Amy Kempel (၃၄နှစ်)တို့သည် California ပြည်နယ် Mountain View မြို့တွင်
အိပ်ခန်း ၃ ခန်းဖြင့် နေထိုင်ကြရသည့် ဇနီးမောင်နှံနှစ်ဦးဖြစ်သည်။သူတို့တွင် သမီးကြီး Savannah(၃နှစ်)
သမီးငယ် Avery(၁နှစ်)နှင့် ၄လသား ငါးမွှာပူးလေးများဖြစ်သည့် Lincoln, Noelle, Grayson, Preston
နှင့် Gabriella တို့ရှိကြသည်။
ငါးမွှာပူး လေးလသားလေးများကို ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကိုယ်
ဝန် ၂၇ ပတ်နှင့် ၃ ရက်အရတွင် Amy ၏ကိုယ်ဝန်အား ခွဲမွေးခဲ့ခြင်းဖြစ်သည်။ သည့်အရင်က အမွှာလေး
နှစ်ယောက်ဖြစ်သည့် Marshall နှင့် Spencer ကို မွေးဖွားခဲ့သော်လည်း ၂၂ ပတ်အရွယ် ၂၀၁၃ ခုနှစ် မေ
လတွင် ဆုံးသွားခဲ့ရသည်။
“သောက်ကြိုးနဲဗျာ”ဟုပြောပြီး Chad ကရယ်သည်။ “ကျွန်တော်တို့က မိသားစုဆိုတာ ကလေး
တွေရှိမှ ပျော်ဖို့ကောင်းတယ်ဆိုတဲ့ အတွေးရှိပါတယ်။ ဒါကြောင့် နေ့တိုင်းလဲဆုတောင်းခဲ့တယ်။ ခုတော့
တကယ်ရလာပြီပေါ့ဗျာ”ဟု ပြောသည်။
ဇနီးမောင်နှံသည် သူတို့အိပ်ခန်းအား အမွှာငါးယောက်အတွက် ဖယ်ပေးလိုက်ရသည်။ အမွှာငါး
ယောက်အတွက် တစ်နေ့လျှင် သေးခံ(ဒိုက်ဘာ) ၈၀ ခုအသုံးပြုရသည်။ တစ်လလျှင် ၂၄၈၀ ခုအသုံးပြု
နေရသည်။ မိဘနှစ်ဦးသည် တစ်နေ့လျှင် နို့ဘူး ၄၀ ဖျော်ရပြီး ၃ နာရီမှ ၅ နာရီကြားသာ အိပ်ကြရသည်။
“လျှော်ရတာတော့ လက်နဲ့ကိုမပြတ်ဘူး သူတို့က အင်္ကျီတွေပေါ် နို့တွေ အစာတွေ ထွေးထုတ်ကြ
တယ်။ အခုတော့ နည်းနည်းပိုအိပ်လို့ရပါပြီ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကဆိုရင် အိပ်ရတယ်ကိုမရှိပါဘူး။ ခု
တော့ ၅ နာရီလောက် အိပ်ရပါတယ်။ ကျွန်တော် သူတို့ကိုအလေအလွင့်မရှိအောင် ဂရုစိုက်မွေးမြူမှာပါ။
အရင်က မင်းကလေးငါးယောက် ယူမလားမေးရင် ဘယ်လိုဖြေရမယ်မှန်းတောင် ကျွန်တော်မသိဘူး။ အ
ခုတော့ ဘာကိုမှ စဉ်းစားချိန်တောင်မရှိပါဘူးဗျာ”ဟု Chad ကပြောသည်။
Amy သည် ကိုယ်ဝန်ဆောင်ရန်အတွက် IUI စနစ်ကို အသုံးပြုခဲ့သူဖြစ်သည်။ ၎င်းစနစ်မှာ သန္ဓေ
အောင်မြင်ရန်အတွက် အမျိုးသား၏သုတ်ပိုးကို အမျိုးသမီး၏သားအိမ်တွင်းသို့ တိုက်ရိုက်ထိုးထည့်ပေး
သည့် စနစ်ဖြစ်သည်။ ကလေးရရန် ယင်းစိတ်ကူးကို ပြီးခဲ့သည့်နှစ် ဇူလိုင်လလောက်မှ သူမလုပ်ဆောင်ခဲ့
ခြင်းဖြစ်သည်။ သြဂုတ်လကုန်၌ ကိုယ်ဝန် ၇ ပတ်ရှိသောအခါ သူမ၏ကိုယ်ဝန်မှာ ငါးမွှားပူးဖြစ်ကြောင်း
သိခဲ့ရသည်။
“ကျွန်မက မျိုးဥအားနည်းတယ်။ ဒါကြောင့် မျိုးဥအားဆေးတွေ သောက်ရတယ်။ ဒီစနစ်က ကလေး
တွေအများကြီးရအောင်တော့ လုပ်ပေးတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကတော့ အမွှာတွေရနိုင်တဲ့ ဖြစ် နိုင်ချေလည်း ရှိတယ်လို့ပြောတယ်။ ကျွန်မတို့ ဒီနည်းစနစ်နဲ့ အကြိမ် ၂၀ ကျော်လောက် လုပ်ခဲ့ကြတယ်။
အချိန်တိုင်းလည်း သူတို့ကသတိပေးတယ်။ ကျွန်မတို့အနေနဲ့ကတော့ တစ်ယောက်လောက်ရရင်ပဲတော်
ပါပြီလို့ တွေးခဲ့ကြတာပါ”ဟု သူမကပြောသည်။
သို့သော်လည်း သြဂုတ်လတွင် အာထရာဆောင်းရိုက်ကြည့်သောအခါ ငါးမွှာပူးဖြစ်ကြောင်း သိခဲ့ရ
သည်။ “ဆရာဝန်တောင် ပါးစပ်ပြဲသွားတယ်။ ပထမ သူက လေးယောက်ပဲထင်တာ။ နောက် သေချာစစ်
ဆေးပြီး ငါးယောက်လို့ပြောပါတယ်။ Amy ကတော့ ပထမ တစ်ယောက်၊ နှစ်ယောက် ပြောတုန်းက ပြုံး
နေပါတယ်။ နောက် သုံးယောက်လည်းဆိုရော မျက်ရည်စကျပါတယ်။ လေးယောက်လည်းကျရော သူ
တကယ်ငိုပါတော့တယ်”ဟု Chad မှပြောသည်။
ပထမပိုင်းမှာတော့ မိသားစုအနေနဲ့ သတင်းဆိုးတစ်ခုကဲ့သို့ ထိတ်လန့်ခဲ့ကြသည်။ “ကျွန်တော်တို့
အနေနဲ့ ကလေးတွေ အဖတ်တင်နိုင်မှာမဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်”ဟု Chad ကဆိုသည်။ ကိုယ်ဝန်
ပျက်ကျနိုင်ချေရှိကြောင်းလည်း ဆေးပညာရှင်များအကြား ပြောဆိုခဲ့ကြသည်။ သို့မဟုတ် လမစေ့ပဲမွေး
ဖွားလာနိုင်ပြီး ကိုယ်လက်အင်္ဂါ မသန်မစွမ်းမွေးလာနိုင်ချေလည်းရှိကြောင်း စိုးရိမ်ခဲ့ကြသည်။
“ဆရာဝန်တွေက ကလေးအရေအတွက် လျှော့ချဖို့အကြံပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က
ဘာပဲဖြစ်ဖြစ် ဒီအတိုင်းပဲမွေးမယ်လို့ပြောခဲ့ပါတယ်”ဟု Chad ကပြောသည်။
အဲဒီနောက်မှာတော့ ငါးမွှာပူးလေးတွေဟာ ဇန်နဝါရီလမှာ လူ့လောကထဲ ရောက်လာခဲ့ကြပါတယ်။
သူတို့ရဲ့ကိုယ်အလေးချိန်တွေကတော့ ၂ ပေါင်နဲ့ ၂ ပေါင် ၁၄ အောင်စ ကြားမှာရှိကြပါတယ်။ သူတို့ကို
ဆေးရုံမှာပဲ သုံးလလောက် ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။
ခုတော့ အိမ်ပြန်ခေါ်ခဲ့ပါပြီ။ Amy နဲ့ Chad တို့ရဲ့ အခန်းထဲမှာ နေရာချထားပေးခဲ့ကြသည်။ မိဘနှစ်
ပါးအနေနှင့် သမီးကြီး၏အခန်းသို့ ပြောင်းရွှေ့ခဲ့ပြီး သမီးနှစ်ယောက်ကတော့ အသေးဆုံးတစ်ခန်းထဲတွင်
အတူနေခဲ့ကြသည်။ သို့သော်လည်း မိသားစုမှာ ပျှော်ရွှင်နေကြပါသည်။
“Savannah က Lincoln ကို မှုန်တေတေကောင်လေးလို့ ခေါ်တယ်။ ဒါက ချစ်စနိုးနဲ့ခေါ်တာလို့
ကျွန်တော်ထင်ပါတယ်”ဟု Chad မှ မိသားစုနေထိုင်ပုံကို ပြောပြခဲ့သည်။