ကျွန်မကလေး သွားရည်အရမ်းကျတယ် စိုးရိမ်ရလား
|အမေးများသော မေးခွန်းဖြစ်၍ အခြေခံကျကျ သိနားလည်စေလိုပါသည်။
🔷(၁) သွားရည်ကျတာ ပုံမှန်ပဲလား?
ကျွန်မတို့ ပါးစပ်ထဲတွင် သဘာဝ အလျောက်ရှိသော တံတွေးအကျိပ်လေးများသည် အာခံတွင်း စွတ်စိုနေဖို့ တစ်နေ့မှာ ၅၀၀ မီလီလီတာမှ ၂ လီတာထိ (ရေသန့်ဗူးကြီး၂လုံးစာလောက်🔹
မွေးစမှ ၂ နှစ်ထိ ကလေးများတွင် ခံတွင်းနှင့် လည်ချောင်းထဲမှ ကြွက်သားများ အပြည့်အဝ မဖွံ့ဖြိုးသေးသည့် အတွက် များပြားလှသော သွားရည်ကို အကုန်မျိုချဖို့ရာ မစွမ်းဆောင်နိုင်ပါ။ ထို့ကြောင့် အပြင်ထွက်ကျလာသည်မှာ ပုံမှန်ပါ။ သွားပေါက်ချိန်တွင် သွားရည်ပိုကျခြင်းက ယာယီဖြစ်ပါသည်။🔹
🔷(၂) သွားရည်က ကောင်းကျိုးရှိစေလား?
-သွားရည်က သွား, သွားဖုံး ခံတွင်း ကျန်းမာရေးအတွက် မရှိမဖြစ်လိုသည်။🔹
-သွားရည်တွင် ပါးစပ်ထဲဝင်လာသော ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်သော ခုခံမှုပစ္စည်း IgA ပါရှိသည်။ 🔹
-အစာဝါးခြင်းကို လွယ်ကူစေသည်။🔹
-သွားရည်တွင် ကလေးဆို့သောနို့ကို ခြေဖျက်ပြီး အာဟာရဓာတ်ကို စုပ်ယူပေးနိုင်သည့် အစာခြေရည်ပါရှိသည်။🔹
🔷(၃) ဘယ်အချိန်မှာ စိုးရိမ်ရမလဲ?
📍၄ နှစ်ကျော်မှ သွားရည်လွန်ကဲစွာ ကျနေသေးရင် ဦးနှောက်ဖွံဖြိုးမှု ပုံမှန်မဟုတ်ပါ။ သို့သော် အနည်းစုသော ကလေးများဟာ ဦးနှောက်ပုံမှန်ဖြစ်သော်လည
📍ဘယ်အရွယ်ကလေးမဆို ရုတ်တရက် သီးပြီး သွားရည်ဆက်တိုက်ကျလျှင် အစာပြွန်ပိတ်ဆို့နေကြောင်း သတိပေးခြင်းဖြစ်သည်။ အရေးပေါ် ဌာန ခေါ်သွားပါ။
📍ရုတ်တရက် ဖျားပြီး အစာမစားပဲ သွားရည်ကျလျှင် ဆုံဆို့ နှင့် အခြားပိုးများ လည်ချောင်းထဲ ဝင်ရောက်နေတာဖြစ်နိုင်သည်။ အမြန်စစ်ဆေးကုသပေးပါ။
#နေနေမိုးဆွေ (Child Health Myanmar)
#naynaymoeswe