အိမ်မှာလုပ်တဲ့ CPကြက်အူချောင်း
|CP ကြက်ရင်အုပ်သား၂၀၀၀ဖိုး
အသားကိုကြိတ်စက်ထဲထည့်
ဆား ဇွန်းသေး၁ဇွန်း
သကြား ၁ဇွန်း
ပြောင်းကော်မှုန့် ဇွန်းသေး ၂ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
ကြက်ဥအကာ ၁လုံးထည့်ပြီး
ညက်နေအောင်ကြိတ်ပါမယ်နော်
ပန်းကန်ထဲထည့် ရေခဲသေတ္တာအခဲခန်းထဲနာရီဝက်ထ
ချက်ချင်းမလုပ်ဖြစ်သေးရင် အောက်ထပ်မှာပဲထားပါ
အသားကို ရေခဲသေတ္တာထဲထားထားတုန်း
ငှက်ပျောရွက်ကို ရေဆေး …
ခေါက်ရလွယ်အောင် အိသွားအောင် ရေနွေးထဲ ထည့်ပြုတ်ပါတယ် ..
ပြီးရင်ဆယ်ထားပြီးရေခြောက်ေ
တို့စားဖို့အချဉ်ရေဖျော်ထား
သံပုရာရေညှစ်ထည့်
ငါးငံပြာရည်ထည့်
သကြားထည့်
ဒါဆို ချဉ်ငံစပ်အချဉ်ရေလေးရပြီပေါ
ရေခဲသေတ္တာထဲနာရီဝက်ထားပြီး ကြိတ်စက်မှာ ထပ်မွှေပါမယ်
ဒီလိုအနေထားလေးထိ ညက်နေအောင်မွှေရပါမယ်နော်
ဆီသုတ်
ကြိတ်ထားတဲ့အသားထည့်
ခေါက်လိပ်သွားပါ
ဒီလိုလေး၂ဖက်ကိုစု လိမ်
တင်းတင်းလေး သရေကွင်းချည်
အကုန်လုပ်ပြီးရင် ပေါင်းပါမယ်နော် နာရီဝက်လောက်ဆို ကျက်ပါပြီ
ဓါးနဲ့ ပါးပါးလှီး
ဒါဆိုအိမ်မှာလုပ်တဲ့ CPကြက်အူချောင်းလေးရပါပြီနေ