သင်ကြားမှုပုံစံတစ်ခုရဲ့ Effects & Side Effect..(1)

ကစ်ကလေးတွက် မေမေရွေးမိတဲ့ သင်ကြားမှုပုံစံတစ်ခုရဲ့ Effects & Side Effect..(1)

ကစ်ကလေးတွက် ကိုယ်လေ့ကျင့်ပေးတဲ့ပုံစံက မိမိဘာသာလေ့လာစူးစမ်းသင်ယူမှုပုံစံလေးပါ…စပြီးမွေးကတည်းက နို့စို့ဖို့ကစ အိပ်ဖို့တွေကို သူသေချာထိတွေ့ခွင့်ပေးပါတယ်…
နောက်လမ်းလျှောက်တတ်ချိန်… သူခြေထောက်မခိုင်ချိန် လမ်းစမ်းချိန်မှာ ခဏခဏ ချော်လဲပါတယ်… အဲ့တော့ သူလဲရင် မနာအောင် အခင်းလေးတွေခင်းပေးထားပါတယ်… အခင်းတွေကျော်ပြီးသွားလို့ သူလဲရင် သူနာမှာကို သူ့ဘာသာသိစေပါတယ်… နာရင်လဲ ကျွန်မကို သူပြောတတ်သလိုလေးပြောအောင် သူပြောလာတဲ့အထိစောင့်ပြီးမှ Treatment တစ်ခုခုပေးပါတယ်(သူပြောတယ်ဆိုတာက ၀ူးဝူးဝါးဝါးလေးတွေပါ… သူလဲတယ်ဆိုလဲ အမေကတော့ ပြေးမထူပေမယ့် ဘယ်လာက်အတိုင်းအတာဆိုတာတော့ ကြည့်ရပါတယ်)သူချော်လဲရင် တော်ရုံဆို ထူမပေးပါဘူး… သူ့ဘာသာသူထစေပါတယ်… အဲ့လိုလေးတွေ သူ့ဘာသာလုပ်တယ်ဆိုရင်တော့ သူ့အတွက် ချီးကျူးပေး အသိအမှတ်ပြုပေးပါတယ်…အကျိုးဆက်က အပြင်သွားရင်လဲ သူချော်လဲမှာသူ့ဘာသာသူ သတိထားတတ်လာသလို သူ့အားသူကိုးပြီး သွားလာတတ်လာတာပါ… အပြင်သွားတိုင်း ချီပိုးရခြင်းကနေ သက်သာစေပါတယ်… မကြောက်တော့ပဲလျှောက်သွားတတ်နေတော့ လိုက်ဖမ်းရတဲ့ ဒုက္ခတော့ရှိပါတယ်… နောက်သူ့အင်္ကျီကလေးတွေ အသုံးအဆောင်လေးတွေကို သူ့ဘာသာရွေးစေပါတယ်… ဘာမ၀တ်ချင် ညာမ၀တ်ချင်နဲ့ ရစ်ခြင်းတွေကိုတော်တော်သည်းခံရပါတယ်…ခု၃နှစ်ကျော်ကျော်မှာ သင်ကြားတာလေူတွေကို တော်တော်လက်ခံနိုင်လာသလို တုန့်ပြန်မှုလေးတွေလဲ ရှိလာပါတယ်…ကစ်ကလေး အသိဥာဏ်တော်တော်များများမှာ ကျွန်မသိတဲ့အသိတွေ ပြောင်းမထည့်ပေးဖို့ သတိတော်တော်ထားရပါတယ်… ဥပမာအနေနဲ့ အင်္ကျီတစ်ထည်ရွေးခြယ်ဝတ်ရမယ်ဆိုပါစို့… ဒီနေ့မိုးအေးတာကြောင့် လက်ရှည်တာမျိုး နွေးထွေးတာမျိုးဝတ်ဖို့က ကျွန်မသိထားတဲ့အသိပါ… သူမလေး သိချင်မှသိမှာပါ… ကျွန်မလေ့ကျင့်ပေးတဲ့ပုံစံလေးက သူ့ကိုအရင်ရွေးစေပါတယ်… ပထမဆုံးအကြိမ်ကနေ ၃ကြိမ်မြောက်လောက်ထိ သူ့ကိုသတိပေးပါတယ်(မိုးရွာနေတယ်နော် အေးမယ်ထင်တယ်… ကစ်ရွေးတာက အဆင်ပြေပါ့မလားစဉ်းစားနော်…အစရှိသဖြင့်ပေါ့)၃ကြိမ် ၄ကြိမ်ဖြစ်လာရင် သူ့ကိုမပြောတော့ပါဘူး… သူ့ဘာသာရွေးတာ ၀တ်ပေးလိုက်ပါတယ်… သူကအေးတယ်ပြောလာမှ သူရွေးတာအဆင်မပြေဖြစ်ရတဲ့ အကြောင်းကို သူနားလည်သလိုလေးရှင်းပြပါတယ်… နောက်တစ်ခါဆိုပိုသတိထားဖို့ ပြောပါတယ်… အဲ့လိုလေ့ကျင့်ပေးတဲ့အကျိုးဆက်က သူ့ဘာသာသူရာသီဥတုလေ့လာတတ်လာပါတယ်… အေးတာပူတာခွဲခြားတတ်လာပါတယ်… အင်္ကျီအ၀တ်အစားတွေကို သူ့ဘာသူရွေးခြယ်ထည့်သိုတတ်လာပါတယ်… နောက်ဆက်တွဲ ကစားစရာဝယ်တာ အစားအသောက်စားတာတွေမှာပါ သူ့အတွက်သူ့ဘာသာ စဉ်းစားတတ်လာပါတယ်… ကျိုးကြောင့်သင့်လျော်မှုကို သူ့အရွယ်နဲ့သူနားလည်ပါတယ်…Side Effectကတော့ သူလိုချင်တာဆို အတင်းတောင်း ချော့တောင်းနည်းမျိုးစုံတောင်းပြီး ယူတတ်လာသလို… မလိုချင်တာဆို စူပုတ် စိတ်ကောက် ဆန္ဒပြတတ်လာပါတယ်…