Infant Vision ကလေးမြင်နိုင်စွမ်း

 

Infant Vision ကလေးမြင်နိုင်စွမ်း

ကလေးက ၁လခွဲးသားလောက်ရှိပြီး ကလေးက အခုထိအလင်းရောင်ကလွဲရင် တခြားအရာတွေကို မမြင်ရသေးဘူးလို့ ထင်နေပါသလား။ ကလေးတွေ အသက်ဘယ်နှစ်လလောက်မှာ စပြီး မြင်တတ် ကြည့်တတ်ပါသလဲ။ မျက်လုံးမှာ ပြဿနာတခုခုရှိခဲ့လျှင် အသက်ဘယ်နှစ်လတွင် ဘယ်လိုနည်းလမ်းများနှင့် စစ်ဆေး သိရှိနိုင်ပါသလဲ။

ကလေးတွေကမွေးလာပြီး မြင်နိုင်စွမ်းကို သင်ယူတတ်မြောက်လာကြတယ်။ မျက်လုံးကို စူးစိုက်ဘို့သင်ယူတယ်။ မိဘတွေကကူညီရမယ်။ ကိုယ့်ကလေးအခြေအနေကိုစောင့်ကြည့်ရမယ်။ လိုမယ်ထင်ရင် မျက်စိအထူးကုဆရာဝန်ကို ပြရမယ်။ ၆ လ ဆိုရင် မြင်နိုင်စွမ်း ပဌမအကြိမ်စမ်းလို့ရပြီ။ ငယ်တုံးမှာ ကြီးတဲ့ကလေးတွေလောက်မမြင်နိုင်ကြသေးပါ။ ဖွံ့ဖြိုးမှုမစုံသေးလို့ဖြစ်တယ်။

မွေးကနေ ၄ လအထိ
၃ လသားအထိ ၈ ကနေ ၁ဝ လက္မအထိ မျက်စိကို စူးစိုက်လို့မရသေးပါ။ အရောင်ကွပြားမှုများတာတွေကို ပိုပြီးအာရုံစိုက်မယ်။သူတို့အမြင်မှာ ကြည့်စရာ ၂ ခုကိုမခွဲခြားတတ်သေးပါ။ တခုခုကိုသာအာရုံစိုက်မယ်။ မျက်စိနဲ့ လက်လှုပ်တာကိုတွဲတတ်ဖို့သင်ယူလာမယ်။ ၈ ပတ်ဆိုရင် အမေအဖေမျက်နှာက်ုကြည့်တတ်လာပြီ။ တကယ်လို့ ကလေးမျက်စိက အနီးကိုအာရုံစိုက်လိုက် အဝေးဆီရောက်သွားလိုက်လုပ်တာ ဆက်တိုက်လိုဖြစ်ရင် မျက်စိဆရာဝန်ကိုပြပါ။ ရွေ့နေတဲ့အရာနောက်ကို ကလေးမျက်စိလိုက်ရွေ့တာကို ၃ လမှာတတ်လာမယ်။

၅ လ မှ ၈ လ
တိုးတက်လာပြီ။ အနီး-အဝေိးမှုလေးနက်လာပြီ။ မျက်လုံးနှစ်ခုလုံပူးတွပြီး သုံဖက်မြင်အစွမ်းရလာပြီ။ အရောင်လည်း ခွဲတတ်လာပြီ။ ဝမ်းလျှားထိုးသွားတဲ့ ၈ လမှာ ပိုတိုးတက်လာစေမယ်။မျက်စိ × လက် + ခြေ + ကိယ် ပူးတွဲလုပ်မယ်။

၉ လမှ ၁၂ လ
မျက်စိနဲ့လက်တွဲလုပ်တတ်လာပြီ။ မတ်တတ်ရပ်စပြုပြီ။ ၁ဝ လမှာ အရာဝတ္တုတွေကို လက်မ + လက်ညှိုးနဲ့ ကိုင်တတ်လာပြီ။ ၁၂ လမှာ ကလေးရဲ့ မျက်စိ + လက်တွဲလုပ်တာကို မိဘတွေကကူညီပေးသင့်တယ်။

၂ နှစ်
အရာဝတ္တုတွေနဲ့ ပုံတွေကိုခွဲခြားတတ်လာပြီ။ ကြည့်တာနဲ့ နားထောင်တာကို စိတ်ဝင်စားလာပြီ။

ကလေးငယ်လေးတွေမှာ မျက်စိအမြင်ပြဿနာရှိာ အတော်ရှားပါတယ်။ မျက်ရည်ကျတာများရင် မျက်ရည်ပြွန်လမ်း ပိတ်နေသလား၊ မျက်စိနီရဲနေရင် ပိုးဝင်သလား၊ မျက်စိစွေနေသလား၊ အလင်းရောင်ကို တခြားကလေးတွေလောက် မခံနိုင်ဘူးလား။ မည်းနက်နေရမယ့် သူငယ်အိမ်ကဖြူနေရင် ကင်ဆာလား။

creadit ဒေါက်တာတင့်ဆွေ