sweet corn + egg thick cream Recipe

🍨ပြောင်းဖူးကို ရေစင်စင်ဆေးပါ။
🍨Blenderသုံးချင်လျှင် ပြောင်းဖူးစေ့များဓားဖြင့်ခြစ်ပြီးblenderဖြင့်မွှေပါ။
🍨Blenderမသုံးလျှင် သဘောင်္ာခြစ်လို ခြစ် Graterဖြင့်ခြစ်ပါ။ခွက်ဖြင့်ခံထားပါ။
🍨ထွက်လာသောပြောင်းဖူးအနှစ်ကို စကာပြန်ချလျှင် အနှစ်ရည် သီးသန့်ရပါတယ်။
🍨ပြောင်းဖူးရည်ကို ရေနွေးလေးနည်းနည်းထည့်ကြို။
🍨ကြက်ဥလေးခေါက်ပြီးထည့်မွှေ။Cheeseကြိုက်လျှင်ထည့်လို့ရ။🍨ပျစ်လာလျှင်စားလို့ရပါပြီ
သမီးက ဒီအတိုင်းစားတဲ့အခါစားပြီး ပုစွန်တို့ကြက်သားလုံးတိုနဲ့ creamသဘောတို့စားတဲ့အခါစားပါတယ်။
🌹အချို့လည်းပြောင်းဖူးကိုပြုတ်ပြီးမှ အရည် ညှစ် ပါတယ်။
ဒီ နည်းကိုပဲ ကျဲကျဲလေး လုပ်ပြီး ဟင်းချိုသဘော soupလုပ်လို့ရသလို formulaထည့်ပြီး ပြောင်းဖူးရည် ၊formula milk ၊cheese ၊ကြက်ဥတို့ရောမွှေပြီး ခွက်မှာ ထောပတ်နည်းနည်းသုတ်ပြီး or သံလွင်ဆီလေးသုတ်ပြီး အရည်တွေထည့် ။အပြည့်မထည့်ပါနဲ့။ ပူစီဖောင်းတွေထရင် သွားကြားထိုးတံအသန့် သို့ ခက်ရင်းနဲ့ဖောက်ပစ်ပါ။ ခဲစက္ကူရှိရင်အုပ် မရှိလည်းရတယ်။ ခွက်ကို ထမင်းပေါင်းအိုးအပေါ်ဆင့်မှာစကာခံတင်။ပေါင်းအိုးထဲရေထည့်ပြီးပေါင်ရင် puddingရပါတယ်။