စီးလာတဲ့ကားကို ခဏရပ်ပြီး အဖွားအို လှေခါးတက်ဖို့  ကူညီပေးတဲ့ ဂျော်ဂျီယာက ၈ နှစ်သားလေး

ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် ၈နှစ်အရွယ်ကောင်လေး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက သူ့ တို့ ရပ်
ကွက်အတွင်းမှာရှိတဲ့ပေါ်လှေခါးတက်နေတာကို အချိန်မဆိုင်းဘဲကူညီပေးခဲ့ပါတယ်။

ဂျော်ဂျီယာက မောရစ်အက်ဒမ် ဂျူနီယာဟာ သူ့ မိခင် ကွန်ထရီကဟေးလ်နဲ့ အိမ်ကိုပြန်ဖို့  ကားအတူ စီးလာ
ရင်းသက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး လမ်းလျှောက်အကူနဲ့  လမ်းဖြတ်ကူးနေတာကို တွေ့ ခဲ့ကြပါတယ်။

သူ့ ရဲ့ သားဟာ အမျိုးသမီးကြီး တစ်ယောက်တည်း လှေခါးထစ်တွေကို တက်ဖို့ ကြိုးစားနေတာကို တွေ့ လိုက်
တာနဲ့ သူမကို သူအကူညီသွား ပေးလို့ ရမလားလို့ သူ့ ရဲ့မိခင်ကိုမေးခဲ့ပါတယ် ဆိုပြီး ဟေးလ် ကပြောပါတယ်။
သူကူညီနိုင်ဖို့ အတွက် သူမကားကိုရပ်ပေးခဲ့ပါတယ်။

ဘေးကနေ ကြည့်ရှုမှတ်တမ်းတင်သူ ရိုင်လီဒန်ကန် ရိုက်ကူးထားတဲ့ဗီဒီယိုထဲမှာ မောရီစ် က ထိုအမျိုးသမီးရဲ့
နောက်ကြောကိုကိုင်ပြီး သူမကိုပွေ့ ဖက်ခြင်းမပြုခင် လှေခါးတက်တာကို ကြင်နာစွာနဲ့ စောင့်ရှောက် ပေးသွား
တာကို တွေ့ မြင်နိုင်ပါတယ်။

“သူကားထဲကိုရောက်လာပြီးနောက် သူက  ‘သူမကပြောတယ် .. သားက ထူးခြားတယ်တဲ့’ ” ဟေးလ်က သူမ
သားအကြောင်းပြောပါတယ်။ “ဒါကအံ့သြစရာပါပဲ”

Grade – 3 ကျောင်းသားလေးက သူတစ်ပါးကို အမြဲတမ်းအကူအညီးပေးလေ့ရှိတယ် ဆိုပြီး သူ့ ရဲ့ မိခင်က
ပြောပါတယ်။

“Walmart မှာဆိုရင်လည်း လူတွေကို သူတို့ ရဲ့ ပစ္စည်းတွေ ကားထဲထည့်ပေးတာမျိုး အကြိမ်ပေါင်းမရေမ
တွက်နိုင်အောင် သူက ကူညီပေးတာ” ဆိုပြီး ဟေးလ်ကပြောပါတယ်။

“သူက တကယ်ကို ကြင်နာတတ်တယ်”

ဒန်ကန်ကတော့ ဒီကောင်လေးက အင်တာနက်ပေါ်တစ်ယောက်ဆိုတာ သိသွားတော့ မော်ရီးစ်ကို သူရဲ့ကြင်
နာ တတ်တဲ့လုပ်ရပ်အတွက် ဒေါ်လာ ၁၀၀ ဆုချခဲ့တယ်။

“ကျွန်တော့်ကို မျက်ရည်ဝဲစေတယ်” “သင်တို့  ကလေးငယ်တွေ အသက်ကြီးကြီး လူကြီးတွေကို ကူညီတာ
မမြင်တွေ့ ရဘူး။ ဒါဟာ အရမ်းကိုအံ့သြဖို့ ကောင်းတယ် သူ့ ရဲ့မေမေကလည်း သူကူညီနိုင်ဖို့ အတွက်ကားကို
ရပ်ပေးတာ” ဆိုပြီး ဒန်ကန်ကပြောခဲ့ပါတယ်။