ကလေးလေးမှာ သွေးလွန်တုပ်ကွေးဖြစ်မဖြစ်ဆိုတာ သိနိုင်ဖို့

မိုးရာသီမှာ ဂရုစိုက်ရမယ့် ရောဂါတွေထဲမှာ အရေးအကြီးဆုံး ဂရုစိုက်ရမယ့် ရောဂါကတော့ သွေးလွန်တုပ်ကွေးပါ။ သွေးလွန်တုပ်ကွေး ဖြစ်နေလား သိနိုင်ဖို့ ဖတ်ကြည့်ပါဦးနော်။

မေမေတို့ရေ သားသားမီးမီးလေးတွေဟာ မိုးတွင်းအချိန်အခါမှာ ကျန်းမာရေး ချူချာတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ မိုးရာသီမှာ ဘက်တီးရီးယားတွေ ပိုဖြစ်လွယ်ပြီး ခြင်အန္တရာယ်လည်း အရမ်းပေါများတာကြောင့်ပါ။ မိုးရာသီမှာ ဂရုစိုက်ရမယ့် ရောဂါတွေထဲမှာ အရေးအကြီးဆုံး ဂရုစိုက်ရမယ့် ရောဂါကတော့ သွေးလွန်တုပ်ကွေးပါ။ မေမေ့ကလေးလေး သွေးလွန်တုပ်ကွေး ဖြစ်နေလား သိနိုင်ဖို့ ဖတ်ကြည့်ပါဦးနော်။

သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်အမျိုးအစားကတော့

အေဒီးစ်ခြင်ဖြစ်ပြီး မနက်စောစောနဲ့ နေဝင်ခါနီး ညနေစောင်းအချိန်တွမှာ ကိုက်လေ့ရှိပါတယ်။ ဒီခြင်အမျိုးအစား ကိုက်မိတယ်ဆိုရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ချေ များပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်ခါစရဲ့ လက္ခဏာကတော့ အဖျားကြီးခြင်း၊ ကိုယ်ပူချိန်တက်ခြင်း၊ ပျို့အန်ခြင်း၊ အနီစက်တွေ ထွက်လာခြင်း၊ ကြွက်သားတွေ ကိုက်ခဲခြင်းတွေ ဖြစ်ပါတယ်။

ခြင် စတင်ကိုက်တဲ့ (၄) ရက်ကနေ (၇) ရက်အတွင်းမှာ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနိုင်ပြီး အရမ်းမဆိုးရွားဘူးဆိုရင်တော့  နောက်ထပ် တစ်ပတ်ဆယ်ရက်လောက်အတွင်းမှာ လုံးဝပြန်ကောင်းသွားမှာ ဖြစ်ပါတယ်။ ဒီရောဂါဟာ လူတစ်ဦးကနေ နောက်တစ်ဦးကို တိုက်ရိုက်မကူးစက်နိုင်ပါဘူး။ ရောဂါဖြစ်နေသူဆီက ဗိုင်းရပ်စ်ပိုးကို အေဒီးစ်ခြင်က သယ်ဆောင်ပြီး တခြားသူဆီဖြန့်ဝေပေးခြင်းကြောင့်သာ ကူးစက်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေး မဖြစ်စေဖို့အတွက်

ခြင်ထောင်နဲ့ သိပ်ပါ။ ရေတိုင်ကီတွေ၊ အုတ်ကန်တွေကို လုံအောင်ဖုံးအုပ်ပါ။ ဘုရားပန်းအိုးတွေကို နေ့စဉ်လဲပါ။ မြောင်းတွေထဲမှာ ခြင်ပေါက်ပွားတာ၊ ပိုးလောက်လန်း၊ ဥဥတာကို ကာကွယ်ဖို့အတွက် ငါးအသေးစားလေးတွေ မွေးမြူပါ။ မေမေတို့ သားသားမီးမီးလေးတွေကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်လေးတွေ အမြဲတမ်းနီးပါး ဝတ်ထားပေးပါ။ အရောင်တောက်တောက်လေးတွေ ရွေးဝတ်ပေးပါ။

သွေးလွန်တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာမို့  ပဋိဇီဝပိုးသတ်ဆေးတွေသောက်တွေ သောက်ရုံနဲ့တော့ ပြန်ကောင်းဖို့ မသေချာနိုင်ပါဘူး။ မေမေတို့ သားသားမီးမီးလေးတွေကို ရေဓါတ်မခမ်းခြောက်အောင် ကူညီပေးရပါမယ်။ ရေများများတိုက်တာ၊ ကောင်းကောင်းအနားယူခိုင်းတာ၊ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကိုသာ ကျွေးပေးပါ။

မေမေတို့ သွေးလွန်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေကို သိရပြီဆိုတော့ ကလေးတွေမှာ အဲဒီလက္ခဏာတွေ တွေ့ရပြီိဆိုတာနဲ့ ဆရာဝန်ဆီ အမြန်သွားပြပါ။

Credit : Kalay