မွေးကင်းစလေး (၁)လအရွယ်ရောက်ရင် ဘာကြောင့်ဆေးစစ်ဖို့ လိုတာလဲ

မွေးတုန်းက တခြားဆရာဝန်နဲ့မွေးပြီး (၁)လပြည့်ဆေးစစ်တဲ့အခါ နောက်ဆရာဝန်တစ်ယောက်နဲ့ ပြခဲ့တယ်ဆိုရင် မွေးတုန်းက ပေးထားတဲ့ ဆေးတွေ၊ ကုသမှုမှတ်တမ်းတွေကို ယူသွားပါနော်။

ပုံမှန်အားဖြင့် သားသားမီးမီးလေး(၁)လပြည့်တဲ့အခါမှာတော့ ဆေးခန်းပြသကြရပါပြီ။ မေမေတို့အနေနဲ့ ကလေးနဲ့နေရတာ အသားကျပြီး၊ ကလေးဟာ ကျန်းမာရေးကောင်းနေတယ်လို့ သိသည့်တိုင်အောင် ဆေးခန်းပြဖို့ အချိန်ပေးရပါလိမ့်မယ်။ ဆရာဝန်က ကလေးရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးပြီး ကလေးရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်အောင် ဆောင်ရွက်ပေးပါလိမ့်မယ်။ ကိုယ်အလေးချိန်မပြည့်ရင်လည်း ဘာတွေစားသင့်တယ်၊ ဖြည့်စွက်စာကျွေးသင့်တယ် စတဲ့ အကြံပြုချက်တွေပေးပါလိမ့်မယ်။ ကလေးကို ပြုစုသင့်တာတွေနဲ့ အသေးစားဖျားနာမှုလေးတွေကို သူက အကြံပြုပေးမှာ ဖြစ်ပါတယ်။  ချက်ကြိုးအခြေအနေနဲ့ ချက်ကြိုးကြွေသွားပြီဆိုရင်လည်း ချက်အနာကောင်းကောင်းကျက်ရဲ့လားဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။

ကျန်းမာရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ မွေးပြီးနောက်မှာ သားယောကျာ်လေးရဲ့ လိင်အဂါင်္ထိပ်ဖျား အရေပြားကို လှီးထုတ်ထားခဲ့မယ်ဆိုရင် အနာကောင်းကောင်းကျက်ရဲ့လားဆိုတာ ဆရာဝန်က သေချာစစ်ဆေးနိုင်မှာပါ။

အသည်းရောင်အသားဝါဘီကာကွယ်ဆေးထိုးသင့်ရင် ထိုးပေးမှာဖြစ်ပြီး၊ မွေးတဲ့အချိန်က  ပါဝင်လာတဲ့ ခေါင်းအုပ်ဆောင်းတွေနဲ့ ဒိုင်ပါကြောင့်ဖြစ်တဲ့ အပူလောင်တာတွေကို ဆရာဝန်က ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးရဲ့အိပ်တာ၊ စားတာ၊ မစင်စွန့်တာတွေကို လည်း ဆရာဝန်ကို သေချာပြောပြပါ။

မွေးတုန်းက တခြားဆရာဝန်နဲ့မွေးပြီး (၁)လပြည့်ဆေးစစ်တဲ့အခါ နောက်ဆရာဝန်တစ်ယောက်နဲ့ ပြခဲ့တယ်ဆိုရင် မွေးတုန်းက ပေးထားတဲ့ ဆေးတွေ၊ ကုသမှုမှတ်တမ်းတွေအားလုံးကို အခု ပြသမယ့်ဆရာဝန်ဆီယူသွားပါနော်။ ကလေးက ခေါင်းထောင်သလား၊ ဝမ်းဗိုက်မှောက်သလား၊ နဲနဲပဲအိပ်သလား၊ နို့စို့တာ လုံလောက်ပါ့မလား၊  မေမေတို့မျက်နှာနဲ့ သူနဲ့ ကပ်တဲ့အခါ သူက မျက်နှာကို သေချာကြည့်သလားဆိုတာတွေ ဆရာဝန်ကို သေချာပြောဖို့လိုပါတယ်။ နောက်ပြီး  မေမေတို့ကိုယ်တိုင် စိတ်ဖိစီးတဲ့ အကြောင်းအရာတွေကိုလည်း တိုင်ပင်ဆွေးနွေးလို့ ရပါတယ်။ ကလေးရဲ့ ကိုယ်အာဟာရအတွက် စိုးရိမ်တာ၊ ကျန်းမာရေး၊ မေမေတို့ရဲ့ စိတ်အခြေအနေ စတာတွေကို ဆရာဝန်နဲ့ ပြောပြဆွေးနွေးပါ။

From Kalay