မိုးတွင်းချိန်ခါ ကလေးတွေမှာဖြစ်တတ်တဲ့ အအေးမိခြင်း

သားသားမီးမီးလေးတွေကို အအေးမိဖျားနာခြင်းကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ နေမကောင်းနေတဲ့သူ ဒါမှမဟုတ် ဖျားနေတဲ့သူတွေ အနားမှာ မထားပါနဲ့။

နေမကောင်းနေတဲ့သူ ဒါမှမဟုတ် ဖျားနေတဲ့သူတွေ အနားမှာ မထားပါနဲ့ (photo: Young Parents)

မေမေတို့ရေ မိုးတွင်းအခါမှာ ကလေးတွေ အလွယ်အကူ ဖျားနာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် မေမေတို့လည်း စိတ်ညစ်ရမှာ သေချာပါတယ်။ ကလေးလေးတွေမှာ အအေးမိတာတွေ မဖြစ်စေဖို့ ကာကွယ်ခြင်းနည်းလမ်း၊ ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ကုသနည်းလေးတွေ သိထားသင့်ပါတယ်နော်။

သားသားမီးမီးလေးတွေကို အအေးမိဖျားနာခြင်းကနေ ကာကွယ်ချင်တယ်ဆိုရင်တော့

နေမကောင်းနေတဲ့သူ ဒါမှမဟုတ် ဖျားနေတဲ့သူတွေ အနားမှာ မထားပါနဲ့။ လက်ခဏခဏ ဆေးတတ်တဲ့အကျင့်လေး ကျင့်ထားပေးရင် ပိုကောင်းပါတယ်။ အစားမစားခင်၊ အိမ်သာသွားပြီးနောက်နဲ့ တိရိစ္ဆာန်တွေ ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့ သင်ပေးရပါမယ်။ ချောင်းဆိုး၊ နှာချေတဲ့အခါမှာ လက်ကိုင်ပဝါသုံးတတ်အောင်လည်း သင်ပေးထားပါ။ ပါးစပ်ထဲ လက်မထည့်ဖို့၊ မျက်လုံးတောက်လျှောက် မပွတ်နေဖို့လည်း သတိပေးရပါမယ်နော်။ မေမေတို့ အနေနဲ့လည်း ကလေးရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းနေအောင် ဂရုစိုက်ပါ။

ကလေးလေး အအေးမိ တုပ်ကွေးကူးစက်ခံရတယ်ဆိုရင်

(၁) ရက်ကနေ (၃) ရက်အတွင်း လက္ခဏာတွေ ပြတတ်ပါတယ်။ ကောင်းကောင်း အိပ်မပျော်ခြင်း၊ ဂျီကျနေခြင်း၊ နှာခေါင်းပိတ်နေခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အဖျားရှိခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊စပ်ခြင်း၊ မျက်ရည်ကျခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ မောပန်းလွယ်ခြင်းတွေ ပြတတ်ပါတယ်။

အရည်များများဝင်အောင် ရေ၊ ဓါတ်ဆားရည်၊ စွပ်ပြုတ်ပူပူနွေးနွေးလေး တိုက်ပေးပါ (photo:Young Parents)

ကလေးမှာ နေမကောင်းတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်

အရည်များများဝင်အောင် ရေ၊ ဓါတ်ဆားရည်၊ စွပ်ပြုတ်ပူပူနွေးနွေးလေး တိုက်ပေးပါ။ ဆေးလိပ်ငွေ့မရှူမိအောင် ထားပါ။ အိမ်ထဲကမိသားစုဝင်တွေရဲ့ဆေးလိပ်ငွေ့က အသက်ရှူလမ်းကြောင်းကို အခြေအနေပိုဆိုးစေနိုင်ပါတယ်။ စပ်ဆေးတွေ မတိုက်ဖို့လည်း အကြံဥာဏ်ပေးပါရစေနော်။ ကလေးက အဖျားကျဖို့အတွက် ဆရာဝန်နဲ့ မြန်မြန်ပြဖို့ လိုတယ်နော်။

အဖျားမဝင်ဖို့အတွက် အစားအစာတွေ ကျွေးတဲ့အခါမှာလည်း

သတိထားပေးဖို့ လိုပါတယ်။ ယင်နားစာတွေ၊ လက်သုပ်ချဉ်တွေ မကျွေးပါနဲ့။ အအေးမိဖျားနာ ဖြစ်နေတဲ့သူက နှာချေလိုက်မယ်ဆိုရင် ဗိုင်းရပ်စ်တွေ လေထဲကနေ ပျံ့နှံ့သွားနိုင်ပါတယ်။ အဲဒီလေကို ကလေးက ရှူရှိုက်လိုက်မယ်ဆိုရင် ကူးစက်နိုင်ပါတယ်။  နေမကောင်းဖြစ်နေသူက ကလေးကိုချီလိုက်မယ်၊ နမ်းလိုက်မယ်၊စသည်ဖြင့် ကလေးကို ထိတွေ့လိုက်တာမှန်သမျှအပြုအမူကနေ ကူးစက်နိုင်ပါတယ်။ လူလူချင်းတင်မကပါဘူး။ ကလေးရဲ့ကစားစရာ၊ အသုံးအဆောင်တွေကို သူကထိတွေမိခဲ့ရင်လည်း ဗိုင်းရပ်စ်ပျံ့နှံ့နိုင်ပါတယ်။

From Kalay with