ကလေးများအတွက် ABC ဟင်းရည်

ABC ဟင်းရည်
…………………….
ဒီဟင်းရည်မှာvitamin A,Bနဲ့ C တို့ပါဝင်တဲ့အတွက်ကြောင့် အလွယ်တကူပဲ A,B,Cဟင်းရည်လို့နာမည်တပ်ပါတယ်။ တနည်းအားဖြင့်Chicken stock အမျိုးအစားလုပ်လို့လဲရပါတယ်။ ကလေးတွေအတွက် ကိုယ်ခံအားတိုးစေတဲ့ဟင်းရည်အမျိုးအစားထဲမှာပါဝင်ပါတယ်။ ဟင်းရည်ကို ထမင်းနဲ့ တွဲစား၍သော်၎င်း၊ မြူ
စွမ် ချက်ရာတွင်၎င်း သုံးနိုင်ပါတယ်။ မြူ စွမ်အတွက်ဟင်းရည်လုပ်မည်ဆိုပါက. အဖတ်များကိုစစ်ထုတ်၍
ချက်နိုင်ပါတယ်။ ပါဝင်တာတွေကတော့
ကြက်ရိုး သို့မဟုတ် ကြက်သား ၁၅ကျပ်သား၊
သကြားပြောင်း ၂ဖူး၊ မုန်လာဥနီ ၂ဥ၊ အာလူး၁လုံး
နှင့်ကြက်သွန်နီ ၁လုံး တို့ပဲဖြစ်ပါတယ်။
ကြက်သားများကို ရေဆူဆူတွင် တခါထည့်ဆေးပေးပါ။ပြီးရင် အိုးကြီးထဲထည့်၊ အာလူး၊ ပြောင်းဖူး၊ မုန်လာဥနီ၊ ကြက်သွန်နီတို့ကို အခွံခွာပြီး အတုံးလေးတွေတုံးပြီးထည့်ပါ။ ရေကို အိုးရဲ့ ၃ပုံ၂ပုံ လောက်ထည့်ပြီး ၁နာရီခန့်တည်ထားပါ။ ဆီလုံးဝမထည့်ရပါ။ ချခါနီးမှ ဆား၊ ဟင်းခပ်မှုန့်နဲနဲ၊ နဲ့ ကော့ချိစေ့ခေါ်
Wolfberry စေ့ထည့်ပေးပါ။ Wolfberry စေ့များသည် မျက်လုံးအားကောင်းစေသောကြောင့် ဟင်းရည်ချက်ရာတွင်၎င်း၊ ရေနွေးဖျော၍၎င်း သောက်သုံးနိုင်ပါသည်။