Eczema (or) ကလေးနှင်းခူ

💌မင်္ဂလာပါ မေမေတို့ရေ….. 💗အခုတင်မယ့် post လေးကို “ကြုံဖူးမှသိ” လို့ခေါင်းစဉ်လေးပေးချင်ပါတယ်ရှင့်…. 💖အကြောင်းအရာကတော့ Baby Eczema ( ခေါ်) ကလေးနှင်းခူ နဲ့ပတ်သတ်တဲ့ အကြောင်းလေးပါရှင့်။ နို့ပွေးလို့လဲခေါ် သိကြပါတယ်ရှင့်။ကျွန်မသားလေးက eczema ဖြစ်တဲ့ ကလေးတစ်ယောက်ပါရှင့်။ ခုဆရာကောင်း၊ ဆေးကောင်းလေးနဲ့ တွေ့လို့ စိတ်ချမ်းသာ နေရပြီ ဆိုတဲ့ အကြောင်းလေး ဝေမျှပေးချင်လို့ပါရှင့်။ 💕သားသားလေးကို Pinlon ဆေးရုံကြီးမှာမွေးခဲ့တာပါရှင့်။ မွေးတုန်းက တော့ ဘာရောဂါမှ မပါဘူးဆိုပြီး အရမ်းပျော်ခဲ့ ပါတယ်ရှင့်။ သားသား တစ်လပြည့် ပြီးမှ ရောဂါလက္ခဏာ ပေါ် လာပါတယ်ရှင့်။ သားလေး ခေါင်းမှာ မှိုစွဲတယ်။ မျက်နှာ၊လည်ပင်း၊ လက်တကောက်ကွေး နဲ့ ပေါင်လေးတွေမှာ အနီကွက်လေးတွေ ပေါ်လာတယ်။ ကလေးက ကုတ်နေတယ်။ အိပ်တာအရမ်းနည်းလာတယ်။ ကော့ကော့ထိုးတယ်။ အဲ့လိုကနေ ရောဂါ စပြီး ပေါ်လာခဲ့ပါတယ်။အရေပြားလေးတွေကြမ်းလာတယ်။ ခေါင်းမှိုစွဲ လို့ ဆံပင်ဆို လက်နဲ့သက်လိုက်ရင်ကျွတ်ပြီး အသာလေးစွဲလိုက်ရင် အပြုံ လိုက်လေးပါလာတယ်။ ကျွန်မတို့ စပြီးစိတ်မောရတဲ့ အချိန်ပေါ့။ သားဦးဆိုတော့ နားမလည်ဘူးပေါ့ရှင်။ ခေါင်းကမှိုစွဲတာ ခုတောင်မျက်လုံးထဲပြန်မြင်ရင် အရမ်းကြောက်စရာကောင်းပါတယ်။ ကလေးဆရာဝန်နဲ့ပြပြီး ကုလိုက်တော့ မှိုစွဲတာ ပျောက်သွားပါတယ်။ဒါပေမယ့် အနီကွက်လေးတွေ ဖြစ်တာတော့ မပျောက်ဘူးရှင့်။ ခေါင်းကလည်း ပြန်ပြန်ဖြစ်တတ်တယ်လို့လဲပြောပါတယ်ရှင့်။ ကလေးကအရေပြားပါးလို့၊ အရေပြားမကောင်းလို့ ဖြစ်တာလို့ ပြောပါတယ်ရှင့်။ အရေပြားကေါင်းအောင် zinc ပါတဲ့ Zincovit အားဆေးပြောင်းတိုက်ခိုင်းပါတယ်ရှင့်။ ခေါင်းကို ၃ ရက်တစ်ခါလျော်ပေး၊ အရေပြားခြောက်လို့ ဖြစ်တာ Moisturizer ပါတဲ့ baby lotion လေးတွ လိမ်းခိုင်းပါတယ်ရှင့်။ကလေးကို ရေချိုးရင် ဆပ်ပြာ နည်းနည်းပဲ သုံးပါတဲ့ရှင့်။မိခင် အစားအသောက်တော့ မရှောင်ခိုင်းဘူးရှင့်။ကလေးအဟာရမပြည့်ဝမှာ စိုးလို့တဲ့ရှင့်။Babi mild ပန်းရောင် cream လေး ကိုနို့ပွေးပျောက်တယ်ပြောလို့ လိမ်းကြည့်တာ အစပိုင်းတော့ ပျောက်သွားလိုက် ပြန်ဖြစ်လိုက်နဲ့ နောက်တော့ ဆေးမတိုးတော့ပါဘူး။ ပြန်ပြန်ဖြစ်လို့ ဆရာဝန်ပြောင်းပြတော့လဲ baby lotion တွေညွှန်ပေးတယ်။ ဆေးလိမ်းခိုင်းတယ်။ဆရာဝန်စုံ ဆေးစုံ ပြီးခဏပဲဆေးတိုးပါတယ်။နောက်တော့ဘာဆေးလိမ်းလိမ်းမပျောက်တော့ပါဘူး။ပါးနှစ်ဖက်ဆို နီရဲလို့။လိမ်းဆေးတွေကလည်း လိမ်းလိုက်ရင် အနာပျောက်ပြီး အသားမှာအဖြူ ကွက်လေးတွေကျန် လို့ ခဏခဏဖြစ် ခဏခဏလိမ်းတော့ ကလေးအတွက်လဲစိတ်ပူလာတယ်ရှင့်။ Lotion ကျပြန်တော့လဲ aircon ခန်းထဲတော့ အဆင်ပြေပေမယ့် အခန်းပြင်ထွက်တာနဲ့ ကလေးကချွေးနဲ့ ကပ်စီး နေတာပဲရှင့်။မြန်မာနိုင်ငံလိုပူတဲ့ ရာသီဥတုနဲ့ Lotion နဲ့အဆင်မပြေဘူးရှင့်။ကလေးရောဂါကအပူကြောက်တယ်ဆိုတော့ march လမှာမွေးလို့ aircon ခန်းထဲကမထွက်ရဘူး။ အိမ်ကလဲ လေဝင်လေထွက်မရှိတော့ ပိုဆိုးတာပေါ့ရှင့်။ ကလေးဆရာဝန်အစုံကနေ မသက်သာလို့ အရေပြားဆရာဝန်ထိပါပြတော့လဲ ဆရာဝန်က ကလေးကငယ်တော့ ဆေးမပေးရဲဘူး။အယားသက်သာတဲ့ဆေးပဲပေးတယ်ရှင့်။ ပြဖူးတဲ့ဆရာဝန်တစ်ယောက်ကတော့ ပြောဖူးတယ်။ ဒီရောဂါက တစ်ချို့ဆို နိုင်ငံခြားထိသွားကုတယ်။ခဏပဲပျောက်ပြီးပြန်ဖြစ်တာပဲတဲ့။ ကျွန်မ မှာစိတ်ဓါတ်တွေလဲကျ ၊စိတ်လဲမောပေါ့။ ဆရာဝန်အစုံ၊ lotion အစုံ။lotion ဆို တစ်ဗူး တစ်သောင်းကျော်ပေးရတဲ့ Seba med lotion အထိပါသုံးဖူးပါတယ်။ကလေးပျောက်ဖို့ အရေးကြီးတယ်ဆိုပြီးတော့ပါ။ ဘာမှလဲ မထူးခြားခဲ့ပါဘူး။ အချိန်တွေကုန် ၊ငွေတွေကုန်ခဲ့တာ သားသား (၇) လအထိပါပဲ။ သူများကလေးတွေ ကမျက်နှာလေးကိုရှင်းလို့ ကျွန်မသားလေးမှာဖြင့် မျက်နှာမှာ အနီကွက်နဲ့။ ကလေး အမှတ်တရ ဓာတ်ပုံရိုက်ချင်ရင်တောင် အနာပျောက်တဲ့ခဏတာလေး မှာ မြန်မြန်ရိုက်ထားရတယ်ရှင့်။ အနာနဲ့ဆို မြင်ပြီးစိတ်မကောင်းဖြစ်လွန်းလို့ပါရှင့်။ ဘုရားရောက်တိုင်း သားလေးအနာပျောက်ပါစေ ဆုတောင်း၊ ဂုဏ်တော် ၉ ပါးအမြဲရွက်ပေးပါတယ်။အဲ့တာနဲ့ ဆရာကောင်းတွေ့ ခဲ့တယ်လို့ပဲပြောရမှာပေါ့ရှင်။ ဆရာကအရမ်းတော်တယ်တဲ့။ တူမလေးတစ်ယောက်ဆိုရင် ချက်ကမခြောက်ပဲ စိုစို နေလို့ ဆရာဝန်ကခွဲရမယ်ပြောတာ အဲ့ဒီ ဆရာဝန်ကြီးကုပေးလိုက်တာ မခွဲရပဲပျောက်သွားတယ်တဲ့။ အဲ့ဒီ ဆရာဝန်နဲ့ သွားပြကြည့်ပါလားတဲ့။ ကျွန်မလဲမျှော်လင့်ချက်နည်းနည်းလေးနဲ့ ပြခဲ့တာပါ။ မထင်မှတ်ပဲ သားလေးအနာတွေ ပျောက်ပြီး အအိပ်လဲမှန်လာတယ်ရှင့်။ ပြန်တော့ ဖြစ်ပေမယ့် အရင်လို မများတော့ဘူး။အကြာကြီးနေမှ နည်းနည်းပြန်ပြန်ဖြစ်ပေမယ့် စဖြစ်ဖြစ်ချင်း ဆေးလေးလိမ်းပေးလိုက်တာ ပျောက်သွားတာပဲ။ဆေးကလဲ ဝယ်ရလွယ်ပြီး တစ်ဗူး မှ ၅၀၀ ပဲရှိတယ်။ ခုထိတော့ အမြဲဆောင်ထားရတယ်။ဆေးက လိမ်းလိုက်ရင်လဲ အသားမှာ အဖြူကွက်မကျန်ဘူးရှင့်။ အနာနဲ့ ဆေးတည့်သွားလို့ ကလေးတွက်ဝမ်းသာရသလို ကျွန်မတို့ လည်း ဘယ်ဆေးခန်းမှပြစရာမလိုတော့ဘူးရှင့်။ သားလေးမျက်နှာလေး မှာ အနာတွေလဲမရှိတော့ဘူး။ အသားတွေလဲချောလာတယ်။ ဘယ် lotion မှလဲ လိမ်းဆရာ မလိုတော့ဘူး။Lotion ဗူးတွေ ခုထိအလကားဖြစ်လို့။တမာပင်သာကုန်သွားမယ် တမာရွက်ပြုတ်ရည်လဲ သုံးဖူးလို့ ဘာမှမထူးဘူး မေမေတို့ရေ။ ခုလို ပြောပြရတာက ကျွန်မသားနဲ ဖြစ်တဲ့ပုံစံချင်းတူမှဆေးကိုသုံးစေချင်လို့ပါရှင့်။ ဘယ်ဆေးပဲဖြစ်ဖြစ် ရမ်းသုံးတာ မကောင်းပါဘူးရှင့်။ဖြစ်နိုင်ရင်တော့ ဆရာဝန်ကို ကိုယ်တိုင်သွားပြစေချင်ပါတယ်ရှင့်။ ဆရာက လိမ်းဆေးရော၊ သောက်ဆေးပါ ပေးလို့ပါရှင့်။ ဆရာဝန်ပြလဲ တစ်ခါ ၊နှစ်ခါပါပဲ။မလိုအပ်ပဲ ထပ်မချိန်းဘူးရှင့်။ ဆေးခန်းက လူနာအရမ်းများပြီး ဆရာခရီးထွက်တဲ့အချိန်တွေ ပိတ်ထားတတ်လို့ ဖုန်းကြို ဆက်ပြီး booking ကြိုလုပ်ထားပြီးမှ သွားရင်ပိုကောင်းပါတယ်ရှင့်။ ဆရာကတော့ ကလေးဆေးကုနေတဲ့အချိန်အတွင်းတော့ ကလေးယားမှာစိုးလို့ ယားတတ်တဲ့ အစားတော့ရှောင်ခိုင်းပြီး ပျောက်သွားရင်တော့ ဘာမှ မရှောင်ခိုင်းပါဘူးရှင့် ။ အစားရှောင် ရှောင်၊ မရှောင်ရှောင် အနည်းငယ် ပြန်ပြန်ဖြစ်တာပဲမို့ ဘာမှမထူးခြားပါဘူးရှင့်။ နို့ တို့ ကြက်ဥတို့က baby လေးတွေရဲ့ အဓိက အစားအစာထဲမှာပါလို့ မရှောင်စေချင်ပါဘူးရှင့်။ ကျွန်မကတော့ နေ့တိုင်းကျွေးပါတယ်ရှင့်။ baby လေးတွေ ကိုအဟာရပြည့်ဝအောင်ကျွေးမှ ကျန်းမာပြီး ဥဏ်ရည်ထက်မြတ်သော၊ကိုယ်ခံအားပြည့်ဝကောင်းမွန်သော သားသား၊မီးမီးလေးတွေ ဖြစ်လာကြမှာပါရှင့်။ ဆေးခန်းပြခကတော့ တစ်သောင်းအထက်မှာ ရှိလို့ ရောဂါတူပြီး အဆင်မပြေတဲ့ မေမေ အတွက်လဲ အဆင်ပြေသွားအောင် ဆေး လေး တင်ပေးတာပါရှင့်။ဆေးခန်းလာပြတဲ့ မေမေတွေ ကိုမေးလိုက်ရင် “ကျွန်မကလေးကဘယ်မှာမှ မပျောက်ဘူး ဆရာနဲ့မှပျောက်တယ်”ဆိုတဲ့ စကားလေးတွေတော့ ကြားခဲ့ရပါတယ်ရှင့်။(ကျွန်မ ဆရာဝန်ကြီးနဲ့ ဘာမှမတော်စပ် သလို၊ ဆေးလဲ မရောင်းပါဘူးရှင့်)။ မသိသေးတဲ့ မေမေတွေ အတွက်ရည်ညွှန်းရေးသားခြင်းဖြစ်ပါတယ်ရှင့်။ကျန်းမာပြီး အနာရောဂေါ ကင်းသော သားသားမီးမီးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင့်။ 💖ကျေးဇူးရှင် ဆရာကြီးအား ကျန်းမာပြီး အသက်ရှည်ပါစေလို့ ဆုတောင်းမေတ္တာပို့သလျှက်….💖 💞DREAM IDEAS Online Shop💞 👍ကျွန်မရဲ့ စာစုလေးတွေကို သဘောကျရင်တော့ ယ္ခု Page လေးမှာ ဝင်ရောက်ဖတ်ရှုပြီး လွတ်လပ်စွာ share နိုင်ပါတယ်ရှင့်။ 📎https://m.facebook.com/story.php?story_fbid=126585784890093&id=100026160165225. 🙆ပုံလေးတွေကိုဘဝတူ မေမေတို့ အားမငယ်အောင်လို့ နိုင်ငံခြားက babyလေးတွေပုံတင်ပေးထားပါတယ်ရှင့်။အခြေနေအရမ်းဆိုးတဲ့ပုံတွေတော့ ကြည့်ပြီးစိတမကောင်းလို့မတင်ထားဘူးရှင့်။ဆေးအညွှန်းကိုတော့ ပုံအောက်မှာကြည့်ပေးနော်။