မွေးကင်းစလေးတွေမှာ အရိုးပျော့ရောဂါ မဖြစ်ရလေအောင်

လူ့လောကထဲရောက်အောင် မွေးဖွားပြီးပြီဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအစရှိသလို သူများကလေးတွေ တန်းတူ ကျန်းမာစေချင်၊ ပြည့်စုံစေချင်ကြတာချည်းပါပဲ။

အရိုးပျော့ရောဂါဆိုတာဟာ ကလေးတွေမှာ ရှိတဲ့ အရိုးတွေ ပျော့လာပြီး အားအလွန်နည်းတဲ့ ရောဂါတစ်မျိုးပါ (Photo: Today’s Parent)

မေမေတိုင်း ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို အမိဝမ်းထဲမှာ ရှိနေစဉ်အချိန်တည်းက ကျန်းမာစေချင်ကြတာပါပဲ။ လူ့လောကထဲရောက်အောင် မွေးဖွားပြီးပြီဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အစရှိသလို သူများကလေးတွေ တန်းတူ ကျန်းမာစေချင်၊ ပြည့်စုံစေချင်ကြတာချည်းပါပဲ။ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့် ကျန်းမာရေး ချို့တဲ့တာတွေ ရှိပါတယ်။ ကလေးလေးကျန်းမာစေဖို့အတွက် ကြိုတင်ကာကွယ်လို့ရမယ့် နည်းလမ်းတွေ မေမေတို့ လုပ်ဆောင်သင့်ပါတယ်။ ဒီအထဲမှာ အရိုးပျော့ရောဂါလည်း တစ်ခု အပါအဝင်ပါပဲ။ အရိုးပျော့ရောဂါ မဖြစ်ရလေအောင် ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

အရိုးပျော့ရောဂါဆိုတာဘာလဲ

အရိုးပျော့ရောဂါဆိုတာဟာ ကလေးတွေမှာ ရှိတဲ့ အရိုးတွေ ပျော့လာပြီး အားအလွန်နည်းတဲ့ ရောဂါတစ်မျိုးပါ။ ကလေးအသက်(၆) လကနေ (၃) နှစ်အတွင်းမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ ဒီရောဂါဟာ ဗီတာမင်D ဓါတ် အရမ်းနည်းတာကြောင့် အရိုးအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဖော့စဖော့ရပ် မရှိတာကြောင့် ဖြစ်တာပါ။ D ဗီတာမင်တွေ မပြည့်စုံဘူးဆိုရင် ကလေးရဲ့အရိုးက ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်တဲ့အပြင် အားနည်းပြီး ပျော့ပျောင်းသွားနိုင်ပါတယ်။

အရိုးပျော့ရောဂါ ဘာကြောင့် ဖြစ်ရတာလဲ

အရိုးပျော့ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဗီတာမင် D မလုံလောက်တာကြောင့် ဖြစ်ရတာပါ။ ဗီတာမင် D ဟာ ကယ်လ်စီယမ်နဲ့ ဖော့စဖော့ရပ်တွေကို အစာကနေစုပ်ယူနိုင်ဖို့ အဓိကကျတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ အကယ်လို့များ မေမေ့ကလေးလေးမှာ ဗီတာမင် D အပြည့်အဝ မရရှိခဲ့ဘူးဆိုရင် အရိုးပျော့ရောဂါ ဖြစ်နိုင်ပါတယ်။ ဗီတာမင် D ကို အစားအစာတွေကနေ ရရှိနိုင်တဲ့အပြင် နေရောင်ခြည်ဆီကနေလည်း ရရှိနိုင်ပါသေးတယ်။ မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ သက်သက်လွတ်စားခြင်းနဲ့ နို့မသောက်တာတွေကလည်း သန္ဓေသားလေးမှာ ဗီတာမင် ပြည့်ပြည့်ဝဝ မရတာ ဖြစ်နိုင်ပါသေးတယ်။ တချို့အခြေအနေမှာ အရိုးပျော့ရောဂါဟာ မျိုးရိုးအလိုက်ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။

တချို့အခြေအနေမှာ အရိုးပျော့ရောဂါဟာ မျိုးရိုးအလိုက်ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ် (Photo: Today’s Parent)

အရိုးပျော့ရောဂါ ရှိလာရင် ဘယ်လိုလက္ခဏာတွေ ပြမလဲ

အရိုးပျော့ရောဂါ ရှိနေမယ်ဆိုရင်

  • ကျောရိုးမကြီး၊ တင်ပါးဆုံးရိုးနဲ့ ခြေထောက်များ နာကျင်ခြင်း
  • လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်များ နာကျင်ခြင်း
  • ကြီးထွားမှုနှုန်း သိသိသာသာ နှေးကွေးခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • ခြေထောက်ရိုးလေးတွေ အပြင်ဘက် ထွက်နေခြင်း
  • အရိုးများအက်ခြင်း
  • သွားပေါက်မှု နှေးခြင်းတွေ မြင်ရမှာပါ။ ဒီအခြေအနေတွေမှာ ဆေးရုံ၊ ဆေးခန်း ချက်ချင်းပြပါ။

အရိုးပျော့ရောဂါကို ဘယ်လိုကာကွယ်မလဲ

အရိုးပျော့ရောဂါ မွေးရာပါ မဖြစ်ဖို့ဆိုရင်  ကိုယ်ဝန်ဆာင်နေစဉ်ကတည်းက ဗီတာမင်D ကယ်လ်စီယမ်နဲ့ ဖော့စဖော့ရပ်ပါဝင်တဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။ ဗီတာမင် D ကို ငါး၊ ကြက်ဥ၊ နွားနို့တွေကနေ ရရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက စားပါ။ မွေးဖွားလာပြီးပြီဆိုရင်တော့ မေမေ့နို့ချို လုံလုံလောက်လောက် တိုက်ရပါမယ်။ နို့ထဲမှာ ဗီတာမင်D  ပါဝင်ပါတယ်။ အာဟာရစုံစုံလင်လင် ကျွေးဖို့လိုပြီး ကလေးနေရောင်ခြည်ရဖို့လည်း ကြိုးစားပေးရပါမယ်။ ကလေးလေးရဲ့ လက်လေးတွေကို နေရောင်ခြည်နုနုနဲ့ ပေးပြီး ထိတွေ့တာမျိုး လုပ်ပေးရပါမယ်။ ဆရာဝန်နဲ့တိုင်ပင်တာမျိုး လုပ်ဆောင်ပါ။ ဒီတော့ ကလေးမမွေးခင်မှာ ဗီတာမင်D ပါဝင်အောင် စားပါ။ မွေးကာစမှာ နို့ရည်ထဲမှာ ဗီတာမင် D ပါအောင်လည်း စားပါ။ ကလေး ဖြည့်စွက်စာစားနိုင်ချိန်မှာ ဗီတာမင် D ပါတာကျွေးပါ။

 

From Kalay with