– ကစားစရာ ပစ်ပေါက်ရင်….
|– ကစားစရာ ပစ်ပေါက်ရင်….
*********************
စကားလုံးတွေအရမ်းမပြောတတ်သေ
ဥပမာ- မေမေ က က စာဖတ်နေလို့၊ စာရေးနေလို့၊ ဖုန်းဆက်နေလို့၊ ကလေးကို လျစ်လျူမိရင် ကလေးက မေမေ့ဆီကို အရုပ်နဲ့ ပစ်ပေါက်ပြီးမေမေ့ရဲ့ attention ကို ယူတတ်ပါတယ်။ တခါတလေ ကလေးက အမနဲ့ ဘောလုံးပုတ်တမ်းကစားချင်လို
တခါတလေ ကျရင် toddler တွေရဲ့ အပြုအမူကို တမင်လုပ်တာ၊ ဒီလို လုပ်တတ်တဲ့ ကလေးလို့ မသတ်မှတ်ဖို့ တော်တော် ခက်ပြန်ပါတယ်။ အထူးသဖြင့် toddler က မိခင်/ မောင်နှမ ကို ထိခိုက်လောက်အောင်လုပ်ရင် ၊ တကြိမ်ထက်ပိုလာရင် ပိုပြီး သည်းခံဖို့ ခက်တတ်ပါတယ်။ toddler က ပစ္စည်းပစ်ပေါက်၊ အသားနာအောင်လုပ်တဲ့ အပြုအမူကို မေမေတို့အနေနဲ့ စိတ်လှုပ်ရှားစွာ တုန့်ပြန်မိရင် အခြေအနေပိုဆိုးစေပြီး မေမေတို့ နောင်တရနိုင်တဲ့ တခုခုကို လုပ်မိနိုင်ပါတယ်။ ဒါဆိုရင် ကလေးကိုလည်း ထိခိုက်ပြီး ဆိုးကျိုးများတဲ့ အပြင် မေမေတို့ မကြိုက်တဲ့ ပစ်ပေါက်တဲ့ အပြုအမူက ပိုပြီးတော့တောင် ဖြစ်လာနိုင်ပါသေးတယ်။ မေမေတို့ ကစိတ်လှုပ်ရှား ဒေါသထွက်တာကို ကလေးတွေက သဘောကျပြီး သူတို့က ဒီအခြေအနေ မှာ သူတို့နိုင်တယ် မေမေကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ဒေါသနဲ့ ဖြေရှင်းရင် ပစ်ပေါက်တာက မရပ်ပဲ ထပ်ဖြစ်ဖို့များပါတယ်။
အပြုအမူကို တုံ့ပြန်မဲ့ အစား ကလေးက သူတို့ အကူအညီလိုလို့ မေမေ တို့နဲ့ communicate လုပ်တာလို့ သတိရပါ။ စိတ်မလှုပ်ရှားပဲ တည်ငြိမ်နိုင်သမျှ တည်ငြိမ်စွာ တုံ့ပြန်ပါ။ စိတ်မထိန်းနိုင်ပဲ မတည်ငြိမ်ဘူးဆိုရင် ချက်ချင်းမတုံ့ပြန်သေးပဲ မိမိကိုယ်တိုင် တည်ငြိမ်တဲ့အထိ စောင့်သင့်ပါတယ်။
ကလေး က block တွေ ပစ်ပေါက်တာဆိုရင် ” block က ဆောက်ဖို့ သမီးရဲ့ ပစ်ဖို့မဟုတ်ဘူးနော် ။ဒီလိုလေးတွေ ဆင့်ပြီးဆောက်တယ်။ မမကို မပစ်ရဘူး။ တူတူ ဆောက်ရအောင်” လို့ပြောပေးနိုင်ပါတယ်။ ဒီလိုပြောပေမယ့် မဆောက်ပဲ ဆက်ပြီး ပစ်ပေါက်နေမယ် ဆိုရင် block တွေကို ဖယ်လိုက်ပါ။ ပစ်ပေါက်ရတာမဟုတ်ဘူး ဆိုတာ မလိုက်နာရင် ကစားခွင့်မပေးဘူး ဆိုတာ ကလေးကို ပြသတာပါ။ ဘာမှ ထပ်ပြီး အများကြီးဆူစရာ မလိုပါဘူး။
ကလေးက အစားတွေ ညစာ စားပွဲမှာ ပစ်ပေါက်နေရင်လည်း ” အစားဆိုတာ စားရတာ။ ပစ်ပေါက်ရတာ မဟုတ်ဘူး။ ပစ်ပေါက်နေရင် မေမေ ဖယ်လိုက်တော့မယ် ” လို့ ပြောပြီး အစားကို ဖယ်လိုက်နိုင်ပါတယ်။ ပိုငယ်တဲ့ ကလေးဆို စကားအရှည်ကြီး သိပ်နားမလည်သေးရင် နည်းနည်းပဲ ရှင်းပြပြီး အမူအယာနဲ့ ပြသနိုင်ပါတယ်။ ကလေးက အရုပ်တွေကို တူတူဆော့နေတဲ့ သူငယ်ချင်း/ မောင်နှမကို ပစ်ပေါက်နေရင် ၊ တူတူ ကစားရတယ် အရုပ်ဆို ပစ်ရတာမဟုတ်ဘူးလို့ ပြောပေမယ့် ကလေးက မရပ်ဘူးဆိုရင်
” အင်း သားက ဒီနေ့ ခက်နေတာပဲ၊ မမ /
ဒီလို ပစ်ပေါက်နေတဲ့ အရာကို ဖယ်လိုက်ရင်၊ သိမ်းလိုက်ရင် ၊ ကစားနေရာက ခေါ်ထုတ်သွားရင် ကလေးတွေက ကြည်ကြည်သာသာ လက်ခံဖို့ဆိုတာ ရှားပါတယ် ။စိတ်တို၊ ဒေါသထွက် အော်ဟစ် ငိုတာများပါတယ်။ ဒီလို လက်မခံနိုင်စရာ အပြုအမူကြောင့် ငိုတာဆိုရင် သူတို့ စိတ်ပြေတဲ့ အထိ ငိုစေပြီး မေမေ က ဘေးနားလေးက ထိုင်စောင့်ပေးနေသင့်ပါတယ်။
စိတ်ပြေသွားတဲ့ အချိန်ကျမှ ကလေးကို ဖက်ထားပြီး သားလေး စိတ်တိုတာတွေ ပြေသွားပြီလား ဆိုပြီး ချော့ရင်း block တွေ အရုပ်တွေက ပစ်လို့မရဘူး။ ပစ်ပြီးဆော့လို့ရတဲ့ ဟာတွေက သက်သက်ရှိတယ်။ဥပမာ ဒီဘောလုံးလေးဆို ပစ်လို့ရတယ် ။ ခြင်းတောင်းလေးထဲပစ်လို့ရတယ
သူနဲ့ တူတူဆော့စေချင်လို့ attention လိုချင်လို့ ပစ်ပေါက်တာဆိုရင်တော့ ကလေးကို ဘယ်လိုပြောရတယ်ဆိုတာကို လေ့ကျင့်ပေးဖို့ လိုပါတယ်။ မေမေ က အိမ်သားတစ်ယောက်ယောက်/ မမ ကို ” မေမေ ပျင်းလို့ မေမေနဲ့ ကစားပေးပါ” လက်ကိုကိုင်ပြီး ပုခုံးကို ကိုင်ပြီး ” ဖေဖေ မေမေ နဲ့ ကစားပါ။ မေမေ ကစားချင်လို့” စသဖြင့် ကလေးရှေ့မှာ သူတွေ့အောင် အချင်းချင်းပြောပြီး ကလေးကို ဒီလို လိုချင်တာရှိရင် စကားနဲ့ပြောလို့ရတယ်ဆိုတဲ့ အကြောင်း သင်ပေးနိုင်ပါတယ်။
မေတ္တာဖြင့်
Yu ( နီတိုးလေးမေမေ)
၀၇/၀၁/၂၀၁၆