ပြည်ကြီးငါး အချိုကြော်ချက် (School or Work Lunch Box)

ပြည်ကြီးငါး အချိုကြော်ချက် (School or Work Lunch Box)
————————
ထမင်းဘူးလေးကတော့ ပြည်ကြီးငါးကို ရွှေပဲသီး၊ ၀က်သားပြားတို့နှင့် အချိုကြော်ထားတဲ့ ဟင်းလျာလေးပါ။ ပျားရည်ကြောင့် ချိုစိမ့်ပြီ ဟမ်အရသာကြောင့်ပါ ပိုမို ထူးခြားကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးရယ်…
————————
ပါဝင်ပစ္စည်းများ

• ပြည်ကြီးငါး – ၂၄၀ ဂရမ် (ရေစင်အောင်ဆေးပြီ အညှစ်အကြေးများ ဖယ်ထားပါ)
• ဟမ်(၀က်သားပြား) – ၄ပြား (အတုံးလေးများ လှီးပါ)
• ရွှေပဲသီး – ၁၅ခု (အညှာလှီးထားပါ)
• ဆား- လက်ဖက်ရည်ဇွန်း တ၀က်
• ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
• သကြား – လက်ဖက်ရည်ဇွန်း တ၀က်
• နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
• ငရုတ်ကောင်းမှုန့် – အနည်းငယ်
• ဂျင်း – ၅ပြား
• ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
————————
နုပ်ထားရန် ပါဝင်ပစ္စည်များ

• ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပေးပါ)
• ၀ိုင် – လက်ဖက်ရည်ဇွန်း တ၀က်
• နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
• ငရုတ်ကောင်းမှုန့် – အနည်းငယ်
————————
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ပြည်ကြီးငါးကို ဓားဖြင့် ပုံတွင်ပါသည့်အတိုင်း ကြက်ခြေခတ်ပုံ မွှန်းပေးပါ။

၂။ ပြီမှ ပြည်ကြီးငါး နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ဂျင်း၊ ၀ိုင်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပေးပါ။

၃။ ထို့နောက် ပွက်ပွက်ဆူအောင် တည်ထားသော ရေနွေးအိုးထဲ နုပ်ထားသော ပြည်ကြီငါးများကို ရေနွေးဖျော်ပြီ ပြန်ဆယ်ထားပါ။

၎။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ကာ ကြက်သွန်ဖြူ၊ ဘေကွန်များကို ကြော်ပေးပါ။

၅။ ထို့နောက်မှ ရွှေပဲသီး၊ ပြည်ကြီးငါး၊ ပျားရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် ထည့်ကာ ၁-၂ မိနစ်ခန့် ကြော်ပေးပါ။

၆။ ပြည်ကြီးငါး၊ ဟမ်အချိုချက်ကို ထမင်းဘူးထည့်လို့ ရပါပြီ…
————————
Wutyee Food House
————————