ကလေးသီးခြင်း

ကလေးများနှင့်ငယ်သောကလေးများသည်လူ့လောကအကြောင်းများစွာသိလိုကြသည်။ သူတို့ကအရာဝတ္ထုများကိုပါးစပ်ထဲ ထည့်တတ်ကြသည်။အထူးသဖြင့် တစ်နှစ်မှငါးနှစ်။ သို့သော် လေပြွန်မှာပိတ်ပြီး သီးတတ်သည်။ ကလေးကသီးနေပါက အရာဝတ္ထုတစ်ခုက လေပြွန်တွင်ပိတ်နေသည်ဟုဆိုလိုပြီး ချောင်းကောင်းကောင်းဆိုးက ပြန်ထွက်လာနိုင်သည်။ သီးခြင်းက ဦးနှောက်သို့ရောက်သော အောက်စီဂျင်ကိုဖြတ်တောက်လောက်နိုင်သောကြောင့် ရှေးဦးကုထုံးကိုတတ်နိုင်သမျှစောစောပေးသင့်သည်။

၁။ကလေးတွင်သီးခြင်းဆိုတာဘာလဲ။

သီးခြင်းသည် အရာ ဥပမာစကျင်ကျောက် ပုတီးစေ့ ကြယ်သီး ဘက်ထရီများလည်ချောင်းတွင်ပိတ်ပြီး ကလေးမှ အသက်ကောင်းစွာမရူနိုင်တော့ခြင်းကိုခေါ်သည်။

၂။ဘယ်အရာတွေကသီးခြင်းကိုဖြစ်စေသလဲ။

ကလေးသီးခြင်းဖြစ်စေသောအကြောင်းများစွာရှိသည်။ စားသောက်တာမြန်ခြင်း နှင့် အစာကိုကောင်းစွာမ၀ါးခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ မသင့်တော်သော သွားအတုကိုမြိုချမိခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။ သတိမေ့နေချိန် အန်ဖက်တို့ကိုရူသွင်းမိခြင်းကြောင့်လည်းဖြစ်နိုင်သည်။

ခေါင်းနှင့်မျက်နှာကိုထိခိုက်ခြင်း(ဥပမာ ယောင်ခြင်း သွေးထွက်ခြင်း သို့မဟုတ် ပုံမမှန်ခြင်းကြောင့်လည်းသီးခြင်းဖြစ်နိုင်သည်) လေဖြတ်ပြီး မြိုချရန်ပြသာနာများရှိပါကလည်းဖြစ်နိုင်သည်။

အာသီးကြီးခြင်း သို့မဟုတ် လည်ချောင်းရှိ အကျိတ်များကြီးခြင်းကြောင့်လည်းဖြစ်နိုင်သည်။အစာမြိုပြွန်ပြနာနာရှိခြင်းကြောင့်လည်းဖြစ်နိုင်သည်။

၃။ကလေးတွင်ဖြစ်သော သီးခြင်းလက္ခဏာတွေကဘာလဲ။

သီးသောကလေး၏အန္ဓာရာယ်ရှိသောလက္ခဏာများမှာ။ အသက်မရူနိုင်တော့ခြင်း အသက်ရူနေချိန် အသံထွက်နေခြင်းတို့ဖြစ်သည်။မငိုနိုင်ခ်ြငး သို့မဟုတ် အသံမထွက်နိုင်ခြင်း။ကလေးမျက်နှာလည်းပြာသွားခြင်းဖြစ်နိုင်သည်။သူ့လည်ပင်းကိုစုပ်ကိုင်ပြီး လက်ပြနေလိမ့်မည်။ တဖြည်းဖြည်းနှင့်သတိလစ်သွားနိုင်သည်။ မသက်သာသောအပြုအမူများရှိခြင်း သို့မဟုတ် စကားဆုံးအောင်မပြောနိုင်ခြင်းတို့လည်းရှိနိုင်သည်။ချောင်းဆိုးလွန်းပြီး မျက်ရည်များစိုလာခြင်းတို့ဖြစ်လာနိုင်သည်။

၎။ကလေးသီးခြင်းဖြစ်ပါက ဘာလုပ်သင့်သလဲ။

ကလေးကတစ်နှစ်အောက်ဖြစ်ပါက သင့်လက်ပေါ် မျက်နှာအောက်ကိုမူပြီးထားနိုင်သည်။လက်တစ်ဖက်ဖြင့် မေးရိုးကိုကိုင်ပြီးခေါင်းကိုထိန်းထားပါ။ထိုသို့ထိန်းထားခြင်းက သူ့ရင်ဘတ်အောက်ခေါင်းကိုရောက်စေသည်။ အားနေသောလက်နောက်တစ်ဖက်မှ ပုခုံးနောက်နှစ်ခုကြားငါးချက်လောက်မြန်မြန်လေးရိုက်နိုင်သည်။

ကလေးကအသက်မရူနိုင်သေးပါက ရင်ဘတ်ဖိိခြင်းကိုစပါ။ ကလေးကိုကိုင်ပြီး မျက်နှာအောက်မူပြီး ဦးခေါင်းကို ရင်ဘတ်အောက်ထားပါ။လက်ချောင်းနှစ်ချောင်းကို ရင်ဘတ်အလယ်တွင်ထားပြီး ငါးချက်ဖိပါ။နောက်ရိုက်ခြင်း ရင်ဘတ်ဖိခြင်းကို ကလေးလည်ပင်းထဲဝင်သွားသည့်ပစ္စည်းကိုမြင်ပြီး ထုတ်နိုင်သည့်အထိလုပ်ပါ။

တစ်နှစ်ထက်ပိုကြီးပါက ကလေးနောက်တွင်နေပြီး သင့်လက်ကိုသူ့ခါးနေရာတွင်ထားပါ။နံရိုအောက် ကလေးအစာအိမ်တွင်လက်မကိုထားပြီးလျင်မြန်စွာ စောင့်ပေးပါ။ ကြက်ခြေနီမှ ဗိုက်ကိုစောင့်ပေးခြင်းနှင့် အနောက်သို့ရောက်ခြင်းကို တလှည့်စီလုပ်ပြီး ပစ္စည်းထွက်လာသည်အထိလုပ်ပါ။ ကလေးကသတိမရပါက စီပီအာလုပ်ပါ။

လမ်းလျောက်တတ်သောအချိန် သို့မဟုတ် ကလေးကြီးဖြစ်ပါက ချောင်းဆိုရန်ပြောပါ။ ချောင်းဆိုးခြင်းက အရာကိုထွက်လာစေနိုင်သည်( အရာကိုမမြင်ရမချင်း ဖယ်ရန်မကြိုးစားပါနှင့်။ သီးနေလား ဟုမေးပါ။ကလေးကခေါင်းညိတ်ခြင်းသို့မဟုတ် ပြန်မပြောနိုင်က ကလေးကအကူအညီလိုနေခြင်းဖြစ်နိုင်သည်။

ကလေးသတိမေ့နေပါက လေပြွန်တွင်တခုခုပိတ်နေခြင်းကြောင့်ကလေးအသက်မရူနိုင်ပါက ၉၁၁ ကိုခေါ်ပါ။ တရွီရွီမြည်ခြင်း သို့မဟုတ် ပင့်ရူနေရခြင်းရှိပါက မငိုနိုင်ခြင်းစကားမပြောနိုင်ခြင်း သို့မဟုတ် အသံမထွက်နိုင်ခြင်း ပြာနှမ်းသွားခြင်း လည်ပြွန်တွင်အရာတစ်နေခြင်းရှိပါက ၉၁၁ ကိုခေါ်ပါ။

၅။သီးခြင်းကိုဘယ်လိုကာကွယ်မလဲ။

သီးခြင်းကိုကာကွယ်ရန် ကလေးအား အစာကို တဖြည်းဖြည်းချင်းကြေအောင်ဝါးစားရန်ပြောရမည်။သွားသင့်သောနေရာတွင်ရှိမရှိစစ်ဆေးပါ။သေးသောအရာများကို ကလေးများ နှင့်ဝေးသောနေရာတွင်ထားပါ။

ကလေးများက သီးခြင်းဖြစ်နိုင်သည်။ကောင်းမွန်စွာပြင်င်ထားပါ။ ဟန်းနစ်မန်နူဖာနှင့် စီပီအာ ကိုမိဘများ ကလေးထိန်းများ စောင့်ရှောက်သူများကတတ်ထားရန်လိုအပ်သည်။