ကလေးငယ် နေ့ဘက်အိပ်စက်ခြင်း
|ကလေးငယ် နေ့ဘက်အိပ်စက်ခြင်း
**************************
အိပ်စက်ခြင်းက ကလေး ကိုယ်ခန္ဓာ ကြီးထွားဖို့နှင့် ဦးနှောက်ဖွံဖြိုးဖို့အတွက်
(က) မွေးကင်းစ-၃လ ကလေးများ
မွေးကင်းစမှ ၃လထိ ကလေးများက ၁နာရီ ၁နာရီခွဲကြာ နိုးနေပြီးလျှင်အများအားဖြင
သူတို့ပင်ပန်းတဲ့အခါ ဘယ်လိုသိနိုင်မလဲ?
-နားရွက်ဆွဲခြင်း
-လက်သီးဆုပ်ခြင်း
-သန်းခြင်း
-မျက်တောင် တဖျတ်ဖျတ်ခပ်ခြင်း
-မျက်မှောင်ကြုတ်ခြင်း
-မှုန်ကုပ်ခြင်း
-လက်နဲ့ခြေထောက်တွေ တဆတ်ဆတ်လှုပ်ပြီး ကိုယ်ခန္ဓာကို ကော့လန်ခြင်း
-လက်ချောင်းလက်မစုပ်ခြင်းတိ
(ခ) ၃ လမှ ၁၂ လ ကလေးများ
၃ လ- ၆ လ: ၁ နာရီခွဲ-၃ နာရီကြာ နိုးနေရင်
၆ လ-၁၂ လ: ၂ နာရီ-၃ နာရီကြာ နိုးနေပြီးရင် ပင်ပန်းပြီမို့ အိပ်သင့်ပါသည်။
သူတို့ပင်ပန်းတဲ့အခါ ဘယ်လိုသိနိုင်မလဲ?
-အီခြင်း
-ဂျီကျခြင်း
-ငိုခြင်း
-သူတို့ကို အာရုံစိုက်အောင်လုပ်ခြင်း
-မေမေ့ကို တောက်တဲ့လို တွယ်ကပ်ခြင်း
-စားနေကျ ကျွေးရင် ငြင်းခြင်း
-ဆော့နေကျအရုပ်ကို စိတ်မဝင်စားခြင်းတို့ ပြသည်။
(ဂ) ၁နှစ်မှ ၅နှစ်ထိ ကလေးများ
မနက်ပိုင်း(သို့) နေ့လည်ပိုင်း အိပ်နေကျချိန် အိပ်ခွင့်မရရင် ပင်ပန်းနိုင်သည်။
သူတို့အရွယ်က စကားအတော်နားလည်ပြီမို့ အိပ်ချင်လားမေးပြီး ပေးအိပ်လိုက်ပါ။
^^~^^~^^~^^~^^~^^~^^~^^~^^
ပုံမှန်တွင် ကလေးတစ်ယောက် ၂၄ နာရီတွင်း စုစုပေါင်း အိပ်ချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
-မွေးစမှ ၄ ပတ်: ၁၅-၁၈ နာရီ
-၁လ မှ ၄ လ: ၁၄-၁၅ နာရီ
-၄လ မှ ၁၂ လ: ၁၂-၁၅ နာရီ
-၁နှစ် မှ ၃ နှစ်: ၁၀-၁၄ နာရီ
-၃ နှစ် မှ ၆ နှစ်: ၁၀-၁၂ နာရီ
-၇ နှစ် မှ ၁၂ နှစ်: ၁၀-၁၁ နာရီ
-၁၂ နှစ် မှ ၁၈ နှစ်: ၈-၉ နာရီ
နေနေမိုးဆွေ (Child Health Myanmar
Page)
Pictures- credits to Google
Reference- Raising Children Net