ဝက်နံရိုး အချိုဟင်း (Piggy Lunch Box)
|၀က်နံရိုး အချိုဟင်း (Piggy Lunch Box)
————————–
ဒါတစ်ခါတော့ Piggy ထမင်းဘူးလေးပါ။ သားသားမီးမီးတို့ ကြိုက်မယ့် ၀က်နံရိုး အချိုဟင်းလေးရယ်၊ ပြောင်းဖူးကြော်လေး တွဲဖက်ပေးထားပါတယ်။ အချိန်တိုတွင်းမှာပဲ ထမင်းဘူးလေးကို ပြင်နိုင်တာမို့ လုပ်နည်းလေး ကြည့်ရအောင်…
————————–
ပါဝင်သောပစ္စည်းများ
၁။ ၀က်နံရိုး – ၃၀၀ ဂရမ် (အတုံး ၂”လောက်အရွယ်တုံးပေးပါ)
၂။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ ကြက်သွန်ဖြူ – ၆မွှာ (နှုတ်နှုတ်ဆင်းပါ)
၅။ ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်ဆင်းပါ)
၆။ သကြား – စားပွဲတင်ဇွန်း တ၀က်
————————–
ချက်ပြုတ်နည်း
၁။ ၀က်နံရိုးကို (ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ သကြား) ထည့်နုယ်ပြီးလျှင် ရေခဲသေတ္တာထဲထည့် မိနစ် ၃၀ခန့် နုပ်ထားပေးပါ။ မချက်ခင် ၅မိနစ်ခန့် ရေခဲသေတ္တာထဲမှ ပြန်ထုတ်ထားပေးပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)ထည့် ကြက်သွန်ဖြူ၊ ဂျင်း ထည့် ၁မိနစ်ခန့်ဆီထိုးပေးပါ။
၃။ ထို့နောက် နုပ်ထားသော ၀က်နံရိုးများကို ဒယ်ထဲထည့် အညှိရောင်သန်းလာသည် အထိမွှေပေးပါ။
၎။ ပြီးလျှင် ၀က်နံရိုးမြုပ်သည်အထိ ရေထည့် မီးနည်းနည်းဖြင့် မိနစ်၂၀ခန့် တည်ထားပေးပါ။
၅။ ရေခန်းပြီး ဆီပြန်လာလျှင် နောက်တစ်ရေထည့်ပြီး အဖုံးအုပ်ထားပါ။ ၀က်နံရိုးနူးသည်အထိ တည်ထားပေးပါ။
၆။ ဆီပြန်လာလျှင် ကြက်သွန်ဖြူ (၃မွှာ) ကို အခွံနွာ အနည်းငယ်ထောင်း၍ အနံမွေးနေအောင် ထည့်ပေးပြီး နောက် တစ်ရေထပ်ထည့်ပြီး မီးပြင်ပြင်းဖြင့် မွှေပေးပါ။
ရ။ ဆီပြန်လာပြီး ဆိုလျှင် အနံအရသာ အလွန်ကောင်းသော ၀က်နံရိုး အချိုဟင်းရပြီ ဆိုလျှင် ပြောင်းဖူး ဆက်ကြော်ပါမည်။
————————–
ပြောင်းဖူးကြော်နည်း
၁။ အရင်ဆုံး ပြောင်းဖူး ၁ဖူးကို အိအောင် ပြုတ်ပေးပါ။ ပြီလျှင် ပြောင်းဖူးစေ့များ ချွေလိုက်ပါ။
၂။ ပြီမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ကာ ကြက်သွန်ဖြူ ဆီသပ်ပေးပြီ ပြောင်းဖူးများ ထည့်လိုက်ပါ။
၃။ အရသာအတွက် ခရုဆီ(စားပွဲတင်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့်၊ ရေ အနည်းငယ် ထည့်ကာ ဆီပြန်လာလျှင် ကြက်သွန်မြိတ်လေးများဖြူးလိ
၎။ ခု ၀က်နံရိုးအချိုဟင်းနှင့် ပြောင်းဖူးကြော်လေးနှင့် ထမင်းဘူးလေးကို ပြင်နိုင်ပါပြီ…
————————–
Piggy ထမင်းလုပ်နည်း
၁။ အရင်ဆုံး ထမင်းဖြူကို လက်ဖြင့် ၂လက်မရွယ်အလုံး လုံးလိုက်ပါ။
၂။ ပြီမှ ၀က်နားရွက်နှင့် နှာခေါင်းကို ၀က်သားပြား(ကြော်ပြီသား) ဖြင့် ပြုလုပ်ပါ။ မျက်လုံးအတွက် ရေညှိရွက်ကို အသုံးပြုပါ…
————————–
Wutyee Food House
————————–