ငါးအသားလွှာ အကြွပ်ကြော် နှင့် ကညွှတ် ထမင်းဘူး

ငါးအသားလွှာ အကြွပ်ကြော် နှင့် ကညွှတ် ထမင်းဘူး
————————–———-
ထမင်းဘူးတွင် ပါဝင်ပစ္စည်းများ

• ချက်ပြီသား ထမင်း – ၂ယောက်စာ 
• ရေညိုရွက် – ၁ရွက်
• ပြောင်းဖူး – ဖူးဝက် (ကျက်အောင် ပြုတ်ထားပေးပြီ ထပ်ခြမ်းခြမ်းပါ)
• အာလူးကြော် – တွဲဖက် သုံးဆောင်ရန်
————————–———-
ငါးအကြွပ်ကြော်တွင် ပါဝင်ပစ္စည်းများ
• ငါးအသားလွှာပြီသား – ၂၅၀ ဂရမ်
• ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းပါ)
• သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
• ဆား – လက်ဖက်ရည်ဇွန်း တ၀က်
• ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
• ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
• ဂျုံမှုန့် – ခွက်တ၀က်
• ပါမုန့်ခြောက် – ၁၀၀ ဂရမ်
• ဟင်းရွက်ဆီ – များများ
————————–———-
ကညွှတ်ကြော်တွင် ပါဝင်ပစ္စည်းများ

• ကညွှတ် – ၁စည်း (ရင့်တဲ့အပိုင်းကို ဖယ်ပြီ ၁လက်မခွဲအရွယ်များ ပိုင်းဖြတ်ထားပါ)
• ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းထားပါ)
• ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းပါ)
• ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
• ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
• ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
————————–———-
ငါးအကြွပ်ကြော်နည်း

၁။ ငါးအသားလွှာကို လက်ညှိုးချောင်းအရွယ်၊ ၂လက်မအရွယ်လေးများ ပိုင်းဖြတ်ပေးပါ။

၂။ ထို့နောက် ငါးအသားလွှာကို (ကြက်သွန်ဖြူ၊ သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့နဲ့ ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပေးပါ။

၃။ ပြီလျှင် အရင်ဆုံး ခွက်ထဲ ဂျုံမှုန့်ထဲပြီ ငါးအသားလွှာများကို ဂျုံကပ်ပေးပြီ လက်ဖြင့် အသာလေး လိပ်ပေးပါ။

၎။ ပြီနောက် ဂျုံကပ်ပြီသော ငါးအသားလွှာများကို ကြက်ဥခွက်ထဲ နှစ်စိမ်ပေးပါ။

၅။ နောက်ဆုံးမှ ပါမုန့်ခြောက်များ ကပ်ပေးပါ။

၆။ ထို့နောက်ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ငါးများ ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပြီ ဆီပြန်စစ်ထားပေးပါ။

ရ။ ငါးအကြွပ်ကြော်ရပြီဆိုလျှင် တွဲဖက်သုံးဆောင်ဖို့ ကညွှတ်ကြော်မှာ ဖြစ်ပါတယ်။
————————–———-
ကညွှတ်ကြော်နည်း

၁။ အရင်ဆုံး ကညွှတ်များကို ရေပွက်ပွက်ဆူအောင် အိုးထဲထည့်ပြီ ရေနွေးဖျော်ပေးပါ။

၂။ ပြီနောက် ဒယ်ထဲ(ဆီစားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၃။ ပြီမှ ကညွှတ်၊ ပုဇွန်ခြောက်၊ ဆား၊ ခရုဆီ တို့ကို ထည့် ၂မိနစ်ခန့် ရောမွှေပေးပြီ မီးပိတ်လိုက်ပါ။
————————–———-
ထမင်းဘူး ပြင်ဆင်နည်း

၁။ အရင်ဆုံး ချက်ပြီသား ထမင်းများကို ၂ပိုင်းခွဲပြီ ပလတ်စတစ်အကြည်ထဲ ထည့်လိုက်ပြီ စတုဂံ(လေးထောင့်) ပုံဖော်ပေးပါ။

၂။ ပြီမှ ရေညိုရွက်များ ပတ်ပေးပါ။

၃။ ပြီလျှင် ထမ်ငးဘူးထဲ ထမင်း၊ ကညွတ်ကြော်၊ ငါးအကြွပ်ကြော်၊ အာလူးကြော်၊ ပြောင်းဖူး တို့ကို ထည့်ပြီ စားချင်စဖွယ် ထမင်းဘူးလေးကို ရရှိပါပြီ…
————————–———-
Wutyee Food house
————————–———-