မိုးရာသီမှာ ကလေးအန္တရာယ်ကင်းအောင် ဒီလိုဂရုစိုက်ပါ

အန္တရာယ်ကင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ မိုးတွင်းရေစိုစိစိုစိမှာ ကလေးတွေဆီ ဘက်တီးရီးယား ပိုးမွှားကူးစက်ဖို့ အရမ်းလွယ်ပြီး ဖျားနာဖို့လည်း လွယ်ကူပါတယ်

ကလေးလေးကို ကျွေးမယ့် အစားအစာတွေကို သေချာ ဆေးကြောပါ  (photo: Where We Roam)

မေမေတို့ရေ မိုးရာသီမှာ ကလေးလေးတွေ အန္တရာယ်ကင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ မိုးတွင်းရေစိုစိစိုစိမှာ ကလေးတွေဆီ ဘက်တီးရီးယား ပိုးမွှားကူးစက်ဖို့ အရမ်းလွယ်ပြီး ဖျားနာဖို့လည်း လွယ်ကူပါတယ်။ ခဏခဏဖျားခြင်း၊ ခြေသည်းလက်သည်းငုတ်ခြင်း၊ ယားနာများဖြစ်ခြင်း၊ ဝမ်းလျှောခြင်း စတာတွေ အဖြစ်များပါတယ်။ ဒီလိုရောဂါ အခြေအနေကို ကာကွယ်ဖို့ဆိုရင် မိုးတွင်းမှာ ကလေးကို တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေ ပိုများပြီး ကူးစက်တာလည်း အရမ်းမြန်ပါတယ် (photo: Where We Roam)

တကိုယ်ရည်သန့်ရှင်းရေး

မိုးတွင်းမှာ သားသားမီးမီးလေးတွေ တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။ ရေပုံမှန်ချိုးပေးရမှာ ဖြစ်ပြီး ချိုင်းအောက်၊ လည်ပင်း၊ ပေါင်ကြားတဝိုက်တွေနဲ့ ကလေးကိုယ်ပေါ်မှာရှိတဲ့ အတွန့်အခေါက်လေးတွေမှာ ပိုပြီးဂရုစိုက်သန့်စင်ပေးပါ။ ကလေးကို ထိန်းပေးတဲ့သူ ကိုယ်တိုင်ကလည်း သန့်ရှင်းတဲ့အဝတ်အစားကို ဝတ်ဆင်ရမှာဖြစ်ပြီး ရောဂါကင်းစင်ရပါမယ်။

ရောဂါပိုးကာကွယ်ရန်

မိုးရာသီမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေ ပိုများပြီး ကူးစက်တာလည်း အရမ်းမြန်ပါတယ်။ မေမေတို့ ကလေးလေးကို ဖျားနေတဲ့သူတွေနဲ့ ခပ်ဝေးဝေးမှာ ထားပါ။ ကလေးနဲ့ ထိတွေ့တဲ့သူမှန်သမျှ သန့်ရှင်းဖို့ လိုပါတယ်။ ဈေးဝယ်စင်တာတွေလိုမျိုးနေရာတွေဟာ ရောဂါပိုးမွှားတွေရဲ့စုရပ်တွေဖြစ်ပြီး ကိုယ်ခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေအတွက် ဘာရောဂါမဆို ကူးစက်ခံရဖို့ လွယ်စေပါတယ်။မုတ်သုံရာသီအတွင်း လူထူထပ်တဲ့နေရာတွေကိုမသွားပါနဲ့။ မဖြစ်မနေသွားရမယ်ဆိုရင် လူပိုနည်းမယ့်နေရာကိုရွေးပါ။

အစားအစာနဲ့ မိုးရေ

မေမေတို့ ကလေးလေးကို ကျွေးမယ့် အစားအစာတွေကို သေချာ ဆေးကြောပါ။ မိုးတွင်းမှာ ဖြစ်နိုင်ရင် အပြင်က အစားအစာတွေ မကျွေးဘဲ အိမ်ကချက်တဲ့ အစားအစားတွေကို ကျွေးပါ။ ပူပူနွေးနွေးဖြစ်လေအန္တရာယ်ကင်းလေပါပဲ။ မိုးရာသီမှာ ပထမဆုံး စရွာတဲ့ မိုးရေကို ကလေးကို မထိပါစေနဲ့။ ပထမဆုံးမိုးရေမှာ အက်ဆစ်တွေ ပါလာနိုင်ပြီး ကလေးအရေပြားနုနုလေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။

ခြေထောက်သန့်ရှင်းရေး

မေမေ့ကလေးလေး ခြေထောက်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ရပါမယ်။ ဖိနပ်၊ ခြေအိတ်နဲ့ ခြေဖဝါးမှာ အမြဲတမ်း စိုစွတ်နေမယ်ဆိုရင် ကလေးတွေမှာ မှိုပေါက်ဖွားတာတွေ ဖြစ်စေနိုင်ပါတယ်။  ကလေးငယ်ရဲ့ခြေဖဝါး၊ ဖိနပ်နဲ့ခြေအိတ် တို့ကို ခြောက်သွေ့အောင်ထားပြီး အမြဲသန့်ရှင်းနေအောင် ထားရပါမယ်။

  • ကလေးကို မိခင်နို့ပဲတိုက်တယ်ဆိုရင် ရာသီဥတုပူလို့ပဲဖြစ်ဖြစ်၊ ကလေးရေဓာတ်ခန်းခြောက်မှာစိုးလို့ပဲဖြစ်ဖြစ် ရေထပ်မတိုက်ပါနဲ့။ ကလေးရေဆာတယ်ထင်ရင် မိခင်နို့ပဲတိုက်ပေးပါ။
  • ကလေးကို မိုးရေထဲ ထွက်မဆော့ပါစေနဲ့။
  • ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး  အအေးမိတုပ်ကွေးဆိုင်ရာ ဆေးဝါးတွေကို အိမ်မှာဆောင်ထားပါ။

မေမေတို့ရေ ကလေးလေးတွေ အန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးရမယ့် အပေါ်က အချက်လေးတွေကို ဂရုစိုက်ပေးပါ။

 

From Kalay with