ကြာစွယ်​ဟင်းရည်

ကြာစွယ်ဟင်းရည်
……………………....
ကြာစွယ်ဟင်းရည်သည် အပူဓာတ်လွန်ကဲခြင်းကို ထိန်းချုပ်ပေးနိုင်သော ဟင်းရည်တမျိုးဖြစ်သည်။
ကြာစွယ်ဟင်းရည်ချက်ရန် မြေပဲဆန် လက်တစ်ဆုပ်လောက်ကို ပွလာစေရန် ရေကြာကြာစိမ်ထားပါ။
ဝက်ရိုး ၁၅ကျပ်သားကို ရေဆူဆူမှာ ဆေးပစ်ပြီးအိုးထဲထည့်ထားပါ။ ကြာစွယ်ကြီးလျှင် ၂ဆစ်ကို အခွံခွာ ၊ရေဆေး၊ အကွင်းလိုက်လှီးထည့်ပါ။ မြေပဲဆန်ထည့်၊ ဇီးသီးခြောက်အနီ ၅ခုလောက်ထည့်၊ ရေ၃ပုံ၂ပုံခန့်ထည့်၍ ၁နာရီကြာတည်ထားပါ။ ရေခမ်းလျှင် ထပ်ဖြည့်ပေးပါ။ ချခါနီးမှ ဆား၊ ခရုဆီနဲနဲနှင့်ကော့ချိစေ့များထည့်ပေးပါ။မြေပဲဆန်ကို အရင်ဆေးပြီးမှစိမ်ပါ။ ပွလာလျှင် မြေပဲဆန်နှင့်အတူ စိမ်ရည်ပါ ထည့်ချက်ပါ။