ကလေးလေးတွေရဲ့ အသားအရေက နူးညံ့လွန်းတာကြောင့် အထိအခိုက်မခံပါဘူး။ ဒါကြောင့် နေ့စဉ်ဝတ်ပေးနေတဲ့ အဝတ်အစားတွေကို သတိထားပြီး လျှော်ဖို့ လိုပါတယ်။ အထူးသဖြင့် ဝါဂွမ်းပါဝင်တဲ့ အင်္ကျီတွေကို သတိထားပြီးလျှော်ပေးသင့်ပါတယ်။
နေ့စဉ်ဝတ်ပေးနေတဲ့ အဝတ်အစားတွေကို သတိထားပြီး လျှော်ဖို့ လိုပါတယ် (Photo by gettyimage)
မေမေတို့ ပြုလုပ်ပေးရမှာက
- ကလေးငယ်ရဲ့ အဝတ်အစားတွေကို ညွှန်ကြားချက်အတိုင်းလျှော်ဖို့လိုပါတယ်။ ကလေးငယ်တွေရဲ့ အဝတ်အစားတွေကို ဝယ်တဲ့အခါမှာ ဘယ်လိုလျှော်ရမယ်ဆိုတာ အညွှန်းပါပါတယ်။
- ပိုးမွှားတွေကင်းစင်စေတဲ့ ဆပ်ပြာမှုန့်ကို ရွေးချယ်ပေးသင့်ပါတယ်။ ကလေးငယ်တွေရဲ့ အဝတ်အစားအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာမှုန့်တွေလည်း ရှိပါတယ်။
- လူကြီးတွေအသုံးပြုတဲ့ ဆပ်ပြာမှုန့်တော်တော်များများက ပြင်းထန်ပါတယ်။ ပြင်းထန်မှုနည်းတဲ့ ဆပ်ပြာမှုန့်အမျိုးအစားကို ရွေးချယ်အသုံးပြုပေးပါ။ ဆပ်ပြာမှုန့်နဲ့ လျှော်ပြီးတဲ့အခါမှာ အဝတ်အစားကို ရေနဲ့ သန့်စင်အောင် ထပ်ခါထပ်ခါဆေးဖို့ မမေ့ပါနဲ့။
ကလေးငယ်တွေရဲ့ အဝတ်အစားတွေကို လျှော်တဲ့အခါမှာ အစွန်းဖျက်ဆေးတွေကို မသုံးမိဖို့ သတိထားပါ (Photo by gettyimage)
မေမေတို့ ရှောင်ကြဉ်ရမှာက
- ကလေးငယ်တွေရဲ့ အဝတ်အစားတွေကို လျှော်တဲ့အခါမှာ အစွန်းဖျက်ဆေးတွေကို မသုံးမိဖို့ သတိထားပါ။
- အရောင်ချွတ်ဆေးတွေကိုလည်း ရှောင်ကျဉ်ပါ။
- ကလေးငယ်အတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာမှုန့်အပျော့စားတွေကို တခြားဆပ်ပြာမှုန့်တွေနဲ့ ရောမသုံးပါနဲ့။
- အဝတ်အစားအသစ်တွေကို ချက်ချင်းဝတ်မပေးပါနဲ့။ လျှော်ပြီးမှ ဝတ်ဆင်ပေးပါ။
- တချို့အဝတ်အစားတွေမှာ ဓာတုပစ္စည်းတွေသုံးစွဲထားတာ ဖြစ်တာကြောင့် ကလေးငယ်ကို ချက်ချင်းဝတ်ပေးလိုက်မယ်ဆိုရင် အသားအရေနဲ့ ဓာတုပစ္စည်းထိတွေ့မှု ဖြစ်လာနိုင်တာကြောင့် လျှော်ပြီးမှ ဝတ်ပေးတာ အကောင်းဆုံးပါ။
ကလေးငယ်တွေရဲ့ အဝတ်အစားတွေအကြောင်း
- ကလေးငယ်ရဲ့ အဝတ်အစားတွေကို ခြောက်သွေ့အောင် လှန်းပြီးမှ သိမ်းဆည်းဖို့လိုပါတယ်။
- အဝတ်အစားပေါ်က အမွှေးအမျှင်တွေရှိနေတယ်ဆိုရင်လည်း ဖယ်ရှားပေးဖို့လိုပါတယ်။ ဒီအမွှေးအမျှင်တွေက ကလေးငယ်တွေရဲ့ နူးညံ့တဲ့အသားအရေကို ပွတ်တိုက်မှုတွေဖြစ်စေပြီး ထိခိုက်ဒဏ်ရာဖြစ်စေပါတယ်။
- တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေက ကလေးငယ်ကို နေထိုင်ရတာ ခက်ခဲစေတာကြောင့် လွတ်လွတ်လပ်လပ်ရှိစေတဲ့ အဝတ်အစားတွေကို ရွေးချယ်ပေးဖို့ လိုပါတယ်။
- အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေကိုသာ ဝယ်ယူပါ။ အရည်အသွေးညံ့တဲ့ အဝတ်အစားတွေက အချိန်ခဏသာ အသုံးပြုလို့ရတာကြောင့် အရည်အသွေးကောင်းတာကို ရွေးချယ်ပေးပါ။
အဝတ်အစားတွေက ကလေးငယ်တွေရဲ့ အသားအရေနဲ့ တိုက်ရိုက်ထိတွေ့နေတာကြောင့် မေမေတို့ သတိထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
From Kalay with