Mother love son

မေမေချစ်တဲ့သား
=========
လိမ္မာသိမြင် ပညာရှင်
သားလေး ဖြစ်စေချင်
နေ့စဉ်မှန်မှန် ကျောင်းကိုသွား
မေမေချစ်တဲ့သား။
လေးစားထိုက်တဲ့ မြတ်ဆရာ
သားလေးရိုသေပါ။
ဆရာပြောတာ ဂရုစိုက်
သားလေးစူးစူးစိုက်။
ငိုက်မနေနဲ့ သားလေးရာ
စာရေးစာဖတ်ကွာ။
တွေးပါမေးပါ စိတ်ဝင်စား
သားလေးစာကြိုးစား။
တရားနာတဲ့ အချိန်မှာ
သားလေးတရားနာ။
စာသင်ချိန်မှာ စာကိုချစ်
ဒါမှမေ့သားချစ်။
******************
( ဘုံကျော်ဆရာတော်)