ကလေးအမေကွယ်ရာမှာ ကလေးကိုပြင်းပြင်းထန်ထန်ရိုက်နှက်တဲ့ ရက်စက်တဲ့ ကလေးထိန်း

သူ့ အမေရဲ့ နွေးထွေးတဲ့လက်မောင်းထဲကနေလွတ်ရုံရှိသေးတဲ့ တစ်နှစ်သားလေး ဆက်တိုက်ငိုနေလို့ ဆိုပြီး
ရက်စက်တဲ့ကလေးထိန်းရဲ့ အရိုက်အနှက်ခံခဲ့ရပါတယ်။

အဲဒီဗီဒီယိုကတော့ တရုတ်နိုင်ငံလူနေတိုက်ခန်းတစ်ခုမှ ရိုက်ကူးထားထားတာဖြစ်ပါတယ်။ ပထမတော့ကလေး
ထိန်းက ကလေးကို တာဝန်ယူပြီး ကျောင်းသွားပို့ ဖို့ ဖြစ်ပါတယ်။

ကလေးက မရပ်မနားငိုနေရာကနေ သူ့ အမေကိုလက်ပြနှုတ်ဆက်ဖို့ ကြိုးစားနေတုန်းပဲ။ နောက်ပြီးတော့ သူ
ဓာတ်လှေခါးထဲမှာ ကလေးထိန်းရဲ့ စပြီးရိုက်နှက်တာကိုခံရပါတော့တယ်။

ဓာတ်လှေခါးတံခါးပိတ်သွားတာနဲ့  အမျိုးသမီးကချက်ချင်းသူ့ ရက်စက်ကြမ်းကြုတ်တဲ့အစစ်အမှန်မျက်နှာကို
လှစ်ပြလိုက်ပြီး ကလေးငယ်ကို ခြိမ်းခြောက်လိုက်ပေမယ့် ရလာဒ်ကောင်းမရသေးဘူး။ သူမက ကောင်လေးရဲ့ 
ဝမ်းဗိုက်ကို လက်သီးနဲ့ ထိုးနှက်လိုက်ပြီး ကလေးပိုပြီးပိုပြီးငိုလာအောင်လုပ်ပါတယ်။

အဲဒါပြီးတော့ ခန္ဓာကိုယ်ကိုတခြားဘက်လှည့်ပြီး ဆက်ရိုက်ပါတယ်။ ကလေးကို လက်တွန်းလှည်းထဲထည့်ပြီးတော့လည်း သူမ ကလေးဦးခေါင်းကိုဆက်ပြီးရိုက်နေပါသေးတယ်။
ကြည့်ရှုသူတိုင်း စိတ်ဆိုးစေတဲ့ အဲဒီမြင်ကွင်းကို ဓာတ်လှေခါးရဲ့ စောင့်ကြည့် ကင်မရာက မှတ်တမ်းတင်ထား
ကျေးဇူးတင်စရာပါပဲ။ တကယ်လို့ များ အဲဒီ ဗီဒီရို ကလစ်လေးကို ကောင်လေးရဲ့ မိဘတွေသာ ကြည့်မိမယ်ဆို
ရင်သူတို့ တွေ ဝမ်းနည်းပက်လက်ဖြစ်မှာ အသေအချာပါပဲ။