မိဘတွေ အိမ်မှာမရှိချိန် ၂ နှစ်နှစ်သားငယ်လေး ကိုယ့်ကိုကိုယ်သေနပ်နှင့်ပစ်မိပြီး သေဆုံးခဲ့ခြင်း

ကလေးငယ်တစ်ဦး မိသားစုရဲ့ သူငယ်ချင်း အုပ်ထိန်းမှု အောက်တွင်ရှိနေစဉ် ပစ္စတိုကို လက်ကကိုင်ပြီး သူ့ ရဲ့ ဦးခေါင်းကို သူကိုယ်တိုင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အသက်နှစ်နှစ်သားငယ်လေး ပစ္စတိုနဲ့ မိမိခေါင်းကိုမိမိ ပစ်မိပြီး သေဆုံးခဲ့ပါတယ်။
ဒီလို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်ဟာ California, Fresno ကယ်လီဖိုးနီးယား ဖရက်စနိုမြို့ မှာစနေနေ့ က ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ ကလေးငယ်ဟာသူ့ ရဲ့ နေအိမ်အိပ်ခန်းထဲမှာ ရှိနေခဲ့တာဖြစ်တယ်လို့ ရဲက ABC သတင်းဌာန KFSN ကို ပြောခဲ့ပါတယ်။
အဲဒီအချိန်မှာ ကလေးရဲ့ မိဘတွေကအိမ်မှာမရှိကြဘဲ မိသားစုရဲ့ သူငယ်ချင်းနှစ်ယောက်က ကလေးကို စောင့်ရှောက်နေတဲ့အချိန်ဖြစ်ပါတယ်။
“အခင်းဖြစ်တဲ့အချိန်မှာ လူကြီးနှစ်ယောက် ကလေးနဲ့ အတူ အိမ်ထဲမှာရှိနေခဲ့ကြပါတယ်။ သူတို့ နှစ်ဦး လုံးက ကလေးရဲ့ မိဘတွေမဟုတ်ကြပါဘူး” လို့ ရဲဌာန ဒုဗိုလ် ရော့ဘ်ဘက်ကပြောခဲ့ပါတယ်။
အဲဒီသေနပ်ပိုင်ရှင်ကဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ရဲတပ်ဖွဲ့ ကပြောပါတယ်။