မူးယစ်ဆေး ကြွေးမြီအတွက် သားကိုရောင်းစားတဲ့ တက္ကဆက်ပြည်နယ်က မိခင်
အင်္ဂါနေ့ က ကောပတ်စ် ခရစ်စတီမှ အသက် ၂၉ နှစ်အရွယ် အက်စ်မာရယ်ဒါဂါဇာကို  လွန်ခဲ့တဲ့အပတ် ကဖမ်းဆီးခံခဲ့ရတယ်လို့ တက္ကဆက်ပြည် သူ့ အန္တရာယ်ကင်းရှင်းရေးဌာနမှ ပြောကြားပါတယ်။
ကောပတ်စ် ခရစ်စတီကို ဖုန်းခေါ်ဆိုမှုအရ အမျိုးသမီးတစ်ဦးက ကောင်လေးကို ဒေါ်လာ၂၅၀၀ နဲ့ ဝယ် ယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူများကပြောကြောင်း တိုင်းစ်သတင်းဌာနက သတင်းပေးပို့ ထားပါတယ်။
ဂါဇာက သူမနှင့်သူမရဲ့ ယောက်ျားလေးသူငယ်ချင်းတို့  မူးယစ်ဆေးအကြွေး ပေးရန်ရှိနေခဲ့ပြီး အကြွေး ရှင်းလင်းရန်အတွက် အမျိုးသမီးတစ်ယောက်ထံ ကလေးငယ်အတွက် ဒေါ်လာ ၅၀၀ နှင့် အပိုဆောင်းဒေါ်လာ ၇၀၀ ကို “ထိန်းသိမ်းစောင့်ရှောက်ခွင့်စည်းမျဉ်းစည်းကမ်း”မှာလက်မှတ်ရေးထိုးပြီး ပေးခဲ့ပါတယ် လို့ ဖမ်းဆီး အစီရင်ခံစာမှ သိရှိရပါတယ်။
ပြည်သူ့ အန္တရာယ်ကင်းရှင်းရေးဌာန အေးဂျင့်မှ ကောပတ်စ် ခရစ်စတီမှာမူးယစ်ဆေးရှာဖွေအမိန့် စာအ တိုင်းလိုက်နာဆောင်ရွက်ခဲ့ပြီး အသက်၇နှစ်ကလေးရှိတဲ့နေရာကို ရှာတွေ့ ခဲ့ပါတယ်။
အသက် ၂ နှစ် နဲ့ သုံးနှစ် အရွယ်မိန်းကလေး နှစ်ဦးကိုလည်း ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့  အာ ဏာပိုင်များက ပြောကြားပါတယ်။