သစ်တောထဲမှာ ၉ နာရီကြာ ချန်ထားခံထားရပေမယ့် အသက်ရှင်လျက်ပြန်တွေ့ ခဲ့တဲ့ ၅ လသား ကလေး

၅ လအရွယ် ကလေး မွန်တာနာ montana သစ်တောထဲမှာ ချန်ထားခံ ရပေမယ့် ဘယ်လို့ မှ တွေးလို့ မရလောက်အောင်ဘဲ အသက်ရှင်နေခဲ့ပါတယ်။
ဖရန်ဆစ်ကာလ်တန် အသက် ၃၂ နှစ် ကိုတော့ သူ့ ရဲ့ အုပ်ထိန်းမှု အောက်မှာ ရှိနေတဲ့ကလေးကို တစ် ယောက်တည်းထားခဲ့ခြင်းကအန္တရာယ်ဖြစ်စေနိုင်တဲ့ ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တဲ့အတွက်ဖမ်းဆီးခံနေရပါတယ်။
မစ်ဆိုလာစီရင်စု အရာရှိရုံးက စနေနေ့ ည ၈နာရီ လောက်မှာ လူတစ်ဦး ထူးထူးဆန်းဆန်း လုပ်ဆောင် နေကြောင်း အကြေားကြားတဲ့ ဖုန်းလက်ခံ ရရှိခဲ့တယ်လို့ ပြောပါတယ်။ အခြားခေါ်ဆိုချက်ကတော့ အဲဒီလူဟာ လူတွေကို ခြိမ်းခြောက်နေကြောင်းဆိုပြီးတော့လည်း သတင်းပေးပို့ ပါတယ်။
ရဲအရာရှိတွေ ရောက်ရှိသွားချိန်မှာ ခရောလီ က အဲဒီနေရာကနေထွက်ခွာသွားပြီး သူ့ ရဲ့ စောင့်ရှောက်မှု ကနေစွန့် ခွာသွားခံရတဲ့ ၅-လသားလေးကတော့ “မတွေ့ တာနာရီပေါင်းများစွာကြပြီ” လို့ ရဲကပြောပါတယ်။
ရဲအရာရှိများက သတင်းပေးမှုအတွက်ကျေးဇူးတင်ကြောင်းနှင့် ခရောလီကိုရှာတွေ့ ခဲ့ပြီး  “မူးယစ်ဆေး သုံးထားပုံရပါတယ်”  ပြဿနာမရှိပါဘူးဆိုပြီး ပြောခဲ့ပါတယ်။ သူညွန်ပြခဲ့ပါတယ် ဒါပေမယ့် ကလေးကိုတော့ တောင်ရဲ့ တစ်နေရာရာမှာ မြုပ်ထားခဲ့ပုံရတယ် ဆိုပြီး  ရဲအရာရှိများက ပြောပါတယ်။
ရဲက ကလေးအတွက် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ ကို အလျှင်အမြန် စေလွှတ်ခဲ့ပါတယ်။ ခြောက် နာရီအကြာရှာပြီးနောက် လက်ထောက် အရာရှိမှ ကလေးငိုသံကိုကြားခဲ့ပြီး နောက်ပိုင်း “ တုတ်ချောင်း အပုံနဲ့ အမှိုက်သရိုက်တွေ အောက်မှာ မျက်နှာ အောက်ဘက်ကိုမှောက်လျှက်” မနက် ၂နာရီ မိနစ် ၃၀ မှာအသက်ရှင် လျှက်ရှာတွေ့ ခဲ့ပါတယ်။
ရဲတွေက ဒီကလေးဟာ သစ်တောထဲမှာ ပိုင်ရှင်မဲ့အနေအထားနဲ့ အနည်းဆုံး ကိုးနာရီလောက် ချန်ထား ခံရတယ်လို့ ယုံကြည်နေပါတယ်။
“ဒါက တကယ်အံ့သြစရာပါပဲ” ဌာနဆိုင်ရာများအတွက် လူထုသတင်းအချက်အလက်အရာရှိ ဘရန်ဒါ ဘက်ဆက် Brenda Bassett က InsideEdition.com ကိုပြောပြခဲ့ပါတယ်။ “တရားဥပဒေစိုးမိုးရေးအနေနဲ့  မကောင်းတဲ့ဇတ်လမ်းတွေ အကြိမ်ပေါင်းများစွာပြောရလေ့ရှိပြီး အဆုံးသတ်ကောင်းတဲ့ တစ်ခုတစ်လေတောင် မရှိပါဘူး”
ကလေးကို ဒေသတွင်းဆေးရုံကိုခေါ်ဆောင်သွားခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းပါတယ်။
“ဒီအဖြစ်အပျက်မှာရှိနေကြတဲ့ ရဲအရာရှိတွေအတွက်ကတော့ ဒီကလေးသေးသေးလေးက နောက်ဆုံ ၂၄ နာရီအတွင်း ကြံ့ကြံ့ခံနိုင်ပါ့မလားဆိုတာ သိနိုင်ဖို့ ခဲယဉ်းပါတယ်။”
ရဲအရာရှိ McDermott ကတော့ ရှာဖွေဖို့  ကူညီပေးတဲ့သူတွေနဲ့ ကလေးကို ဘေးကင်းအောင် ကူညီ ဆောင်ကြဉ်းပေးခဲ့သူတွေ၊ 911 ကိုခေါ်ပြီးပထမဆုံးသတိပေးတဲ့သူတွေကိုကျေးဇူးတင်ကြောင်း ဌာနဖေ့ဘွတ်  စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
ခရောလီအတွက် ပိုများတဲ့ စွဲချက်တွေထွက်လာဖို့ ရှိကြောင်းရဲကပြောပါတယ်။ သူ့ ရဲ့ ပထမဆုံး ရုံးချိန်း ကိုတော့ အင်္ဂါနေ့ မှာ သွားရောက်ရမှာဖြစ်ပါတယ်။