‘သကြားဟာ ကိုကင်းလိုပဲ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိတယ်’ လို့ ပြောပြီး ကလေးတွေကို မွေးနေ့ ကိတ် စားဖို့ တားမြစ်လိုက်တဲ့မေမေ

ကလေးအမေတစ်ယောက်သူ့ ရဲ့ ကလေးတွေကိုမွေးနေ့ ကိတ်ကစလို့ သကြားဆို နဲနဲလေးတောင်မစား ခိုင်းဘူးလို့ ရုပ်သံမှာ ထုတ်ပြောလိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
ကျွန်မတို့ အားလုံးသိထားတဲ့အတိုင်း အကြားအများကြီးစားတာ ကျွန်မတို့ အတွက် မကောင်းပါဘူး ဒါ ပေမယ့် ဟိုနားဒီနားက နည်းနည်းပါးပါးစားတာက ဘယ်သူကိုမှမထိခိုက်ပါဘူး။
ဒါပေမယ့် အမေတစ်ယောက်က ကလေးတွေသကြားစားတာဘေးအန္တရာယ်ရှိတယ်လို့ Good Morning Britain ရဲ့ အဝလွန်ခြင်းအကြောင်း ဒီဘိတ်မှာ ထုတ်ပြောခဲ့ပါတယ်။
အဟာရဗေဒပညာရှင် တိုနီယာဘတ်စ်တွန်က သူ့ ရဲ့ ကလေးတွေကို သကြားပါတဲ့မုန့် တွေစားဖို့ တား မြစ်ထားကြောင်း သောကြာနေ့ မနက်ကရုပ်သံအစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သူတို့ ကို ပါတီမှာမွေးနေ့ ကိတ် တစ်စိတ်လေးတောင် စားဖို့ ခွင့်မပြုထားပါဘူး လို့ သူမက ဆက်ပြောခဲ့ ပါတယ်။
အချိုတွေဟာ ကိုကင်းလိုပဲစွဲစေတတ်ပြီး လူငယ်တွေအာသာပြင်းပြင်းတောင့်တလာတဲ့ “ထိုးနှက်ချက်”ဖြစ်လာလိမ့်မယ် လို့ ကလေး လေးယောက်ရဲ့ မိခင်က ငြင်းခုံပြောဆိုခဲ့ပါတယ်။

“သကြားဟာ ကိုကင်းနဲ့ အကျိုးသက်ရောက်မှုအတူတူပဲဦးနှောက်ကိုထိခိုက်စေတယ်။ အဲဒါကိုကလေး တွေ တစ်ခါလောက်ပဲစားကြည့်လိုက် သူတို့ အရူးအမူးဖြစ်သွားပြီး သူတို့ လျှောက်ပြေးနေတော့မယ်။ နောက် ပြီးတော ပြန်လာပြီး ထပ်လိုချင်ကြမယ်”
“ရှင်တို့ လည်း နည်းနည်းမှ မစားလေ ကောင်းလေပဲ၊ နောက်ပြီး သင့်တို့ အတွက်ကောင်းမယ့် အခြား အရာတွေကိုပဲ စားကြပေါ့”
ဒီနေ့ ရဲ့ လူမှုအဖွဲ့ အစည်းမှာလူတွေဟာ ကျန်းမာရေးကောင်းစေတဲ့အခြားရွေးချယ်စရာ အများကြီးရှိနေ တဲ့အတွက် အသက်ရှင်နေထိုင်ဖို့ သကြားပါတဲ့ စားစရာတွေ စားနေဖို့ မလိုတော့ဘူးဆိုပြီး တိုနီယာက ငြင်းခုံ ပြောဆိုခဲ့ပါတယ်။

သကြားအသင့်အတင့်ပါတဲ့ အစားအစာ ကြိုကြားကြိုကြားစားတာဟာ ကလေးတွေအတွက်အဆင်ပြေ ပါတယ်ဆိုတဲ့ အဟာရဗေဒပညာရှင်ရဲ့ အမြင်ကို သူမသဘောမတူခဲ့ပါဘူး။
တယ်လီဗေးရှင်း ဒီဗိတ်နောက်ပိုင်းသတင်းအရ မိဘ ၁၀ ဦးမှာ ၁ ဦးက သူတို့ ရဲ့ ကလေးတွေ အဝလွန် လာမှာကို ကာကွယ်တဲ့အနေနဲ့ ပါတီတွေမှာမွေးနေ့ ကိတ်စားဖို့ ခွင့်မပြုကြတော့ပါဘူး။
GMB ကြည့်ရှုသူတွေဟာ တိုနီယာရဲ့ မှတ်ချက်တွေကို အလွန်စိတ်ဆိုဒေါသထွက်ပြီးနောက် တွစ်တာ ပေါ်ယူသွားကြပြီး သူတို့ ကိုယ်ပိုင်အမြင်တွေကိ ဖလှယ်ခဲ့ကြပါတယ်။
တစ်ယောက်ကတော့ “ဘုရားရေ တကယ်ကြီးလား?! ဒါတော့ရူးနေပြီပဲ! အရင်တုန်းက ဒီအချိုတွေနဲ့ပဲ ကြီးပြင်းလာခဲ့တာ နေ့ တိုင်းပုံမှန်စားနေတဲ့အစားအစာတော့မဟုတ်ဘူးပေါ့! ကလေးတစ်ယောက်အနေနဲကိတ် နဲ့ အချိုဆိုတာ သူတို့ အတွက်ပါတီသွားတုန်းစိတ်လှုပ်ရှားစရာတွေပါ။ အိမ်မှာတော့ နေ့ တိုင်းမကျွေးပါဘူး”
အခြားတစ်ယောက် ရေးထားတာကတော့ “အိုး..ဘုရားသခင် ဒီမိန်းမနဲ့ မှ ဒါတွေအားလုံးကြားလိုက်ရ တာပဲ”။ လူတွေကို သူ့ တို့ မိဘနဲ့ သူတို့ ကလေးဒီတိုင်းပဲထားလိုက်စမ်းပါ။ ကိတ်မုန့် စားပြီး ဘဝမှပျော်ပျော် နေလိုက်ပါ။ ဘုရားရေ သူသာငါ့အမေဖြစ်လို့ ကတော့!! ငြီးငွေ့ စရာကောင်းလိုက်တဲ့မိန်းမ”