နေလောင်ခံလူးဆေးနှင့် ဓာတ်မတည့်တဲ့အတွက် အပေါ်ယံအရေပြား အပူလောင်တဲ့ဝေဒနာ ခံစားရတဲ့ ၅ နှစ်သားလေး

နေလောင်ခံလူးဆေးကြောင့် ဓာတ်မတည့်ဖြစ်သွားပြီး အပေါ်ယံအရေပြားနာကျင်ပူလောင်ဝေဒနာ ခံစားခဲ့ရ တဲ့ ၅ နှစ်သားလေး သူ့ ကိုယ်ပေါ်မှာ တစ်သက်လုံးအမာရွတ်တွေနဲ့ နေသွားရနိုင်ပါတယ်။

ဆော့ဝေး၊ နယူးပို့ မှာမှာနေထိုင်တဲ့ ပြီးခဲ့တဲ့ သူ့ ရဲ့ဖခင် အက်ရှလေမာတင် အသက် ၂၃ နှစ်ဟာ ဘဏ်ပိတ် ရက်တနင်္လနေ့ မှာ သူ့ ရဲ့ သား အော်စကာ အပြင်မှာသွားမကစားခင် တက်စ်ကိုက ဝယ်လာခဲ့တဲ့ Bana Boat No tears SPF 50 နေလောင်ခံခရင်မ်လိမ်းပေးခဲ့ပါတယ်။

နှစ်နာရီနောက်ပိုင်း အော်စကာတစ်ယောက် အလွန်နာကျင်စွာနဲ့  “သားရဲ့ အရေပြားမီးလောင်နေပြီ” လို့ အော်
ဟစ်ကာ ပန်းခြံထဲမှအမြန်ပြန်ပြေးလာခဲ့ပါပြီး နောက်နေ့ နိုးလာတဲ့အချိန်မှာတော့ ၆ စင်တီမီတာ လောက်ရှိတဲ့ တစ်ကိုယ်လုံး မီးလောင်ဖုတွေအပြည့်ဖုနဲ့ အပြည့်ဖြစ်နေပါတယ်။ အရင်ဆုံး အော်စကာ အရေးပေါ်ဌာနကိုအ မြန်သွားပြီးနေလောင်ဒဏ်ကိုကုသမှုခံယူပြီးနောက်မှာမီးလောင်ဖုတွေပေါက်ထွက်ပြီး အရေပြားစတင်ကွာလာ တဲ့အတွက်ပူလောင်နာအထူးကုသဆောင်ကိုပြောင်းရွှေ့ ခဲ့ ပါတယ်။

အော်စကာ ပြင်းပြင်ထန်ထန် နာကျင်မှုဝေဒနာကို နှစ်ပတ်နီးပါးအချိန်ထိ ခံစားနေရပြီး အပြင်သွားရမှာကို ကြောက်ရွံ့ နေခဲ့ပါတယ်။

ဒေါသအမျက်ခြောင်းခြောင်းထွက်နေတဲ့ မစ္စတာမာတင်ဟာ Banana Boat သူ့ ရဲ့ နစ်နာမှုအတွက် တောင်းဆို တာကို လစ်လျူရှုတာခံခဲ့ရပါတယ်။ သူဟာ ကလေးအမေတွေကို အဲဒီတံဆိပ် သူတို့ ရဲ့ ကလေးတွေအတွက် မသုံးဖို့  တိုက်တွန်းပြောဆို ခဲ့ပါတယ်။

0710182 0710183

Banana Boat ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က  သူတို့ ကုမ္ပဏီဟာ နေလောင်ခံထုတ်ကုန်အတွက် အရည်အသွေး မြင့် မြင့်၊ ထိုက်တန်တဲ့ဈေနှုံးအတွက် လုံ့ လဝီရိယနဲ့ ကြိုးစားလုပ်ကိုင်ထားကြောင်း ပြောပါတယ်။ “မာမီ၊ ဒက်ဒီ သားအပူလောင်နေတယ်” ဆိုပြီးသူက ကြောက်လန့် တကြား နာကျင်စွာအော်နေခဲ့ပါတယ်။
မစ္စတာမာတင်က ‘ရာသီဥတုပူတဲ့ ဘဏ်ပိတ်ရက် တနင်္လနေ့ ကပေါ့။ ကျွန်တော်က အော်စကာ ပြေးမလာခင်
သူစားဖို့ အတွက် ဝက်ပေါင်ခြောက်အသားညှပ်ပေါင်မုန့် လုပ်နေခဲ့တာပါ’။

‘ “မာမီ၊ ဒက်ဒီ သားအပူလောင်နေတယ်” သူနာကျင်စွာအော်ဟစ် ငိုနေခဲ့တယ် ’ ။

‘ရက်အနည်းငယ်အကြာ သူ့ ကို ကလေးအနာသက်သာဆေး ကယ်ပေါလ် တိုက်တယ်၊ ရေအေးနဲ့ ရေချိုးပေး
ပြီး ဖလာမာဇင်ကရင်မ် လိမ်းပေးတာ တစ်ခုမှ ဘာတစ်ခုမှအကြောင်းမထူးဘူး’။

‘ခင်ဗျားတို့ ပဲ စဉ်းစားကြည့်ပါအုံး အဲဒီနေလောင်ခံလူးဆေးမှာ “Tear-free” နဲ့ SPF 50 ဆိုပြီးကပ်ထားတာ
ကြောင့် ဒါကတော့ကောင်းမှာပါဆိုပြီးတော့ ဒေါ်လာ ၁၀ ကို ဂရုမစိုက်ဘဲသုံးခဲ့တာပေါ့’။

‘သူတစ်သက်လုံး အမာရွတ်တွေကျန်နေတော့မှာပဲ။ ကျွန်တော်အရမ်းစိတ်ဆိုးတယ်’
မစ္စတာမာတင်သူ့ ရဲ့ သားနေလောင်ထားတာပဲလို့ တွေးတောရင်း ဒဏ်ရာသက်သာစေဖို့ အော်စကာရဲ့ နောက်
ကျောကို ရှားစောင်းလက်ပတ်အုပ်ပေးခဲ့တယ်။

မစ္စတာမာတင် အရေးပေါ်ဆရာဝန် (Emergency GP) ကို ဘွတ်ကင်လုပ်ပြီးနောက်တစ်နေ့ အော်စကာ နေ
လောင်ဒဏ်ရာကိုဆေးကုသမှုခံယူခဲ့ပါတယ်။ ဆရာဝန်က ထိခိုက်ထားတဲ့အရေးပြားမှတစ်ဆင့်ရောဂါမကူးစက်
စေရန်  flamazine cream လိမ်းရန်ညွှန်ကြားခဲ့ပါတယ်။

‘သူ့ ကိုကူညီပါအုံး၊ အပူလောင်နေပြီ’ လို့ နာကျင်အော်ဟစ်ရင်းအော်စကာ အဲသည်တစ်ညတာ ကုန်ဆုံးခဲ့ရတဲ့
အတွက် မစ္စတာမာတင် ဒုတိယ ဂျီပီတစ်ယောက် ထပ်ပြီးရက်ချိန်းယူခဲ့တယ် အဲဒီမှာ သူနာပြုက ရေအေးချိုးဖို့ 
နဲ့ အစိုဓာတ်ရတဲ့အလှဆီလိမ်းဖို့ အကြံပြုကြောင်း သူကပြောပြပါတယ်။

အော်စကာရဲ့ အပူလောင်ရေကြည်ဖုတွေ ပေါက်ထွက်သွားတော့ မစ္စတာမာတင် သူ့ ကို ဝေသီဘုရ် ဆေးရုံ
A&E ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီမှာ ဆရာဝန်က ကလေးငယ်ရဲ့  ဓာတုဓာတ်ပြုမှုကြောင့်ဖြစ် တဲ့အပေါ်ယံ
အရေပြားအပူလောင်နာကို ကုသေပေးပါတယ်။

အော်စကာ အချိန်အကြာကြီး ဆေးကုသမှုမခံယူခဲ့တဲ့အတွက် တစ်သက်လုံးအမာရွတ်ဖြစ်ကျန်ခဲ့မယ် လို့ ဆရာ
ဝန်ကသတိပေးခဲ့ပါတယ်။

‘ဂျီပီတွေတစ်ယောက်မှ အရေပြားစစ်ဆေးမှုမလပ်ကြတဲ့အတွက် သူတို့ ရှော့ခ်ရသွားတယ်’ ဆိုပြီး မစ္စတာမာ
တင်ကပြောပါတယ်။

‘နောက်ပြီးတော့ အော်စကာရဲ့ အပူလောင်ဒဏ်ရာတွေကို ဓာတုဓာတ်ပြုတာကိုကုတာ မဟုတ်ဘဲ နေပူလောင်
နာကိုကုသလိုကုပေးခဲ့တာကြောင့် သူ့ ပုခုံးတွေနဲ့ ကြောအောက်ဘက်တွေမှာ အမာရွတ်ကျန်နေခဲ့တော့မှာ။

ကျွန်တော်အရမ်းကိုစိတ်ဆိုးတယ်’‘သူအပြင်သွားရမှာကြောက်နေတယ်’‘သူ့ ရဲ့အချိန်တစ်ဝက်ကို အိမ်ထဲမှာပဲ
ကုန်ဆုံးခဲ့ တယ်။ သူနောက်ထပ်ဖြစ်မှာကြောက်ပြီး ပန်ခြံထဲကို တောင်မသွားရဲတော့ဘူး’ဆိုပြီး မစ္စတာမာတင်
က အော်စကာ ဘယ်လောက်တောင်တုန်လှုပ်ခြောက် ခြားခဲရတယ်ဆိုတာကိုပြောပြပါတယ်။

‘အော်စကာ တီရှပ်ကိုအမြဲတမ်းဝတ်ထားတယ်။ သူထိခိုက်လွယ်တဲ့အရေပြားထုတ်ကုန်တွေနဲ့ ရေကြက်သီးနွေး
ပဲချိုးရလို့ ရေကောင်းကောင်းကို အချိုးနိုင်သေပါဘူး’

‘ဒီတစ်ပတ် သူကျောင်းပြန်တက်ပြီး သူ့ ရဲ့ နေ့ လည်စာစားချိန် သူ့ ရဲ့ သူငယ်ချင်းတွေအပြင်ထွက်ပြီးကစားကြ
ပေမယ့် သူကတော့ အတန်းထဲမှာပဲအချိန်ကုန်ဆုံးတယ်’

‘ကျွန်တော် အဲဒီပစ္စည်းကိုမဝယ်ဖို့  မိဘတွေကို တိုက်တွန်းတယ်။ အခြားကလေးတွေ အော်စကာလိုအဖြစ်မျိုး
မမြင်ချင်ဘူး ’
ပြီးခဲ့တဲ့နှစ်ကလည်း ဟောက ကလေးမိခင် ကလယ်ရီတိုင်မန်က သူတို့ စပိန်ကို အားလပ်ရက်အပန်း ဖြေခရီး
ထွက် နေတုန်း သူ့ ရဲ့ Banana Boat ကြောင့် သူ့ ရဲ့ ကလေးတွေရဲ့ အရေပြား ‘ဝက်ပေါင်ခြောက်ကင်’ လိုမျိုး
တွေ ဖြစ်ကုန်တယ် လို့ ဆိုပါတယ်။

ညွှန်ကြားထားသူ SPF factor 50 Banana Boat UltraMist နေလောင်ခံလူးဆေးကို အကြိမ်ပေါင်းများစွာ
လိမ်းသော်လည်း သူမရဲ့ ကလေး လူဝီ ၉နှစ်နှင့် သမီး မီလီ ၁၃ နှစ်တို့ ကြောက်မတ်ဖွယ် အပူလောင် ခြင်းနဲ့ 
အတူ တစ်သက်လုံးစာအတွက် အမာရွတ်ကျန်ရစ်ခဲ့တာကို ကြုံတွေ့ ခံစားခဲ့ရတယ်။

‘ဒီအဖြစ်အပျက်ကိုကြားရတာ စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ ဖောက်သည်တစ်ယောက်ချင်းစီရဲ့ ပူပင်သော
ကကိုအလေးအနက်ထားပါပြီး အဖြစ်အပျက်အားလုံးကို ကျွန်တော်တို့ အဆက်အသွယ်ရတာနဲ့ စုံစမ်းစစ်ဆေး
မှုပြုလုပ်သွားပါမယ်’ဆိုပြီး Banana Boat ရဲ့ ပြောခွင့်ရှိသူကအော်စကာရဲ့ ဖြစ်ရပ်နှင့်ပတ်သက်ပြီးပြောပါတယ်။

‘ကျွန်တော်တို့ ရဲ့ နေလောင်ခံကာကွယ်သည့်ထုတ်ကုန်ကို အရည်အသွေးကောင်းကောင်း ကောင်းနဲ သင့်တင့်
မျှတတဲ့ဈေးနှုန်းနဲ့ ပေးနိုင်ဖို့ ကြိုးကြိုးစားစားလုပ်ထားပြီး မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မဆို နေလောင်
ခြင်း သို့ မဟုတ် ကျွန်တော်တို့ ထုတ်ကုန်ကိုအသုံးပြုလို့ တန်ပြန်အကျိုးသက်ရောက်မှု ရင်ဆိုင်ရမှာကို ကျွန်
တော်တို့ အလွန်ကို စိုးရိမ်ပူပန်ပါတယ်။’

‘ကျွန်တော်တို့ ထုတ်ကုန်တွေဟာ ဥရောပသမဂ္ဂဥပဒေအတိုင်းအသုံးချသည့် လွပ်လပ်ပြီး အရည်အချင်းပြည့်မီ
တဲ့ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားပြီး၊ အခြားအစိုးရအေဂျင်စီများ စမ်းသပ်သည့်နည်းလမ်းများပြီး နောက်ရလာဒ်
ရဲ့အရည်အသွေးကိုစနစ်တကျပြန်လည်သုံးသပ်ပါသည်။’