က​လေးငယ်​များ ခုခံအား​ကောင်းပြီး သန်​မာထွားကျိုင်း​စေရန်​ သဘာဝအားဖြည့်​ ​ရေမုန်​လာဟင်းရည်

ရေမုန်လာဟင်းရည်
……………………..…….
ရေမုန်လာရွက်တွင် အအေးမိခြင်းအား ခုခံကာကွယ်နိုင်သော ဓာတ်များပါဝင်ပါတယ်၊ ဝက်ရိုး၁၅ကျပ်သားကို
ရေဆူဆူဖြင့်ဆေး၍ အိုးထဲထည့်ပါ။ ရေကိုအိုးတဝက်ခန့်ထည့်၍ ဇီးသီးခြောက်အနီ ၅ခုလောက်နဲ့ ကြက်သွန်ဖြူ ၃မွှာလောက်ရိုက်ပြားထည့်ပါ။မိနစ်၂၀လောက်တည်ပေးပြီးမှ ရေမုန်လာကိုဆေးထည့်ပါ။ ဆား၊ရသာမှုန့်၊ ကော့ချိစေ့နည်းနည်းထည့်ပြီး ရေမုန်လာနူးလာရင်ချလို့ရပါပြီ။