အတုခိုးကောင်းတဲ့သမီးလေး
|အတုခိုးကောင်းတဲ့သမီးလေး
************************
ဘုရားစင်ရှေ့ ကျုံ့ကျုံ့ ထိုင်
ဘွားဘွားကြီးရဲ့ စတိုင် ၊
ပုတီးကိုင်ကာ မျက်စိမှိတ်
ဂုဏ်တော် ပုတီးစိပ် ။
ကောင်းသောစိတ်နှင့် အမျှဝေ
အားလုံးကျန်းမာစေ ၊
အဖေ အမေ အဘိုးအဘွား
လန်းရွှင်ကြစေသား ၊
ငှက်ကလေးများ တံခါးပေါ်
နားရင်း သာဓုခေါ် ၊
ကျောင်းသွားဖော် သူငယ်ချင်းတို့
ပျော်ပျော်ရွှင်ရွှင် စာသင် ဖို့
မီးငယ် မေတ္တာပို့ ။ ။