တယုတယဂရုစိုက်ရမယ့် နူးညံ့လှတဲ့ ကလေးတို့အသားအရေ

အကောင်းဆုံးကတော့ နူးညံ့တဲ့သားသားမီးမီးလေးတွေအတွက်ဆို သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပြီး ဓာတုဗေဒပစ္စည်းတွေမပါတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေကို အသုံးပြုပေးပါနော်

ကလေးလေးတွေရဲ့ အသားအရေလေးတွေက ဝါးဂွမ်းတမျှ နူးညံ့လှတဲ့အတွက် ကလေးတို့အတွက် သုံးမယ့် ပစ္စည်းဝယ်တော့မယ်ဆိုရင် လက်လွတ်စပယ် မ၀ယ်သင့်ပါဘူး။ ကလေးငယ်အတွက် သီးသန့်ရည်ရွယ်ထုတ်လုပ်ထားတဲ့ Baby Product လေးတွေသာ ၀ယ်ပေးသင့်ပါတယ်နော်။

အထူးသဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေဖြစ်တဲ့

ရေချိုးဆပ်ပြာရည်၊ Lotion၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ စတာတွေကို ၀ယ်ယူတဲ့ နေရာမှာ ကလေးငယ်များအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ စိတ်ချယုံကြည်ရတဲ့ ပစ္စည်းလေးတွေကိုသာ ဂရုစိုက်ပြီး ၀ယ်ယူသင့်ပါတယ်။ ကလေးအတွက်ဆပ်ပြာကုန်သွားလို့ အိမ်မှာမိသားစုသုံးနေတဲ့ ဆပ်ပြာကိုတိုက်ပေးလိုက်တယ် ဆိုတာမျိုး မလုပ်သင့်ပါဘူး။ လူကြီးသုံးတဲ့ ဆပ်ပြာတွေမှာ ပါတဲ့ဓာတုပစ္စည်းတွေဟာ ကလေးရဲ့နူးညံ့တဲ့ အသားအရေကို အလွန်ထိခိုက်စေပါတယ်။ များသောအားဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းတွေမှာ ပါဝင်တတ်တာကတော့ paraben ဆိုတဲ့ဓာတ်ပါပဲ။ Parabens ဆိုတာ အလှကုန်နဲ့ ဆေးဝါးထုတ်ကုန်တွေမှာ အသုံးပြုလေ့ရှိတဲ့ တာရှည်ခံပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ Parabens  တွေက ကုန်ကျစရိတ်သက်သာပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုးမွှားတွေရန်က ကာကွယ်ပေးနိင်ပါတယ်။

ဒါကြောင့် ကလေးအရေပြားအသုံးအဆောင် ပစ္စည်းတွေမှာလည်း တော်တော်များများ သုံးကြပါတယ်။ Paraben က အသုံးဝင်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ Paraben က ဟော်မုန်းစနစ် ရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ Paraben အသုံးပြုခြင်းကြောင့်ဖြစ်တဲ့ သက်ရောက်မှုတွေကို မွေးကင်းစနဲ့ ကလေးတွေမှာပိုခံစားရလေ့ရှိပြီး ငယ်ရွယ်ချိန်မှာ Parabenနဲ့ထိတွေ့ရခြင်းဟာ သင်ယူလေ့လာနိုင်စွမ်း ပြဿနာရှိလာတာလိုမျိုး ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေ အပြင် မျိုးဆက်ပွားခြင်းဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အရေပြားပွန်းထားတာရှိရင် ပေါင်ကြားဧရိယာကတဆင့် Paraben တွေပိုစုပ်ယူမိနိုင်ပါတယ်။ အကောင်းဆုံးကတော့ နူးညံ့တဲ့သားသားမီးမီးလေးတွေအတွက်ဆို သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပြီး ဓာတုဗေဒပစ္စည်းတွေမပါတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေကို အသုံးပြုပေးပါနော်။

အဲ့လို ကလေးတွေအတွက် ဘဘာဝပစ္စည်းလေးတွေ၊ ကလေးအသားအရေ ထိခိုက်စေမယ့်ဓာတုပစ္စည်းတွေ မပါတဲ့ ပစ္စည်းလေးတွေဝယ်ချင်တယ်ဆိုရင်တော့ အရည်အသွေးမှာဆိုရင် စိတ်ချရတဲ့ City Baby Club ဆိုင်လေးတွေကို ညွှန်းပေးချင်ပါတယ်။ City Baby Club ဆိုင်တွေကို ရန်ကုန်မှာ (၈)ဆိုင်နဲ့ မန္တလေးမှာ (၂)ဆိုင်ဖွင့်လှစ်ထားပြီး သဘာဝပစ္စည်းတွေကိုသာ အခြေခံထုတ်လုပ်ထားတဲ့ Topfer၊ Enfant စတဲ့ Brand တွေအပြင် တခြားအရည်အသွေးစိတ်ချရတဲ့ ကလေးအသုံးအဆောင်ပစ္စည်းလေးတွေကို ၀ယ်ယူရရှိနိုင်ပါတယ်။ အ၀တ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းလေးတွေ၊ အရုပ်တွေ၊ တွန်းလှည်း၊ အိပ်ရာစတဲ့ ကလေးပစ္စည်းတွေကို တစ်နေရာတည်းမှာ ၀ယ်ယူရရှိနိုင်တာ City Baby Club ပါပဲ။ ဒါ့အပြင်ဆိုင်တိုင်းမှာလည်း လစဉ်လတိုင်း This Month’s Specials Promotion ဆိုပြီး အရည်အသွေးစိတ်ချရတဲ့နာမည်ကြီး Brand အနည်းဆုံး (၆)ခုကို promotion ပြုလုပ်ပေးနေတာကြောင့် မေမေတို့ သွားရောက်ကြည့်သင့်တဲ့ Baby & maternity store လေးဆိုလည်း မမှားပါဘူးနော်။

From Kalay with