မေမေဖေဖေတို့ သတိပြုရမယ့် ကလေးအသားအရေ နီမြန်းခြင်း

အသက်(၁)နှစ်အောက် သားသားမီးမီးလေးတို့မှာ အဖြစ်များတဲ့ အရေပြားရောဂါတွေကို မေမေဖေဖေတို့ သတိပြုဆင်ခြင်ရန်အတွက် ဖော်ပြပေးထားပါတယ်။

သားသားမီးမီးလေးတွေမှာ အရေပြားနီးမြန်းနေတာကို မေမေဖေဖေတို့ သတိပြုမိမှာပါ။ သားသားမီးမီးလေးတွေရဲ့ အသားအရေဟာ နူးညံ့တဲ့အတွက် အထိအခိုက်မခံနိုင်ပါဘူး။ သာမန်အရေပြားနီးမြန်းတာက ပြဿနာမရှိပေမယ့် ပြင်ပက ရောဂါပိုးကူးစက်လို့ နီမြန်းတာက သားသားမီးမီးလေးတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အရေပြားဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားခြင်း ဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ သားသားမီးမီးလေးတို့မှာ အသားအရေနီမြန်းတာကို သံသယရှိလာခဲ့ရင်တော့ ဆရာဝန်ဆီကို အမြန်ဆုံးပြသပေးပါ။ သားသားမီးမီးလေးတွေမှာ ကူးစက်နိုင်တဲ့ အရေပြားရောဂါအကြောင်းကို Kalay ကနေ ဝေမျှပေးမယ်နော်။

အသားအရေနီမြန်းတာကို သံသယရှိလာခဲ့ရင်တော့ ဆရာဝန်ဆီကို အမြန်ဆုံးပြသပေးပါ

 Intertrigo

သားသားမီးမီးတို့ရဲ့ အရေပြားပေါ်မှာ အနီစက်တွေ စုဝေးထားပြီး ကြမ်းတဲ့ပုံစံမျိုးနဲ့ တည်ရှိနေပါတယ်။ သားသားမီးမီးလေးတွေရဲ့ လည်ပင်း၊ မျိုးပွားအင်္ဂါနဲ့ ဂျိုင်း(ချိုင်း)တို့မှာ အများဆုံး တွေ့ရပါတယ်။ (၆)လအောက် သားသားမီးမီးလေးတွေမှာ အဖြစ်များပါတယ်။ ပွတ်တိုက်မှုပေါ် မူတည်ပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။

 မိတ်ဖု

မိတ်ဖုကတော့ ကျောကုန်း၊ မျက်နှာနဲ့ လည်ပင်းမှာ တွေ့ရတတ်ပါတယ်။ အလွန်သေးငယ်တဲ့ အနီရောင်ဖုလေးတွေဖြစ်ပြီး နွေရာသီမှာ အများဆုံး ဖြစ်ပွားပါတယ်။ သားသားမီးမီးလေးတွေရဲ့ အသားအရေဟာ အပူဒဏ်ကို မထိန်းပေးတာကြောင့် မိတ်ဖုတွေ ထွက်ပေါ်လာရတာပါ။ ရာသီဥတုပူတဲ့အခါမှာ သားသားမီးမီးလေးတွေကို လေဝင်လေထွက်ကောင်းတဲ့ ချည်သားအင်္ကျီလေးတွေကို ဝတ်ဆင်ပေးထားသင့်ပါတယ်။

 Seborrhea

အသားအရေ ကွာကျသလိုမျိုး ကြေးခွံပုံစံ အချက်လိုက်ဖြစ်နေပြီး နီမြန်းနေပါတယ်။ ဆံပင်နဲ့ အရေပြားအစပ်တွေမှာ အများဆုံးတွေ့ရပြီး နားရွက်ရဲ့ အနောက်ဘက်၊ နှာခေါင်း၊ ရင်ဘတ်၊ လည်ပင်းနဲ့ ပါးတို့မှာ အဖြစ်များပါတယ်။ အသက်(၆)လအောက် ကလေးငယ်တွေမှာ အများဆုံး တွေ့ရပါတယ်။

 နှင်းခူ

သားသားမီးမီးလေးတွေရဲ့ အသက်(၃)လကနေ (၄)လအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပေါ်လာနိုင်ပါတယ်။ ယားယံခြင်းကို ခံစားရပါတယ်။ ခြောက်သွေ့တဲ့ အသားအရေမှာ ပိုပြီး ဖြစ်နိုင်ပါတယ်။ အနီရောင် အကွက်တွေ အစုလိုက် တစ်နေရာစီမှာ ထွက်ပေါ်လာနိုင်ပါတယ်။ ပူပြင်းတဲ့ နွေရာသီနဲ့ အေးတဲ့ ဆောင်းရာသီမှာ အဖြစ်များပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းတာကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ မသန့်ရှင်းတဲ့ အဝတ်အစားတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

Contact Dermatitis

အနီဖုတွေ အပြင်လိုက်ထနေတတ်ပြီး ရေချိုးဆပ်ပြာ သို့မဟုတ် ဆပ်ပြာမှုန့်တွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ရင်ဘတ်၊ လက်နဲ့ ခြေထောက်တို့မှာ အဓိကဖြစ်ပွားနိုင်ပါတယ်။

 

 

From Kalay with