(၁) နှစ်အရွယ် ကလေးငယ်တွေအတွက် အစားနဲ့အအိပ် အချိန်ဇယား

အသက်(၁) နှစ်ပြည့်လာပြီမလား။ (၁) နှစ်အရွယ်ကနေ စလို့ ဖွံ့ဖြိုး တိုးတက်မှုနှုန်းတွေ မရပ်တန့်စေဖို့ဆိုတာ အစားနဲ့ အအိပ်တွေ မှန်နေဖို့ လိုပါတယ်။

ရင်နှစ်သည်းချာလေးတွေ အသက်(၁) နှစ်ပြည့်လာပြီမလား။ (၁) နှစ်အရွယ်ကနေ စလို့ ဖွံ့ဖြိုး တိုးတက်မှုနှုန်းတွေ မရပ်တန့်စေဖို့ဆိုတာ အစားနဲ့ အအိပ်တွေ မှန်နေဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ ရှိသင့်တဲ့ ခန္ဓာကိုယ် အရွယ်အစား ရှိနေဖို့နဲ့ စကားပြောခြင်း၊ လမ်းလျှောက်ခြင်း၊ သွားပေါက်ခြင်းလေးတွေ အချိန်နဲ့ တပြေးညီ ဖြစ်ပေါ်ဖို့အတွက် ဇယားလေးနဲ့ပြပေးလိုက်တယ်နော်။

အအိပ်အစားမှန်နော် (Photo by gettyimage)

အိပ်ရာနိုးချိန်က (၇) နာရီဆိုရင်

သားသားမီးမီးလေးတွေရဲ့ အိပ်ရာနိုးချိန်က (၇) နာရီဆိုရင် မျက်နှာသစ်ပေးတာနဲ့ ကလေးက အိပ်ရာနိုးကာစမှာ ငိုတယ်ဆို ချော့မြူပြီး မနက်စာ ကျွေးလို့ရပါတယ်နော်။ မနက်စာကိုတော့ တစ်နှစ်ပြည့်ပြီဆိုရင် နွားနို့လေး တိုက်နိုင်ပါတယ်။ မေမေ့နို့ချိုရော တိုက်နော်။  ဗိုက်ပြည့်ပြီဆိုရင်တော့ ကြမ်းပြင်မှာ ပေးဆော့ပါ။ မထိခိုက်မိတာက လွဲရင် အားလုံးခွင့်ပြုပါ။

ဆော့ပြီးရင်တော့

မေမေတို့ ရေချိုးပေးတာတွေ၊ သန့်ရှင်းရေးတွေ လုပ်ပေးနိုင်ပြီး နေ့လည်စာကျွေးဖို့ အာရုံစိုက်ရတော့မှာပါနော်။ နေ့လည်စာမှာ မေမေ့နို့အပြင် အသီး၊ အသားပျော့ပျော့လေးတွေကို ဖြည့်စွက်စာ ပုံစံကျွေးရမှာပါ။ အာဟာရ မျှတအောင် ကျွေးပါ။ သားသားမီးမီးလေးတွေကို အိပ်ပျော်အောင် ချော့သိပ်ပါ။ နေ့လည်နေ့ခင်းမှာ အိပ်ကို အိပ်အောင် လုပ်ပေးရပါမယ်။ ဒါမှ ကလေး အားပြည့်နိုင်မှာပါ။

ကလေးတို့ သဘာဝ အိပ်ပြီး စားပြီးရင်တော့ ဆော့ဖို့ စိတ်အားသန်ကြမှာပါ (Photo by parent)

အိပ်ရာနိုးတဲ့အခါ အဆာပြေအနေနဲ့

မေမေတို့ ဖြည့်စွက်စာ ဖျော်ရည် ကျွေးနိုင်ပါတယ်။ အသီးတွေဆို အတော်ကို အဆင်ပြေပါတယ်။ အသီးကို သကြား၊ဆား မထည့်ရဘူးနော်။ ကလေးတို့ သဘာဝ အိပ်ပြီး စားပြီးရင်တော့ ဆော့ဖို့ စိတ်အားသန်ကြမှာပါ။ ဒီအချိန်မှာ ဆော့ရင်း ကလေးနဲ့ စကားပြောပါ။ မတ်တပ်စမ်းတာမျိုး လေ့ကျင့်ကူညီပါ။ သင်ယူမှု နှုန်း မြန်အောင် လုပ်ကြည့်ပေးပါ။

ညနေစာ အချိန်ရောက်လာပြီဆိုရင်တော့

မေမေ့နို့ချို့ မတိုက်သေးဘဲ ဖြည့်စွက်စာ ကျွေးပါ။ ဖြည့်စွက်စာကို လတ်ဆတ်အောင် ထားပါ။ နွားနို့ နည်းနည်း တိုက်နိုင်ပါတယ်။ ပြီးရင်တော့ အိပ်ဖို့ သိပ်ပေးလိုက်တော့နော်။

ဒီလို နေ့တိုင်း အချိန်ဇယားလေးနဲ့ ပုံမှန်လုပ်မယ်ဆိုရင် ကလေးကျန်းမာပြီး ဖွံ့ဖြိုးမှု လုံးဝနှေးမှာ မဟုတ်ဘူးနော်။

 

From Kalay with