“ကျောင်းပိတ်ရက်”

“ကျောင်းပိတ်ရက်”
==========
ကျောင်းပိတ်ရက်ဝယ် အိမ်မှာနားတော့
ဆော့ကစားလို့ မနေသင့်တယ်
နိုင်တဲ့ဝန်ကို ပါဝင်ထမ်းလို့
တတ်စွမ်းသမျှ ကူကြကွယ်
ကိုယ့်အိမ်ကိုယ့်ယာ သန့်သန့်ရှင်းနဲ့
အမှိုက်လှည်းကျင်း နေရမယ်
အားလပ်ချိန်မှာ စာကိုဖက်တော့
မှတ်စုမှတ်ရာ သုတကြွယ်
စည်းကမ်းရိုသေ ယဉ်ယဉ်ကျေးနဲ့
လိမ္မာရေးခြား တို့လူငယ်
နောင်တစ်ခေတ်မှာ
ခေါင်းဆောင်ဖြစ်တော့
စည်းစနစ်က အခြေခံတယ်
ကြိုးစားကွယ် တိုးပွားမယ်…..။။။