မေမေတို့ရေ သားသားမီးမီးတွေကို ဖွံ့ဖြိုးတိုးတက်မှု မနှေးကွေးစေချင်ဘူးမလား။ တချို့ ကလေးလေးတွေ တစ်နှစ်လောက်ထိတော့ ဝဝလေးတွေ ဖြစ်ပြီး (၂) နှစ်ကျော်လောက်မှာ ပိန်သွားတယ်၊ ကြီးထွားမှု နည်းနည်း နှေးသွားတယ်၊ အရပ်တော့ ရှည်လာတယ်လို့ ခံစားမိမှာပါနော်။ ဒီလိုမျိုး ဖွံ့ဖြိုးမှု နှေးသွားစေတဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။
ကလေးက အစားစားဖို့ ငြင်းဆန်တာတွေကြောင့် ဖြစ်နိုင်ပါတယ် (Photo – Pampers)
ကြီးထွားမှုကို နှောင့်နှေးစေတဲ့ အချက်တွေထဲမှာ
အစားအစာက အဓိကလိုအပ်ပါတယ်။ ကလေးရဲ့ အာဟာရက ဘာကိုလိုအပ်သလဲဆိုတာ သိရှိပြီး ကျွေးပေးရင် ပိုကောင်းပါတယ်။ ကလေးက ပရိုတင်းဓါတ် လိုတယ်ဆိုရင် ပရိုတင်းဓါတ် ကျွေးတာမျိုး လုပ်သင့်ပါတယ်။ ဘာဓါတ်လိုလဲဆိုတာ သေချာမသိရင်တော့ အစတည်းက အသီး၊ အရွက်နဲ့ သားငါးတွေကို မျှတအောင် ကျွေးပါ။ ကလေးတွေ ကြီးထွားမှု နှေးတာက လုံလောက်တဲ့ အစားအစာ မကျွေးခြင်းနဲ့ ကလေးက အစားစားဖို့ ငြင်းဆန်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အသက်(၂) နှစ်လောက်မှာတော့ တချို့ကလေးတွေက အစားအစာ စားခြင်းကို သိပ်အာရုံ မကျတော့ပါဘူး။ သူတို့လေးတွေမှာ အစားထက် ပိုပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှုတွေ လုပ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။
သက်(၂) နှစ်လောက်မှာတော့ တချို့ကလေးတွေက အစားအစာ စားခြင်းကို သိပ်အာရုံ မကျတော့ပါဘူး (Photo – Pampers)
ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးနှုန်း မနှေးစေဖို့အတွက်
အစားအစာတွေကို ကန့်သတ်တာမျိုး မလုပ်သင့်ပါဘူး။ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ့် အစားအစာကလွဲရင် ကျွေးလို့ ရပါတယ်။ ကလေးက မွေးတုန်းက လမစေ့ဘဲမွေးခဲ့တာ ဒါမှမဟုတ် ဖွံ့ဖြိုးတာ နောက်ကျတာကြောင့် အစားကောင်းကောင်း မစားဘူးဆိုရင်လည်း အစားအစာတွေကနေ ပေးစွမ်းတဲ့အာဟာရကို ကောင်းစွာ မစုပ်ယူနိုင်တော့ဘဲ ဖွံ့ဖြိုးမှု နှေးသွားနိုင်ပါတယ်။
သားသားမီးမီးလေးတွေမှာ ရောဂါ၊ ဝေဒနာ တစ်ခုခု ရှိနေလားဆိုတာလည်း
မေမေတို့ အမြဲ စစ်ရပါမယ်။ ကလေးမှာ ပျို့အန်တာ၊ သွားနာနေတာ၊ ဖျားနာနေတာတွေ ရှိနေရင်တော့ ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးသွားနိုင်ပါတယ်နော်။ သားသားမီးမီးလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို အမြဲကောင်းနေအောင် ထားရပါမယ်။ ဒါမှ ဂျုံနဲ့ တခြားသီးနှံတွေကနေ အာဟာရတွေကို စုပ်ယူနိုင်မှာဖြစ်ပြီး အစားအသောက်ပျက်တာကနေ ကာကွယ်ပေးတာမို့ ကြီးထွားဖွံ့ဖြိုးမှုကို မြန်စေပါတယ်။
From Kalay with