အသက်(၆)လအထိ မိခင်နို့တမျိုးတည်း ဘာကြောင့်တိုက်ခိုင်းတာလဲ

 မေမေတို့အတွက်လည်း ရင်သာကင်ဆာ ဖြစ်ပွားနှုန်းလျော့နည်းစေပါတယ်။ ဒါကြောင့် ကလေးငယ်ကို မိခင်နို့ တိုက်ကျွေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆရာဝန်တွေက မေမေတို့ကို အဓိကထား မှာတဲ့ ညွှန်ကြားလေးတွေရှိပါလိမ့်မယ်။ ရင်သွေးငယ်အသက်(၆)လအထိ မိခင်နို့တမျိုးတည်း တိုက်ကျွေးဖို့ပါ။ မေမေတိုင်းကလည်း ကလေးငယ်တွေကို အတက်နိုင်ဆုံးကြိုးစားပြီး မိခင်နို့တိုက်ကျွေးကြပါတယ်။ ဘယ်လိုမှ မတတ်နိုင်ဆုံးဖြစ်တော့မှ မော်မြူလာနို့မှုန့်ကို တိုက်ကျွေးကြတာပါ။ WHO ကလည်း ကလေးအသက်(၆)လအထိ မိခင်နို့တိုက်ကျွေးပေးတာက ကလေးငယ်တွေအတွက် လိုအပ်တဲ့ အာဟာရကို ရရှိစေနိုင်ကြောင်း ပြောထားပါတယ်။ အသက်(၆)လအထိ မိခင်နို့ဆက်လက်တိုက်ကျွေးတာက ကလေးငယ်ရော မိခင်အတွက်ပါ အံ့ဖွယ်အကျိုးကျေးဇူးတွေ ရရှိနိုင်ကြောင်း WHO က ဆက်လက်ပြောကြားထားပါတယ်။

ရင်သွေးငယ်အသက်(၆)လအထိ မိခင်နို့တမျိုးတည်း တိုက်ကျွေးပါ(Photo by momjunction)

ကိုယ်အလေးချိန်နဲ့ နို့တိုက်ခြင်း

မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်မှာ စိုးရိမ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်တာ သဘာဝပါ။ နို့တိုက်ခြင်းက မေမေတို့ရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ မိခင်နို့တိုက်ကျွေးတာက မေမေတို့ရဲ့ ပိုလျှံတဲ့ ကယ်လိုရီတွေ ကျစေတဲ့အပြင် ကလေးရော မေမေတို့ပါ ပျော်ရွင်စရာတွေ တိုးလာစေပါတယ်။

မိခင်နို့တိုက်ကျွေးနေတဲ့ မေမေနဲ့ ကလေးငယ်တို့အချင်းချင်း သံယောဇဉ်ပိုနီးပါတယ် (Photo by gettyimage)

မိခင်နို့နဲ့ ကင်ဆာ

စစ်တမ်းကောက်ယူချက်တွေအရ မိခင်နို့ (၆)လအထိ တိုက်ကျွေးခဲ့တဲ့ ကလေးငယ်တွေမှာ ငယ်ဘဝ(ကလေး)သွေးကင်ဆာဖြစ်နိုင်တဲ့ အခွင့်အလမ်းနည်းတာကို တွေ့ရပါတယ်။ ဒီစစ်တမ်းအရ ကလေးငယ်တွေအားလုံး မဖြစ်တာတော့မဟုတ်ပါဘူး။ အခွင့်အလမ်းနည်းသွားတာပါ။ ကလေးငယ်ကို မိခင်နို့တိုက်တာက သွေးကင်ဆာဖြစ်ပွားနှုန်း နည်းသွားတာတော့ အမှန်ပါ။မွေးကင်းစကလေးငယ်တွေက ကိုယ်ခံစွမ်းအားနည်းတာကြောင့် ရောဂါပိုးတွေ ကူးစက်လွယ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာက ကလေးငယ်တွေဆီ ရောဂါပိုးဝင်ရောက်လာတာကို တားဆီးပေးပါတယ်။ သဘာဝက ပေးတဲ့ လက်ဆောင်ပါ။ မိခင်နို့မှာ ရောဂါပိုးတွေကို ခုခံနိုင်တဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ နို့ဗူးတိုက်တဲ့ ကလေးငယ်နဲ့ မိခင်နို့တိုက်တဲ့ ကလေးငယ်နှစ်ဦးနှိုင်းယှဉ်လိုက်မယ်ဆိုရင် မိခင်နို့တိုက်တဲ့ ကလေးငယ်က ရောဂါပိုးမွှားတွေကို ပိုခံနိုင်ရည်ရှိပါတယ်။

မိခင်နို့နဲ့ စွမ်းအင်

မိခင်နို့မှာ ပရိုတိန်း၊ အဆီနဲ့ တခြာအာဟာရတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးငယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ စွမ်းအားတွေ အပြည့်အဝရစေပါတယ်။ ကလေးငယ်ဖွံ့ဖြိုးဖို့လိုအပ်တဲ့ အဟာရဓာတ်တွေ အပြည့်အဝ ရစေပါတယ်။

ကလေးငယ်နဲ့ သံယောဇဉ်

မိခင်နို့တိုက်ကျွေးနေတဲ့ မေမေနဲ့ ကလေးငယ်တို့အချင်းချင်း သံယောဇဉ်ပိုနီးပါတယ်။ ကလေးနဲ့အနီးကပ် အချိန်အများဆုံးနေရတာကြောင့် ကလေးရဲ့ စိတ်ခံစားချက်တွေကိုလည်း မေမေတို့ အလိုလိုသိနေပါတယ်။ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေလည်း အပြည့်အဝ ရရှိစေပါတယ်။ မိခင်နို့က ကလေးငယ်ရဲ့ အစာအခြေစနစ်ကိုကောင်းမွန်အောင် ထောက်ပံ့ပေးပါတယ်။

အကျိုးကျေးဇူးများ

မိခင်နို့ကို အသက်(၆)လအထိ တိုက်ကျွေးတာက ကလေးငယ်တွေအတွက် အကျိုးကျေးဇူးတွေ အမြောက်အများရရှိစေပါတယ်။ မေမေတို့အတွက်လည်း ရင်သာကင်ဆာ ဖြစ်ပွားနှုန်းလျော့နည်းစေပါတယ်။ ဒါကြောင့် ကေလေးငယ်ကို မိခင်နို့ တိုက်ကျွေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ကလေးငယ်ကို အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးပါ။ ခြောက်လအထက်ဆိုရင်တော့ မိခင်နို့ကော ဖြည့်စွက်စာပါ နှစ်မျိုးလုံးကျွေးပေးပါ။ မေမေတို့ ဘက်က အဆင်ပြေတယ်ဆိုရင် အသက်(၂)နှစ်အထိ ဆက်လက်တိုက်ကျွေးလို့ရပါတယ်။

ဩဂုတ်လ (၁)ရက်နေ့ ကနေ (၇) ရက်နေအထိကို တကမ္ဘာလုံးအနေနဲ့ နှစ်စဉ်နှစ်တိုင်း  ဘေဘီလေးတွေ ကျန်းမာစေဖို့ မိခင်နို့ချိုတိုက်ကျွေး အသိပညာပေးလှူံ့ဆော်တဲ့အစီအစဉ်ပြုလုပ်တဲ့  World Breastfeeding Week လို့ သတ်မှတ်ထားပါတယ်။ ဒီ ရက်သတ္တပတ်မှာတော့ WHO နဲ့ အခြား ကျန်းမာရေးအဖွဲအစည်းများစွာက ပါဝင်ပြီး အသိပညာပေး ဟောပြောပွဲများနဲ့လှုပ်ရှားမှုများစွာကို လုပ်ဆောင်ကြပါတယ်။ မိခင်နို့ဆိုတာ  ရင်သွေးငယ်လေးများအတွက် အကောင်းဆုံး နဲ့ အသင့်တော်ဆုံးအစာအဟာရဖြစ်ပါတယ်။  ဒါကြောင့် မွေးမွေးပြီးချင်း တစ်နာရီအတွင်းကနေ ကလေး (၆)လအရွယ်ထိ မဖြစ်မနေတိုက်ကျွေးဖို့ WHO ကနေ အကြံပြုထားပါတယ်။ ဒါကြောင့်မို့ သဘာဝကပေးတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မိခင်နို့ကို မွေးကင်းစကနေပြီး အသက် (၆)လအရွယ် အထိ မဖြစ်မနေ တိုက်ကျွေးပေးဖို့ Kalay.com.mm မှ ဒီအစီအစဉ်လေးကနေ လှုံဆော်ပေးလိုက်ပါတယ်နော်။

 

From Kalay with