မွေးကင်းစကနေ တစ်နှစ်အတွင်းဖွံ့ဖြိုးမှု မနောက်ကျစေဖို့

 မွေးကင်းစကနေ အသက်တစ်နှစ်လောက်အထိ ဖွံ့ဖြိုးတိုးတက်မှု မနှေးသွားဖို့ အရေးကြီးပါတယ်။ ဒီအရွယ် ဖွံ့ဖြိုးမှု မနှေးမှသာ အသက်ကြီးတဲ့အထိ ဖွံ့ဖြိုးမှု အားကောင်းနေမှာပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေ မွေးကင်းစကနေ အသက်တစ်နှစ်လောက်အထိ ဖွံ့ဖြိုးတိုးတက်မှု မနှေးသွားဖို့ အရမ်းအရေးကြီးပါတယ်။ ဒီအရွယ် ဖွံ့ဖြိုးမှု မနှေးမှသာ အသက်ကြီးတဲ့အထိ ဖွံ့ဖြိုးမှု အားကောင်းနေမှာပါ။ သားသားမီးမီးလေးတွေမှာ မွေးကင်းစကနေ အသက်တစ်နှစ်အထိ နို့စို့ခြင်း၊ ဖြည့်စွက်စာ စားခြင်း၊ အိပ်စက်ခြင်းနဲ့  အနည်းငယ်လှုပ်ရှားမှုတွေပဲ လုပ်ဖို့ ရှိတာပါ။

နို့စို့ခြင်းနဲ့ ဖြည့်စွက်စာ ကျွေးခြင်း

နို့စို့ခြင်းနဲ့ ဖြည့်စွက်စာ ကျွေးခြင်း (photo: baby center)

 

မေမေ့ကလေးလေးကို နို့ချိုတိုက်မလား၊ နို့ဗူးပဲ တိုက်မလား တွေးရမှာ ဖြစ်ပါတယ်။ နို့ချိုကတော့ အကောင်းဆုံးပါ။ မေမေတို့ အလုပ်ကိစ္စတွေကြောင့်  မအားလို့ နို့ဗူးတိုက်မယ်ဆိုရင်တောင် ညဘက်မှာတော့ နို့ချို ရအောင်တိုက်ပါ။ ဒါက ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ပထမဆုံး ခြေလှမ်းပါပဲ။ နို့ဗူးတိုက်မယ်ဆိုရင်လည်း ဆရာဝန်ရဲ့ ခွင့်ပြုချက် ယူပြီးမှ တိုက်တာ ကောင်းပါတယ်။

အိပ်စက်ခြင်း

အိပ်စက်ခြင်း (photo: baby center)

အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ သားသားမီးမီးလေးတိုင်းအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ သိပ်တဲ့အခါမှာ ကလေးလေးကို နွေးနွေးထွေးထွေး ထားပြီးမှသာ သိပ်ပါ။ သားသားမီးမီးလေးအတွက် အိပ်ယာသေးသေးလေး စီစဉ်ထားပေးပါ။ သူတို့အိပ်နေချိန်မှာ ဆူဆူညံညံတွေ မလုပ်ပါနဲ့။ အိပ်ရေးဝဝ အိပ်မှသာ အားရှိမှာပါ။ ဒါမှလည်း ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးလာမှာပါ။

လှုပ်ရှားမှုများ

လှုပ်ရှားမှုများ (photo: baby center)

မေမေတို့ ကလေးလေး ပက်လက်ကနေ ဘေးစောင်း၊ မှောက်လျက်၊ လေးဘက်၊ထိုင်ခြင်း၊ မတ်တပ်ရပ်၊ လမ်းလျှောက်ဆိုပြီး အဆင့်ဆင့် ကြီးထွားလာမှာပါ။ မေမေတို့ ကလေးလေး ဖွံ့ဖြိုးဖို့အတွက်  ပထမနှစ်ပတ်ကျော်သွားရင်တော့ နေရောင်နဲ့ သန့်စင်တဲ့ လေရအောင် ကလေးကို လက်တွန်းလှည်းထဲ ထည့်ပြီး အပြင်ခေါ်သွားနိုင်ပါတယ်။ နေရောင်ခြည် နည်းနည်းလောက် ပြဖို့လည်း မမေ့ပါနဲ့။ ကလေးလေး စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတို့အတွက်တော့ ခြောက်လှန့်တာတွေ၊ တမင်ငိုအောင် စနောက်တာတွေ ရှောင်ပါ။

မေမေတို့ သားသားမီးမီးလေး မွေးကင်းစကနေ တစ်နှစ်အတွင်း ဖွံ့ဖြိုးမှု မနှေးစေဖို့ အပေါ်မှာ ဖော်ပြထားတဲ့ အချက်(၃) ချက်ကို အထူးဂရုစိုက်ပါနော်။ 

From Kalay with