တုပချင်တဲ့ စရိုက်။

 တုပချင်တဲ့ စရိုက်။

* – * – * – * – * – *

မျောက်တစ်ကောင်က သစ်ပင်အမြင့်ကြီး တစ်ပင်ပေါ်မှာ ထိုင်နေရင်း မြစ်ထဲမှာ ပိုက်ကွန်တွေ ချပြီး ငါးဖမ်းနေတဲ့ တံငါသည်တွေကို တွေ့လိုက်ရလို့ သူတို့ လုပ်နေတာတွေကို စောင့်ကြည့်နေလိုက်သတဲ့။

သူတို့က ပိုက်ကွန်တွေကို ထားပြီး အစားအသောက် သွားစားကြဖို့ ခပ်လှမ်းလှမ်း နေရာအထိ ထွက်သွားကြတော့ မျောက်က သစ်ပင်ပေါ်ကနေ ဆင်းလာပြီး တံငါသည်တွေ လုပ်သလို စမ်းပြီး လိုက်လုပ်ကြည့်သတဲ့။ သူတို့ ပြောနေကျအတိုင်း မျောက်တွေက အမြဲတမ်း လိုက်လုပ်ချင်တယ်ဆိုတာ တကယ်ပါပဲ။

ဒါပေမယ့် သူက ပိုက်ကွန်ကို ထိလိုက်တာနဲ့ ရှုပ်ထွေးသွားပြီး ရေထဲ နစ်မြုပ်တော့မယ့်အထိ အန္တရာယ် ဖြစ်လာပါတော့တယ်။

ဒီတော့ မျောက်က စဉ်းစားမိတယ်။

“သြော်… ဒါက ငါ့ကို အပြစ်ပေးတာနဲ့ တူတယ်။ ငါက ဘယ်လို လုပ်ရမယ်ဆိုတာကို အသေအချာ သင်ယူမှုမှ မရှိသေးပဲနဲ့ ငါးဖမ်းဖို့ ကြိုးစားတာကိုး…”