ကလေးလေး အာဟာရပြည့်ဖို့ ဘာတွေကျွေးမလဲ

အစားအစာအသစ်ဆိုရင် ကလေးလေးတွေ အများကြီး မစားချင်ကြပြန်ပါဘူး။ ဒီတော့ မေမေတို့ ကလေးလေးတွေကို  အပြောင်းအလဲလေးတွေ၊ အဆန်းအပြားလေးတွေ လုပ်ကျွေးပါ။

သားသားမီးမီးလေးတွေကို ဆီမသန့်တဲ့ အာလူးကြော်တွေ မကျွေးပါနဲ့ (photo: Forbes)

မေမေတို့ရေ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို ကောင်းမွန်တဲ့ အစားအစာတွေပဲ ကျွေးချင်ကြမှာပါ။ ဒီလို ကောင်းမွန်တဲ့ အစားအစာဖြစ်ဖို့ဆိုရင်တော့ မေမေတို့ ကြိုးစားပြီး ချက်ပြုတ် ကျွေးမွေးရမှာပါပဲ။ မေမေ့ကလေးလေး အာဟာရပြည့်ဝစေဖို့ ဘယ်လိုအစားအစာတွေကို ကျွေးမွေးရမယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

 ဆီမသန့်တဲ့ အာလူးကြော်တွေ မကျွေးပါနဲ့

အသီးအနှံလေးတွေကို ချစ်စဖွယ်ပုံစံလေးတွေ ပြုလုပ်ပြီးကျွေးတာ၊ ပူတင်း၊ ကိတ်မုန့်တွေလိုမျိုး အာဟာရ ရှိစေမယ့် အစားအစာတွေပဲ ကျွေးပါ။ အသီးဖျော်ရည်လေးတွေ ဖျော်တိုက်ပေးလို့ ရပါတယ်။

မေမေတို့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ မုန့်လေးတွေ များများ ကျွေးပါ  (photo: Forbes)

  အပြောင်းအလဲလေးတွေ၊ အဆန်းအပြားလေးတွေ လုပ်ကျွေးပါ

မေမေတို့ဘက်က အာဟာရရှိတဲ့ အစားအစာတွေ ကျွေးတယ်ဆိုပေမယ့် ကလေးက ဒါချည်းပဲ စားရတယ်လို့ တွေးထင်လာရင် သူစားချင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အစားအစာအသစ်ဆိုရင် ကလေးလေးတွေ အများကြီး မစားချင်ကြပြန်ပါဘူး။ ဒီတော့ မေမေတို့ ကလေးလေးတွေကို  အပြောင်းအလဲလေးတွေ၊ အဆန်းအပြားလေးတွေ လုပ်ကျွေးပါ။ ထမင်းဟင်း ပန်းကန်တွေကြားထဲမှာ မုန်လာဥနီ အချောင်းလိုက်လေး ချထားတာမျိုးပေါ့။ သူတို့အလွယ်တကူ မြင်ပြီး လွယ်လွယ်ကူကူ ယူစားဖြစ်တာလေးတွေ ဖန်တီးပါ။ မေမေတို့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ မုန့်လေးတွေ များများ ကျွေးပါ။ ဒါက သူတို့လေးတွေကို ပိုပြီးပျော်ရွှင်စေပါတယ်။

အချိုရည်တွေ အမြဲမတိုက်ပါနဲ့

မေမေတို့ရေ သားသားမီးမီးလေးတွေကို သဘာဝအသီးဖျော်ရည်မဟုတ်တဲ့ အချိုရည်တွေ အမြဲမတိုက်ပါနဲ့။ သူတို့လေးတွေ ကြိုက်တယ်ဆိုပြီး ကတ်လိုက်ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး သောက်ချင်တဲ့အချိန် သောက်နေတာမျိုး ခွင့်မပြုလိုက်ပါနဲ့။ နေ့တိုင်းဆိုရင် ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ကိုယ်တိုင်ဖျော်ထားတဲ့ အသီးဖျော်ရည်တွေပဲ ရေခဲသေတ္တာထဲ ထည့်ထားပေးနော်။

မေမေတို့ သားသားမီးမီးလေးတွေကို အချိုအရမ်းမစားဖို့ ထိန်းချုပ်ကန့်သတ်ထားတာ ကောင်းတယ်ဆိုပေမယ့် လုံးဝ မစားခိုင်းတာမျိုးတော့ မလုပ်ပါနဲ့။ သားသားမီးမီးလေးတိုင်း အချိုကြိုက်ကြပါတယ်။ သကြားလုံးလေးတွေ နည်းနည်းပါးပါးလောက်ပဲ ကျွေးပါနော်။ ကလေးကို အစားစားချင်စိတ် ပြည့်ဝနေအောင် ဆောင်ရွက်ရမှာပါ။ ဒါမှ အာဟာရပြည့်ဝတဲ့ အကောင်းဆုံး အစားအစာတွေကို စားမှာပါ။ အဲဒီလိုမဟုတ်ဘဲ သူစားချင်သမျှကို ဘာတစ်ခုမှ မလိုက်လျောဘူးဆိုရင်တော့ နောက်ပိုင်းမှာ အစားစားချင်စိတ် နည်းလာလောက်ပါတယ်။

From Kalay with