ယုတ်မာသူရဲ့ သနားကြင်နာမှု။
|ယုတ်မာသူရဲ့ သနားကြင်နာမှု။
* – * – * – * – * – *
အရိုး မျိုချပြီး စူးသွားတဲ့ ဝံပုလွေတစ်ကောင်ဟာ သူ့ကို သက်သာအောင် လုပ်ပေးမယ့်သူကို လိုက်ရှာနေသတဲ့။
ဗျိုင်းတစ်ကောင်ကို တွေ့တော့ သူက အရိုးကို ဖယ်ပေးမလားလို့ ပြောကြည့်လိုက်တယ်။
ဗျိုင်းက ဝံပုလွေရဲ့ လည်ချောင်းထဲ သူ့ဦးကို အသာစိုက်ပြီး စူးနေတဲ့ အရိုးကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့ သူက ဆုလာဘ် ပေးမလားလို့ ဝံပုလွေကို ကတိတောင်းသတဲ့။
ဒီတော့ ဝံပုလွေက ပြန်ပြောတယ်။
“မင်းက စိတ်မကျေနပ်သေးဘူးလား သူငယ်ချင်း။ မင်းရဲ့ ခေါင်းက ဝံပုလွေရဲ့ ပါးစပ်ထဲကနေ ဘေးကင်း လုံခြုံစွာနဲ့ ပြန်ထွက်သွားပြီ မဟုတ်လား။ ဒီတော့ မင်း တောင်းဆိုရမှာက မင်းကို လွှတ်ပေးဖို့ ကိစ္စပဲ ပြောရမှာပေါ့…”
* – * – * – * – * – *
(မကောင်းတဲ့ သူကို ကူညီလိုက်တဲ့အခါ ကျေးဇူးသိတတ်မှု မခံစားရတတ်သလို မိမိကို ရန်မမူတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်တတ်တဲ့ အခြေအနေကို ဒီပုံပြင်လေးက သတိပေးထားပါတယ်။)