မိဘများဖတ်ရန်အတွက် ရင်သွေးပြုစုပျိုးထောင်မှုဆိုင်ရာ အကြောင်းအရာများ (မိဘများ မိမိကိုယ့်ကိုဆန်းစစ်ခြင်း) “Shichida Golden Maxims
|မိဘများဖတ်ရန်အတွက် ရင်သွေးပြုစုပျိုးထောင်မှုဆိုင်ရာ အကြောင်းအရာများ (မိဘများ မိမိကိုယ့်ကိုဆန်းစစ်ခြင်း)
“Shichida Golden Maxims”ရင့်ကျက်တဲ့မိဘဆိုတာ…
လူဆိုတာ မွေးလာကတည်းက အလိုလိုတတ်မြောက်လာ၊ ကျွမ်းကျင်လာကြတဲ့အမျိုးမဟု တ်ပါဘူး။ ဖေဖေတွေ မေမေတွေအနေနဲ့လည်း သဘောပေါက်ထားသင့်တာက သားသမီးကိုပြုစုပျိုးထောင်တ ယ်ဆိုတာ အလိုလိုတတ် ကျွမ်းလာတာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ဖတ်မှတ်လေ့လာပြီး အလေ့အကျင့်များများလုပ်ရာကေ န ကျွမ်းကျင် လာကြတာပါ။ စိတ်ရှည်ဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ သားသမီးပျိုးထောင်ရာမှာ ကိုယ်က အကောင်းဆုံး ကြိုးစားနေတာတောင်မှ တစ်ခါတစ်လေမှာ ကလေးတွေက ကောင်းကောင်းမတုံ့ပြန်တာမျိုးတွေကြုံတွေ့ ရတတ်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါတိုင်း ဘယ်လိုနေရလိုအပ်နေသလဲ၊ ဘယ်လိုအဖြေရှာမလဲဆိုတာမျိုး ကို မတွေးဘဲ ကလေးကိုဘဲ အပြစ်ဖို့နေရင်တော့ မိမိဟာရင့်ကျက်တဲ့မိဘတစ်ယော က်မဟုတ်သေးပါဘူး ဆိုတာကို သတိပြုရပါတော့မယ်။ ရင့်ကျက်တဲ့မိဘဆိုတာ ကလေးက မလိမ္မာတဲ့အပေါ်မှာ သင့်တင့်စွာ ပြန်တုံ့ပြန်နိုင်တဲ့စွမ်းရ ည် ရှိတဲ့အပြင် အဲဒီအပြုအမူတွေဖြစ်လာရတာဟာ မိဘတစ်ယောက်အနေနဲ့ ကိုယ့်လိုအပ်ချက်ရှိလို့ပဲဆိုတာကို နားလည်သဘောပေါက်သူကိုဆိုလို ပါတယ်။ အခက်အခဲဖြစ်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ မေတ္တာတရား၊ အပြုအမူအပြောအဆိုတွေ သို့မဟုတ် ချီးကျူးပေးတာတွေက မလုံလောက်သေးဘူးလား၊ ကလေးရဲ့စိတ်ကိုမိမိတို့က တိမ်းညွှတ်အောင်မလုပ်နိုင်သေးဘူးဆိုတာကို သတိပြုမိရပါမယ်။ မျှမျှတတတွေးခေါ် ဆင်ခြင်ဖို့လိုအပ်ပါတယ်။ မျှတတဲ့ပြုစုပျိုးထောင်တဲ့န ည်းတွေကိုလေ့လာဖို့ လိုအပ်ပါတယ်။
မျှတတဲ့ပြုစုပျိုးထောင်နည်း ကိုလိုအပ်တယ်ဆိုရင် — မှာလေ့လာကြည့်ပေးပါလို့တိုက်တွန်းပါရစေ။
(ကျွန်တော်တို့ဘာသာပြန်ထားတဲ့ မိဘအုပ်ထိန်းမှု့ပုံစံအမျိုး အစားများနဲ့ တွဲကြည့်ရင် မျှတတဲ့ပြုစုပျိုးထောင်နည်း ကိုပိုမိုမြင်သာမှာဖြစ်ပါတယ်။ ဘယ်လိုမျိုးတွဲတင်မလဲတော့ စဉ်းစားစေလိုပါတယ်။)
“Shichida Golden Maxims”ရင့်ကျက်တဲ့မိဘဆိုတာ…
လူဆိုတာ မွေးလာကတည်းက အလိုလိုတတ်မြောက်လာ၊ ကျွမ်းကျင်လာကြတဲ့အမျိုးမဟု
မျှတတဲ့ပြုစုပျိုးထောင်နည်း
(ကျွန်တော်တို့ဘာသာပြန်ထားတ
Credit Prof Makoto Shichida
Translated by U Phyo Wai Hla
With Shichida Myanmar