သားသားမီးမီးလေးတွေကို ကာကွယ်ဆေးအပြည့်အစုံထိုးပေးတာက အသက်အန္တရာယ်ထိခိုက်တာကို ကာကွယ်ပေးပါတယ်။ မေမေဖေဖေတို့ နောက်ထပ် မပေါ့ဆသင့်တဲ့ ရောဂါကတော့ အသည်းရောင်အသားဝါ (ဘီ) ရောဂါပါပဲ။ အသည်းရောင်အသားဝါ (ဘီ) ရောဂါက လူကြီးတွေမှာသာ ဖြစ်နိုင်တာမဟုတ်ပါဘူး။ သားသားမီးမီးလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခံစွမ်းအားနည်းတဲ့ သားသားမီးမီးလေးတွေမှာ အသည်းရောင်အသားဝါ (ဘီ)ရောဂါရှိလာခဲ့ရင် အသက်သေဆုံးတဲ့အထိ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးပေးဖို့ မမေ့ပါနဲ့။
သားသားမီးမီးလေးတွေကို ကာကွယ်ဆေးအပြည့်အစုံထိုးပေးတာက အသက်အန္တရာယ်ထိခိုက်တာကို ကာကွယ်ပေးပါတယ် (Photo by edziecko)
အသည်းရောင်အသားဝါ (ဘီ)ပိုး ဘာကြောင့် ကူးစက်ရတာလဲ
- အသည်းရောင်အသားဝါ(ဘီ)ပိုးက ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာပါ။
- အသည်းရောင်အသားဝါ(ဘီ)ပိုးရှိတဲ့ သွေးကတဆင့်လည်း ခန္ဓာကိုယ်ထဲကို အလျင်အမြန်ဝင်ရောက်လွယ်ပါတယ်။
- မိခင်ကနေလည်း ကလေးငယ်ဆီကို ကူးစက်နိုင်ပါတယ်။
- မသန့်ရှင်းတဲ့ ဆေးထိုးအပ်နဲ့ ဆေးပိုက်တွေကနေလည်း အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်နိုင်ပါတယ်။
အသည်းရောင်အသားဝါ(ဘီ)ပိုးရဲ့ ရောဂါလက္ခဏာများ
- ရက်တော်တော်ကြာကြာ နေမကောင်းဖြစ်ခြင်း
- အစားစားချင်စိတ် မရှိခြင်း
- မောပန်းလွယ်ခြင်း
- ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ခြင်း
- ဝမ်းလျောခြင်း
- အန်ခြင်းနဲ့
- အသားအရေဝါခြင်း (သို့မဟုတ်) မျက်စိဝါခြင်းတို့ကို ကြုံတွေ့နိုင်ပါတယ်။
မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးပေးဖို့ မမေ့ပါနဲ့ (Photo by Daily Mirror)
နောက်ဆက်တွဲ ရောဂါလက္ခဏာများ
- အသည်းပျက်စီးခြင်း
- အသည်းခြောက်ခြင်း
- အသည်းကင်ဆာဖြစ်ခြင်းနဲ့
- သေဆုံးခြင်းအထိ ဖြစ်လာစေပါတယ်။
သားသားမီးမီးလေးတွေကို အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေး ဘယ်အချိန်မှာ ကာကွယ်ဆေးထိုးပေးရမလဲ
- မွေးကင်းစအရွယ်
- အသက်(၆)ပတ်၊ (၁၀)ပတ်၊ (၁၄)ပတ်၊ (၆)လနဲ့ (၁၈)လတို့မှာ ကာကွယ်ဆေးထိုးပေးနိုင်ပါတယ်။ သားသားမီးမီးလေးတွေကို အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေး သုံးကြိမ် ထိုးပေးသင့်ပါတယ်။
ကာကွယ်ဆေးမထိုးသင့်တဲ့ ကလေးငယ်များ
- တခြားကာကွယ်ဆေးတွေနဲ့ ဓာတ်မတည့်တဲ့ ကလေးငယ်များကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်မထိုးသင့် ဆုံးဖြတ်သင့်ပါတယ်။
- အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးကို ပထမအကြိမ်ထိုးပြီးလို့ ဓာတ်မတည့်ခဲ့ရင် နောက်တစ်ကြိမ်မထိုးသင့်ပါ။
- နေကောင်းတဲ့ကလေးငယ်များကိုတော့ နေကောင်းပျောက်မှသာ ကာကွယ်ဆေးထိုးပေးပါ။
သားသားမီးမီးလေးတွေ အသည်းအရောင်အသားဝါ(ဘီ)ရောဂါမဖြစ်ပွားဖို့အတွက် မေမေဖေဖေတို့အနေနဲ့ ကာကွယ်ဆေးကို မမေ့မလျော့ထိုးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
From Kalay with