မေမေတို့ မပေါ့ဆသင့်တဲ့ ကလေးငယ်တွေ မကြာခဏစိတ်တိုခြင်း

သားသားမီးမီးလေး အသက်(၃) နှစ်လောက်ရောက်ရင် သူတို့လေးတွေရဲ့ အမူအကျင့်လေးတွေကို သိရပါပြီ။ တချို့ သားသားမီးမီးလေးတွေက အရမ်းစိတ်ကြီးပြီး စိတ်တိုတတ်ကြပါတယ်

နှုတ်ခမ်းလေးတွေစူပြီး စိတ်ကောက်နေတတ်တဲ့ ကလေးငယ်တွေရဲ့ မျက်နှာလေးတွေက ချစ်စရာကောင်းလှပါတယ်။ သားသားမီးမီးလေးတွေကို အချိန်ကြာကြာဂရုမစိုက်မိတာ၊ မကြာခဏ လျစ်လျှူရှူ့တာ၊ အလုပ်မအားတာနဲ့ မောင်နှမတွေများပြီး ဂရုစိုက်မှုမလုံလောက်တာက ကလေးငယ်တွေကို အထီးကျန်စေပါတယ်။ မေမေ့ကလေးလေးက မကြာခဏ နှုတ်ခမ်းစူပြီး စိတ်ကောက်နေတယ်ဆိုရင် သူတို့လေးတွေက အုပ်ထိန်းသူတွေရဲ့ ဂရုစိုက်မှုတွေကို လိုချင်နေတယ်လို့ ပြသတာပါ။

မေမေတို့ရေ သားသားမီးမီးလေး အသက်(၃) နှစ်လောက်ရောက်ရင် သူတို့လေးတွေရဲ့ အမူအကျင့်လေးတွေကို သိရပါပြီ (Photo by PsychologyNow)

မေမေတို့ရေ သားသားမီးမီးလေး အသက်(၃) နှစ်လောက်ရောက်ရင် သူတို့လေးတွေရဲ့ အမူအကျင့်လေးတွေကို သိရပါပြီ။ တချို့ သားသားမီးမီးလေးတွေက အရမ်းစိတ်ကြီးပြီး စိတ်တိုတတ်ကြပါတယ်။ ဒီလိုဖြစ်တဲ့အခါ မေမေတို့ ရိုက်တဲ့နည်းလမ်းနဲ့ပဲ ဖြေရှင်းတတ်ကြပါတယ်။ တခြားနည်းလမ်းလေးတွေ စဉ်းစားကြည့်ပြီး ဆုံးမလို့ ရပါတယ်။

ဂရုစိုက်မှုတွေကို ရယူလိုတဲ့ ကလေးတွေရဲ့ လက္ခဏာများ

  • မိဘတွေရဲ့ ဂရုစိုက်ခြင်းနည်းခဲ့တဲ့ သားသားမီးမီးလေးတွေမှာ မကြာခဏ ဖျားနာတာကို တွေ့ရပါတယ်။
  • မေမေဖေဖေတို့ရဲ့ ဂရုစိုက်ခြင်းကို လိုချင်တာကြောင့် အိမ်သို့မဟုတ် ပြင်ပရောက်တဲ့အခါမှာ ဂျီကျတာနဲ့ ငိုတာတွေ မကြာခဏ ပြုလုပ်လာပါတယ်။
  • ကလေးငယ်အချင်းချင်းကစားတဲ့အခါမှာလည်း တခြားသူတွေကို ထိခိုက်အောင်ပြုမူကြပါတယ်။
  • မိဘနဲ့လည်း အငြင်းအခုန်တွေ ပြုလုပ်ပါတယ်။
  • ပြဿနာရှာတာတွေ မကြာခဏ ပြုလုပ်လာပါတယ်။
  • အလုပ်ရှုပ်ချင်ယောင်ဆောင်ကြပါတယ်။

မေမေဖေဖေတို့ရဲ့ ဂရုစိုက်ခြင်းကို လိုချင်တာကြောင့် အိမ်သို့မဟုတ် ပြင်ပရောက်တဲ့အခါမှာ ဂျီကျတာနဲ့ ငိုတာတွေ မကြာခဏ ပြုလုပ်လာပါတယ် (Photo by Just Real Moms)

သားသားမီးမီးလေးတွေကို ဘယ်လိုဂရုစိုက်ရမလဲ

  • သားသားမီးမီးလေးတွေရဲ့ အပြုအမူတွေကို အာရုံစိုက်ပေးပါ။ မကြာခဏ ပွေ့ဖက်ပေးပါ။ သားသားမီးမီးလေးတွေကို မကြာခဏ ပြုံးပြပေးပါ။
  • ကလေးငယ်တွေ ပြဿနာရှာတဲ့အခါမှာ ဆူငေါက်တာတွေနဲ့ ရိုက်တာတွေကို မပြုလုပ်ဘဲ စိတ်ရှည်ရှည်နဲ့ ဆုံးမပေးဖို့ လိုအပ်ပါတယ်။
  • မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ဂရုစိုက်ဖို့ အချိန်မအားဘူးဆိုရင် ဘာကြောင့် အလှုပ်ရှုပ်နေရတယ်ဆိုတာ နားလည်အောင် ပြောပြပေးထားဖို့ အရေးကြီးပါတယ်။
  • မေမေဖေဖေတို့အနေနဲ့ နေ့တိုင်းအချိန်မပေးနိုင်ရင်တောင် ရုံးပိတ်ရက်နဲ့ အားလပ်ရက်တွေမှာ ကလေးငယ်တွေကို ဂရုစိုက်ပေးပါ။

ကလေးငယ်တွေရဲ့ ထိခိုက်မှုများ

  • အာရုံစူးစိုက်မှု နည်းလာခြင်း
  • အထီးကျန်ခြင်း
  • လျစ်လျှူရှုတတ်လာခြင်း
  • ကျောင်းစာမလိုက်နိုင်ခြင်းနဲ့
  • စိတ်ဒဏ်ရာတွေရလာခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

အကြောင်းအရင်း

မေမေတို့ရေ သားသားမီးမီးလေးတွေ စိတ်တိုပြီး ဒေါသကြီးတတ်တာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကိုတော့ သိထားဖို့ လိုပါတယ်။ ဒါဆိုရင် မေမေတို့ ဖြေရှင်းရလွယ်မှာပါ။ မေမေတို့ရဲ့ သားသားမီးမီးလေးတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အဆင်ပြေရဲ့လားဆိုတာ သတိထားပါ။ မေမေတို့ရဲ့ သားသားမီးမီးလေးမှာ စိတ်ကစဥ့်ကလျားရောဂါ ရှိမရှိ သတိထားကြည့်ပါ။ ဒီလိုရောဂါ ရှိတဲ့ကလေးတွေဟာာ ပတ်ဝန်းကျင်ကို သံသယထားနေတတ်ပြီး ကြောက်စိတ်ကြောင့် ဒေါသ ဖြစ်လာစေနိုင်ပါတယ်။

မိဘတွေရဲ့ ဂရုစိုက်ခြင်းနည်းခဲ့တဲ့ သားသားမီးမီးလေးတွေမှာ မကြာခဏ ဖျားနာတာကို တွေ့ရပါတယ် (Photo by Verywell Family)

ဖြေရှင်းဖို့ နည်းလမ်းများ

မေမေတို့ရဲ့ သားသားမီးမီးလေးတွေ သူငယ်ချင်းနဲ့ ဆော့နေရင်း ပစ္စည်းတွေ လွှင့်ပစ်တာ၊ ဒေါသတကြီး အော်ဟစ်ပြောဆိုတာဟာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်းအရာပါ။ မေမေတို့ရဲ့ စည်းကမ်းတွေကို ဒီလိုအချိန်မှာ မလျှော့ပေါ့သင့်ပါဘူး။ ရိုက်တာမျိုး မဟုတ်ဘဲ ပြေလည်အောင် ဖြေရှင်းပေးတာ၊ ဆုံးမပေးတာတွေ မလုပ်ပေးဘူးဆိုရင် ကစားနေချိန်မှာ ဒီလိုသောင်းကျန်းလို့ ရကြောင်း တွေးထင်သွားနိုင်ပါတယ်။ သားသားမီးမီးလေးက ဆော့ကစားနေစဉ်မှာ တခြားကလေးရဲ့ အရုပ်ကို ကိုင်ပေါက်တာတွေ၊ ဖျက်ဆီးတာတွေ လုပ်တယ်ဆိုရင်လည်း မေမေတို့က ကိုယ့်ရဲ့သားသားမီးမီးလေး နိုင်လာတယ်လို့ မတွေးပါနဲ့။ ပစ္စည်းတွေ ပြန်ကောက်ဖို့ ဒါမှမဟုတ် နေရာတကျ ပြန်ထားဖို့ ဆုံးမပါ။ အပြစ်ပေးတာမျိုး မဟုတ်ဘဲ သူများပစ္စည်းကို ပျက်စီးအောင် မလုပ်ရဘူး၊ အော်ဟစ်ပြီး စိတ်တိုတာမျိုး မလုပ်ရဘူးဆိုတာ ပြောပြပါ။

မေမေတို့ရဲ့ သားသားမီးမီးလေး စိတ်တိုနေပြီ၊ ဒေါသတွေထွက်နေပြီး အခြားကလေးတွေကို ထိခိုက်စေမယ်ဆိုရင် ကလေးကို တခြားကလေးနဲ့ ဝေးရာ ခေါ်သွားလိုက်ပါ။ စိတ်ပြေသွားအောင် ကူညီပေးသင့်ပြီး လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ထားသင့်ပါတယ်။ ဒီလိုအခြေအနေတွေကနေ ကလေးကို ဖယ်ထုတ်လိုက်ခြင်းဟာ သူတို့ရဲ့ ဒေါသကြောင့် အခြားကလေးတွေနဲ့ ဆော့တဲ့အချိန်တွေကို သတိရစေပြီး နားလည်မှာဖြစ်ပါတယ်။

 

 

 

 

 

From Kalay with