ကလေးတွေရဲ့ဝမ်းပျက်ဝမ်းလျော ရောဂါကို အမြန် သက်သာစေမယ့် နည်းလမ်းတွေ

ဝမ်းပျက်ဝမ်းလျောရောဂါဆိုတာ မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတစ်မျိုးပါပဲ

အခုလိုမိုးရာသီမှာဆိုရင် အဖြစ်များတဲ့ရောဂါတွေထဲမှာ ၀မ်းပျက် ၀မ်းလျောရောဂါဟာလည်း တစ်ခုအပါ အ၀င်ပါပဲ။ မိုးရာသီဖြစ် တာကြောင့် ပတ်ဝန်းကျင်က စိုထိုင်းဆများ၊ အင်းဆက်တွေ ပေါက်ဖွားလွယ်ပြီး  လက်မသန့်တာတွေကြောင့် ၀မ်းပျက် ၀မ်းလျှောရောဂါ အဖြစ်များပါတယ်။ ၀မ်းပျက်ဝမ်းလျှောရောဂါဟာ ကုသရ ခက်တဲ့ရောဂါ မဟုတ်ပေမယ့် ပေါ့ဆသင့်တဲ့ ရောဂါ လည်း မဟုတ်ပါဘူး။ မေမေတို့အနေနဲ့ ရင်သွေးငယ်လေးတွေ ၀မ်းပျက်ဝမ်းလျောဖြစ်ပြီဆိုရင် ပြုလုပ်သင့်တဲ့အချက်လေးတွေကို ပြောပြပေးမယ်နော်။

ရေဓာတ်ဖြည့်ပါ။ ၀မ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်အများအပြား ဆုံးရှုံးရတာမို့ ရေဓာတ်ကို မဖြစ်မနေ ပြန်ဖြည့်ပါ။ ရေကျက်အေး ဒါမှမဟုတ် ဓာတ်ဆားရည်ကို တစ်နေ့ (၂) လီတာ လောက်သောက်ပေးသင့်ပါတယ်။

လက်ကိုသန့်ရှင်းအောင်ထားပါ။ ဒီအချိန်မှာ လက်သန့်ဖို့က အရာအားလုံးထက် ပိုအရေးကြီးပါတယ်။ အပြင်ထွက်ပြီး ပြန်လာ တဲ့အခါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတဲ့အခါ၊ သန့်စင်ခန်းက ပြန်လာ တဲ့ အခါ တိုင်းမှာ လက်ကိုစင်ကြယ်အောင်ဆေးပြီးမှ ကျန်တဲ့ အရာများကို ထိတွေ့ကိုင်တွယ်ခွင့်ပြုပါ။

 

ပန်းသီးရှာလကာရည်သောက်ပါ။ ရှာလကာရည်တိုင်းဟာ ၀မ်းပျက်တာကိုပိုပြီးမဆိုးစေပါဘူး။ ပန်းသီးရှာလကာရည်က ၀မ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင် တာကြောင့် ရေရောပြီးတစ်ခွက်လောက် သောက်ပေးရုံနဲ့ ၀မ်းပျက်တာကို သက်သာစေပါလိမ့်မယ်။

အထက်ကပြောခဲ့တဲ့အချက်တွေဟာ ဆောင်ရန်ဖြစ်ပြီး ရှောင်ရန် အနေနဲ့ကတော့ လက်လုပ်ချဉ်တွေ၊ အသုပ်တွေ၊ နို့နဲ့ နို့ပါတဲ့ အစားအစာတွေ၊ အရည်ရွှမ်းတဲ့ အသီးတွေကို မစားသင့်ပါဘူး။ နောက်ထပ် အရေးကြီးဆုံးအချက်တစ်ခုကတော့ ဆရာဝန် ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာမျိုး မလုပ်ပါနဲ့။