အောက်ပိုင်းသေနေသော ဖခင်ကို လုပ်ကျွေးနေသော online cele အသက် ၆ နှစ်အရွယ် သမီးလေး

တရုတ်ပြည်မှ Tian Haicheng ဆိုသူအမျိုးသား ဟာ ကား မတော်တဆမှု ကြောင့် အောက်ပိုင်းသေ သွားခဲ့သူဖြစ်ပါတယ်။
 အသက် ၆ နှစ် အရွယ် သမီးလေး Jia Jia ဟာ သူ့ အဖွားနဲ့  အသက် ၃၉ နှစ် ရှိ အောက်ပိုင်းသေးနေသူ  သူ့ အဖေ ကို နှစ်ဦးစလုံးကို ကျောင်းတက်ရင်း စောင့်ရှောက်နေ သူဖြစ်ပါသည်။
ဖခင် ဟာ ၂၀၁၆ ခုနှစ် မတ်လ မှာ ကားတိုက်မှုမှာ ပြင်းထန်စွာ ဒဏ်ရာ၇ကာ အကြောများ
သေသွားခဲ့ပါသည်။
 သူမ ဟာ မိခင် မိသားစုကို ထား၇စ်သွားခဲ့တာကြောင့် အသက် ၄ နှစ် အရွယ် က စပြီး အခုလို
အဖွားနှင့် အဖေကို တာဝန်ယူ စောင့်ရှောက်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။  မနက်တိုင်း ကျောင်းမသွားခင် ဖခင် မနိုးခင် အိပ်ရာမှ ထကာ ဖခင် အတွက်
ကျောင်းမသွားခင်ပြင်ဆင်ပေးသင့်တာများကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ ဖခင် အိပ်ယာမှ နိုးသောအခါ နာရီဝက်ခန့် နှိပ်ပေးကာ မျက်နှာ သစ်ပေးခြင်း
သွားတိုက် ပေးခြင်းများကို နေ့ စဉ် ဆောင်ရွက်ပါသည်။
 အခု အချိန်မှာတော့ သူမ ဟာ အင်တာနက် မှာ လူ သိများထင်ရှားသူ Cele တစ်ဦးဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ သူမ video များကို အမြဲစောင့်ကြည့်ရှုသူ follower ပေါင်း ၄သိန်းခွဲ ရှိသူတစ်ဦး ဖြစ်ပါသည်။
 သူမဟာ မိသားစုကို ဦးဆောင် အလင်းပေးနေသူ လို့ လည်း ပြောနိုင်ပါတယ်။
 မိသားစု ၀င်ငွေရရှိရန် သူမ နေ့ စဉ်အခက်အခဲများကို live streaming ဖြင့်ပြသပြီး  ၀င်ငွေရှာ ပါသည်။
 တစ်လကို ပျမ်းမျှ တရုတ်ငွေ ယွန် ၄ ထောင်  အမေရိကန် ဒေါ်လာ ၆၀၀ နီးပါး ရှိသည့် အင်တာနက်ဝင်ငွေ ကို ရှာဖွေ ကာ မိသားစု စားဝတ်နေရေးကို
ဖြည့်ဆည်းရင်း ကြိုးစား ရုန်းကန် သူလေး ဖြစ်ပါသည်။ သူမမှာ မိခင်ကိုတော့ သူတို့ ကို ထားခဲ့လို လွမ်းဆွတ်ခြင်း မရှိတော့ပါဘူးလို့ ဆိုပါသည်။