ကလေးငယ်နဲ့ အရေပြားယားယံခြင်းပြဿနာ

မေမေဖေဖေတို့မှာပဲ ဝက်ခြံထွက်တာမဟုတ်ပါဘူး။ သားသားမီးမီးလေးတွေမှာလည်း ဝက်ခြံထွက်ပါတယ်။ လူကြီးတွေမှာဖြစ်တဲ့ ပုံစံတော့မျိုးတော့မဟုတ်ပါဘူး။

 အရေပြားယားယံတာက မေမေဖေဖေတို့မှာပဲ ကြုံတွေ့ရတာမဟုတ်ပါဘူး။ သားသားမီးမီးလေးတွေမှာလည်း အရေပြားယားယံတာတွေ ကြုံတွေ့ရပါတယ်။ သားသားမီးမီးလေးတွေ အရေပြားယံယားနိုင်တဲ့ အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ မွေးခါစသားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်မှာ အင်ပြင်ပုံစံမျိုး အကွက်တွေရှိနေတာကို မေမေတို့သတိထားမိမှာပါ။ အဲဒီအကွက်တွေက သားသားမီးမီးလေးတွေကို ယားယံစေပါတယ်။ သားသားမီးမီးလေးတွေ ယားယံစေတဲ့ပြဿနာတွေ ကြုံတွေ့ရတယ်ဆိုရင် မေမေဖေဖေတို့ စိတ်မလောဘဲ သေသေချာချာကုသပေးပါ။

သားသားမီးမီးလေးတွေမှာလည်း အရေပြားယားယံတာကို ကြုံတွေ့ရပါတယ် (Photo by The Skin Specialists & Laser Clinic)

သားသားမီးမီးလေးတွေကို ယားယံစေတဲ့ ပြဿနာတွေက

သားသားမီးမီးလေးတွေရဲ့ ယားယံခြင်းအများစုက ခန္ဓာကိုယ်မှာ အဖုတွေထွက်ခြင်းကြောင့်ပါ။ အဖုတွေက ပုံစံအမျိုးမျိုးနဲ့  ဖြစ်လာနိုင်ပါတယ်။ အဖုသေးသေးလေးတွေကစပြီး အဖုကြီးကြီးတွေအထိ ပေါက်နိုင်ပါတယ်။ အဲဒီအဖုတွေကို ပျောက်ကင်းအောင် သေသေချာချာဂရုစိုက်ပေးပါ။

၁။ ဝက်ခြံ

မေမေဖေဖေတို့မှာပဲ ဝက်ခြံထွက်တာမဟုတ်ပါဘူး။ သားသားမီးမီးလေးတွေမှာလည်း ဝက်ခြံထွက်ပါတယ်။ အသားအရေပေါ်မှာ နီမြန်းတဲ့အဖုလေးတွေက ဝက်ခြံတွေပါပဲ။ လူကြီးတွေမှာဖြစ်တဲ့ ပုံစံတော့မျိုးတော့မဟုတ်ပါဘူး။ သားသားမီးမီးလေးတွေမှာလည်း ဆားဝက်ခြံတွေရှိပါသေးတယ်။ သန္ဓေသားဘဝမှာတုန်းက မေမေတို့ရဲ့ ဟော်မုန်းအပြောင်းအလဲတွေကို ထိတွေ့ရခဲ့ခြင်းကြောင့်လို့ ပြောနိုင်ပါတယ်။ မိခင်နို့တိုက်နေတဲ့ သားသားမီးမီးလေးတွေမှာလည်း မေမေတို့ရဲ့ဟော်မုန်းအပြောင်းအလဲကြောင့် ဒီလိုတွေပေါက်လာနိုင်ပါတယ်။

၂။ အရေပြားခြောက်သွေ့ခြင်း၊ ကွာကျခြင်း

မွေးကင်းစ သားသားမီးမီးလေးတွေမှာ အရေပြားကွာကျတာနဲ့ ခြောက်သွေ့တာတွေ မကြာခဏ ကြုံတွေ့ရနိုင်ပါတယ်။ အရေပြားနီးမြန်းနေတယ်ဆိုရင်တော့ သားသားမီးမီးလေးတွေရဲ့ အရေပြားခြောက်သွေ့နေပြီဆိုတာ သိနိုင်ပါတယ်။ အသားအရေအမျိုးအစားနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အရေပြားခြောက်တာနဲ့ ကွာကျတာတွေ ဖြစ်လာနိုင်ပါတယ်။

အရေပြားနီးမြန်းနေတယ်ဆိုရင်တော့ သားသားမီးမီးလေးတွေရဲ့ အရေပြားခြောက်သွေ့နေပြီဆိုတာ သိနိုင်ပါတယ် (Photo by MUSTELA)

၃။ Milia (အဆီဖု)

Milia ဆိုတာက သားသားမီးမီးလေးတွေရဲ့ အသားအရေပေါ်မှာ အဆီဖုလေးတွေကို ခေါ်တာပါ။ သားသားမီးမီးလေးတွေရဲ့ အသားအရေအတွင်းပိုင်းမှာ ဂလင်းတွေ ပိတ်ဆို့နေတာကြောင့် ဒီအဖုတွေထွက်လာတာပါ။ ဒီအဖုတွေက ရက်သတ္တပတ်အနည်းငယ်ကြာရင် သူအလိုလိုပျောက်သွားတာကြောင့် မေမေဖေဖေတို့ စိုးရိမ်စရာမလိုပါဘူး။

၎။ အရေပြားမထိခိုက်စေဖို့အတွက် ရေကျောက်ရောဂါကို ဂရုစိုက်ရပါမယ်

ရေကျောက်ရောဂါဆိုတာ အလွယ်တကူ ကူးစက်ပျံ့ပွါးနိုင်တဲ့ ကူးစက်ရောဂါ တမျိုးဖြစ်ပါတယ်။ ကလေးအများစုဟာ တချိန်ချိန်မှာတော့ ရေကျောက်ပေါက်ဖူးကြမှာပါ။ ရေကျောက်ပေါက်တဲ့အခါမှာ မျက်နှာ၊ နားနဲ့ ရင်ဘတ်တွေမှာ အနီရောင်အစက်လေးတွေ စတင်ဖြစ်ပေါ်လာမှာ ဖြစ်ပြီး အနီစက်လေးတွေကနေ အရည်ကြည်ဖုအဖြစ် ပြောင်းလာမှာပါ။ အဖုလေးတွေ ပေါက်သွားရင် အဖတ်ဖြစ်ပါပြီ။ ဒီအချိန်မှာ အရေပြားပေါ်မှာ အမာရွတ်တွေ ကျန်ရှိနေတတ်ပါတယ်။ ဒါတွေ ကျန်ခဲ့ရင် တော်ရုံပျောက်ဖို့ မလွယ်ပါဘူး။ ဒါဟာ အရေပြားပြဿနာ တစ်မျိုးဖြစ်တာမို့ ရေကျောက်ပေါက်တယ်ဆိုရင် အမာရွတ်မကျန်အောင် ဂရုစိုက်ပေးပါ။

အရေပြားမထိခိုက်စေဖို့အတွက် ရေကျောက်ရောဂါကို ဂရုစိုက်ရပါမယ် (Photo: Mummys Market)

၅။ နောက်ထပ်အရေပြား ပြဿနာကတော့ ပွေးပေါက်ခြင်းပါ

ကလေးလေးတွေမှာ ပွေးပေါက်ပြီဆိုရင် အရေပြားပေါ်မှာ အနီရောင်အဝိုင်းပုံစံ အကွက်လေးတွေကို မြင်ရမှာပါ။ ပွေးပေါက်တဲ့ အရေပြားနေရာမှာ ယားတာ၊ရောင်ရမ်းတာ နဲ့ နာကျင်တာတွေ ဖြစ်လာပါလိမ့်မယ်။ လက်မောင်း၊ခြေထောက် ဒါမှမဟုတ် ခန္ဓာကိုယ်ဘယ်နေရာမှာမဆို ပွေးပေါက်နိုင်ပါတယ်။ အကယ်လို့ သားသားမီးမီးလေးရဲ့ ခေါင်းဦးရေပြားမှာ ပေါက်တယ်ဆိုရင် ဆံပင်ကျွတ်တာတွေတောင် ဖြစ်နိုင်ပါတယ်။

၆။ နှင်းခူဟာ နာတာရှည်အရေပြား ရောဂါတမျိုးပါ

နှင်းခူဖြစ်ရင် ကလေးတွေရဲ့ အရေပြားဟာ နီရဲခြောက်သွေ့လာမယ်၊ ယားယံလာမယ် စတဲ့ လက္ခဏာတွေကို တွေ့မြင်ရမှာပါ။ အများဆုံးဖြစ်တတ်တဲ့ နှင်းခူကတော့ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ atopic eczema ပဲ ဖြစ်ပါတယ်။ ဒီနှင်းခူအမျိုးအစားဟာ ကလေး အသက်ကြီးလာတဲ့အထိ ဆက်ဖြစ်နေဦးမှာပါ။ ကြာလာတဲ့အခါ တချို့ကလေးတွေရဲ့ နှင်းခူမှာ ပိုးပါဝင်လာတတ်ပါတယ်။ နှင်းခူဘာလို့ဖြစ်ရတယ်ဆိုတာ အတိအကျမသိရပေမယ့် လေ့လာချက်တွေအရ ဓာတ်မတည့်တာကြောင့် အဓိကဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

သားသားမီးမီးလေးတွေ ပါးစပ်မှာ အနာပေါက်လာပြီး လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ အစက်တွေ ထွက်လာလို့ပဲဖြစ်ပါတယ်။ တင်ပါးနဲ့ ခြေထောက်တို့မှာ အရည်ကြည်ဖုတွေကိုလည်း မြင်နိုင်ပါသေးတယ်။ ဒီရောဂါဟာ ကလေးတွေမှာ အများဆုံး ဖြစ်လေ့ရှိပြီး ရောဂါကူးစက်ခံနေရသူ ချောင်းဆိုးတာ၊နှာချေတာ ဒါမှမဟုတ် အရည်ကြည်ဖုတွေကနေ ထွက်တဲ့ အရည်တွေကို ကိုင်တွယ်မိရာကနေ ရောဂါကူးစက်နိုင်ပါတယ်။ ဒီအရည်ကြည်ဖုတွေ ပေါက်သွားတဲ့အချိန်မှာ အမာရွတ်ကျန်နေခဲ့နိုင်ပါတယ်။

သားသားမီးမီးလေးတွေမှာ အရေပြားယားယံတာတွေ သက်သာစေဖို့အတွက် မေမေဖေဖေတို့က စနစ်တကျဂရုစိုက်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

From Kalay