ဖုန်းပြောတမ်း ကစားတဲ့ ကလေးလေးရဲ့  ရီစရာကောင်းတဲ့ အမူအရာလေး
|



လေးဘက်သွားရွယ် ဒေစီ (Daisy Healy) အမည်ရှိ ၃နှစ်အရွယ် သမီးလေးရဲ့  Youtube Channel
” Crazy Daisy” က အင်တာနက်မှာ လူကြည့်များတဲ့ Youtube Channel လှိုင်းတစ်ခု ဖြစ်ပါသည်။
သူမဟာ အလွန်ချစ်စရာ ကောင်းတဲ့ အမူ အရာ တွေရှိတာဟာ လူတွေကို သူတို့ စိတ်အပန်းပြေ
စေတာကြောင့် ကြည့်ရှုအားပေးမှုများခဲ့ပါသည်။ ယခုနောက်ဆုံးတင်ထားတဲ့ တစ်ဖက်မှာ လူတစ်ယောက်
နဲ့ စကားပြော ကစားနေတာ ကတော့ လူတွေ ရဲ့ အသည်းနှလုံးကို စွဲအယူ နိုင်ဆုံးလို့ သိရပါသည်။ အကြိမ်ပေါင်း ၂၆၀၀၀ ကျော်သည်အထိ ကြည့်ရှုသူများပြားခဲ့ပါသည်။ ဒေစီ ဖခင်အယ်လန် က သတင်းဌာန ကိုပြောပြရာမှာ တော့ သူမရဲ့ စိတ်ကူးယဉ် စကားပြောရင်း ကစားတာက သူမရဲ့ုအမြဲ ကစားလေ့ရှိတဲ့ ကစား
နည်း တစ်ခု ဖြစ်ပြီး သူမ ဖန်တီးထားတဲ့ သူငယ်ချင်း နန နှင့် မောင်နှမ၀မ်းကွဲ ဟူဂိုလေးတို့ နဲ့ စကား ပြော နေ
လေ့ရှိတယ်လို့ သိရပါသည်။ သူမရဲ့ ဗွီဒီယို လိုင်း ထုတ်လွှင့်မှုကို Instagram လူမှုကွန်ယက်မှာ လည်း ပြုလုပ်
လေ့ရှိပါသည်။ သူမရဲ့  ဗွီဒီယိုဖိုင်များဟာ မိသားစု နှင့် မိတ်ဆွေများခြားမှာ စတင် ပြီး လူသိများလာခဲ့ပါသည်။
သူမ ဗွီဒီယို တင်မျှကို အမြဲ စောင့်ကြည့်အားပေးနေသူ များစွာလည်း ရှိတယ်လို့ သိရပါသည်။ ဒေစီရဲ့ မောင်နှမ ၀မ်းကွဲများဟာ အနုပညာကျောင်း တွေ လေ့လာ နေသူများဖြစ်ပြီး သူမလည်းပဲ အဲ့ဒီ ပညာပိုင်းကို လိုက်စားမလားလို့  မသိနိုင်ဘူးလို့ ပြောပါတယ် ဒါပေမယ့်လည်း မိဘ များက သူမကို ဘာကို လေ့လာလိုက်စား လုပ်ရမည်ဆိုပြီး တိုင်တွန်းမည် မဟုတ်ပဲ သူမ ၀ါသနာ ပါရာကို လေ့လာ လိုက်စား စေမယ်လို့ သိရပါသည်။